• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံနိုင်ငံမှမီဒီယာများ၏တွေ့ဆုံမေးမြန်းမှုကို ဝန်ကြီးချုပ်လီခေ့ချန်လက်ခံဖြေကြား

(GMT+08:00) 2013-10-09 16:42:17

မေး။ မျက်မှောက်ကာလမှာ တရုတ်ပြည်ရဲ့ စီးပွါးရေး ဖွံ့ဖြိုးမှုဟာ နိုင်ငံအသီးသီးတို့ရဲ့ အာရုံစူးစိုက်ရာ ဖြစ်နေပါတယ်။ လူကြီးမင်းက တရုတ်ပြည်ရဲ့ စီးပွါးရေး အခြေအနေနဲ့ အာဆီယံ၊ အရှေ့အာရှနိုင်ငံများအပေါ် ဂယက်ရိုက်ခတ်မှုအကြောင်းတွေကို ရှင်းလင်း ပြောပြပေးပါ။

ဖြေ။ မျက်မှောက်ကာလမှာ ကမ္ဘာ့စီးပွါးရေး နာလန်ပြန်ထူရေး ဖြစ်စဉ်မှာ အခက်အခဲ များပြားပြီး အာရှ စီးပွါးရေးမှာလည်း မသေချာဖွယ်ရာ အသင့်အတင့် များနေပါတယ်။ ရှုပ်ထွေးတဲ့ ပြည်တွင်းပြည်ပ အခြေအနေနဲ့ စီးပွါးရေး တိုးတက်မှု ကျဆင်းဖွယ်ရာ ဆိုင်ရာ ဖိအားကို ရင်ဆိုင်လျက် တရုတ်အစိုးရဟာ ဆင်ခြင်လုပ်ဆောင်ပြီး၊ မက္ကရိုစီးပွါးရေး မူဝါဒ တည်ငြိမ်အောင်နဲ့ ဆန်းသစ်လာအောင် လုပ်ဆောင်ပါတယ်။ တစ်ဖက်မှာ လိုငွေပြမှု မတိုးချဲ့ဘဲ လုပ်ဆောင်ပြီး သိပ်လည်း မချောင်လည် သိပ်လည်း မတင်းကျပ်တဲ့ ငွေကြေးမူဝါဒကို ကျင့်သုံးပါတယ်။ တစ်ဖက်မှာ အထွေထွေ မူဝါဒနဲ့ နည်းလမ်းများကို ကျင့်သုံးပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို အစွမ်းကုန် တွန်းအားပေးပါတယ်။ ဈေးကွက် ရှင်သန်မှုကို တွန်းအားပေးပြီး စီးပွါးရေး ဖွဲ့စည်းပုံကို ပြုပြင်ကာ အခွင့်ကောင်းကိုယူ၍ စီးပွါးရေး ဖွဲ့စည်းပုံ အဆင့်မြှင့်တင်ရေးကို အားဖြည့်ဆောင်ရွက်ပါတယ်။ အဲဒီဆောင်ရွက်မှုတွေဟာ စီးပွါးရေး မှန်မှန် တိုးတက်စေရေးဆိုင်ရာ ရည်မှန်းချက်တွေနဲ့ တူညီတာ ဖြစ်ပြီး စီးပွါးရေး မှန်မှန် လည်ပတ်မှုကို ထိရောက်စွာ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ တရုတ်ပြည် ဂျီဒီပီဟာ ၇့ ၆ ရာခိုင်နှုန်း တိုးတက်လာပြီး အလုပ်အကိုင် နေရာချထားမှုနှုန်းနဲ့ ကုန်ဈေးနှုန်း အထွေထွေအခြေအနေ တည်ငြိမ်ပါတယ်။ ဇူလိုင်လကစပြီး အဓိက စီးပွါးရေး ဆိုင်ရာ ကိန်းညွှန်းများ ပြန်လည် တိုးတက်လာပြီး စီးပွါးရေးလုပ်ငန်းများ ရှင်သန်၍ ဈေးကွက် ယုံကြည်စိတ် တိုးလာကာ တရုတ်ပြည်စီးပွါးရေးဟာ မှန်မှန် တိုးတက်လာတဲ့ အရှိန် ပေါ်လာပါတယ်။

တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကမ္ဘာကြီးနဲ့ ရင်းနှီးစွာ ဆက်စပ်နေပါတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း တရုတ်ပြည် စီးပွါးရေးဟာ တံခါးဖွင့်ရေးလုပ်ငန်းမှ အကျိုးစီးပွါး များစွာ ရရှိပြီး တရုတ်ပြည်ရဲ့ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းဟာ အရှေ့အာရှနဲ့ ကမ္ဘာ့ကြီးအတွက် များစွာ အကျိုးဆောင်ခဲ့ပါတယ်။ နောင်မှာ တရုတ်နိုင်ငံမှာ စက်မှုလုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ အမျိုးအစားသစ် မြို့ပြတည်ဆောက်ရေးလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေး ခေတ်မီရေး လုပ်ငန်းများကို တပြိုင်တည်း တွန်းအားပေး ဆောင်ရွက်မယ့် တစ်ချိန်တည်းမှာ ခြွင်းချက်ဖြင့် စီးပွါးရေး ရေရှည် ဆက်တိုက် ပုံမှန် တိုးတက်ရေးကို ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးရဲ့ အကျိုးစီးပွါး၊ ဈေးကွက် ကိန်းအောင်းစွမ်းအားနဲ့ ဆန်းသစ်တီထွင်ရေးဆိုင်ရာ ရှင်သန်မှုများ ဆက်တိုက် တိုးမြင့်သွားမယ်။ လာမယ့် ငါးနှစ် အတွင်း တရုတ်ပြည် သွင်းကုန်ပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁ သောင်း ရှိမှာ ဖြစ်ပြီး ပြည်ပမှာ ငွေရင်းမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ကျော် ရှိကာ ပြည်ပသို့ သွားရောက် ခရီးသွားကြတဲ့ ခရီးသည်ဦးရေဟာ သန်း ၄၀၀ ရှိမယ်လို့ ခန့်မှန်း ရပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံနဲ့ အရှေ့အာရှ နိုင်ငံများနဲ့အတူ အဲဒီ ကြီးမားတဲ့ အခွင့်ကောင်းကို မျှဝေခံစားပြီး အာဆီယံနဲ့ အရှေ့အာရှ အပါအဝင် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုများပြားစွာ အကျိုးပြု စွမ်းဆောင် လိုပါတယ်။ နိုင်ငံအသီးသီးတို့ အနေနဲ့ ယင်းအထဲတွင် ပါဝင်ဆင်နွှဲပြီး ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အတွက် ပိုမို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်။


1 2 3 4 5
   Webradio
• NPC နှင့် CPPCC အစည်းအဝေးများသို့တက်ရောက်ခဲ့သည့် မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်တွေ့ဆုံမေးမြန်းမှု(ဗီဒီယို)
• NPC&CPPCC အပေါ် မြန်မာသံအမတ်ကြီးရဲ့အမြင် (ဗီဒီယို)
• ၂၀၁၈၊ တရုတ်ရုပ်ရှင်ကား လာပြီဟေ့
အပြည့်အစုံသို့>>