• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံနိုင်ငံမှမီဒီယာများ၏တွေ့ဆုံမေးမြန်းမှုကို ဝန်ကြီးချုပ်လီခေ့ချန်လက်ခံဖြေကြား

(GMT+08:00) 2013-10-09 16:42:17

မေး။ ဒီနှစ်ဟာ တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ထားရှိ ခဲ့တဲ့ နှစ် ၁၀ ပြည့်မြောက်နှစ် ဖြစ်ပြီး၊  လူကြီးမင်း အနေနဲ့ ၁၀ နှစ်အတွင်း နှစ်ဖက် ဆက်ဆံမှုမှာ ရရှိတဲ့ အောင်မြင်မှုများအပေါ် ဘယ်လိုဝေဖန်လိုပါသလဲ။ တရုတ်-အာဆီယံ ဆက်ဆံမှုဟာ နှစ်ဖက်အတွက် ဘာထိရောက်တဲ့ အကျိုးစီးပွါးများ ဆောင်ကျဉ်းလာပါသလဲ။

ဖြေ။ ဟုတ်ပါတယ်၊ ဒီနှစ်ဟာ တရုတ်နဲ့ အာဆီယံတို့ ထောမနာ ပြုသင့်ပြုထိုက်တဲ့ နှစ် တစ်နှစ်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းက တရုတ်နိုင်ငံဟာ ပထမဦးစွာ အရှေ့တောင်အာရှ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်မှာ ပါဝင်ပြီး အာဆီယံနဲ့ ငြိမ်းချမ်းရေးနဲ့ စည်ပင်သာယာရေးကို ရှေးရှုတဲ့ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို ထားရှိခဲ့ပါတယ်။ အဲဒါဟာ တရုတ်နိုင်ငံက ပထမဆုံးအကြိမ် အဖြစ်နဲ့ ဒေသတွင်း နိုင်ငံများအဖွဲ့အစည်းနဲ့ နိုင်ငံတကာ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု ထားရှိုခြင်း ဖြစ်ပြီး တရုတ်ပြည်ရဲ့ သံတမန်ရေးရာမှာ အာဆီယံရဲ့ အရေးကြီး အဆင့်နေရာကို ပြသနေပါတယ်။ အဲဒီနှစ် ၁၀ အတွင်း နိုင်ငံတကာအခြေအနေ လေးနက်စွာ ပြောင်းလဲပြီး ကမ္ဘာ့စီးပွါးရေး ပြောင်းလဲ တိုးတက်ကာ တရုတ်နဲ့ အာဆီယံတို့ဟာ အခွင့်အလမ်းများကို အသုံးပြု၍ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ရေစီးကြောင်းနဲ့အညီ ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်တာ ရွှေကာလကို ဖန်တီးနိုင်ခဲ့ပါတယ်။

၁၀ နှစ်အတွင်း တရုတ်နဲ့ အာဆီယံတို့ဟာ မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပခြင်းကို စွဲကိုင်ပြီး၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို အဆက်မပြတ် တွန်းအားပေးကာ၊ အရေးကြီး နိုင်ငံတကာနဲ့ ဒေသရေးရာ တော်တော်များများမှာ အပြန်အလှန် နားလည်မှုနဲ့ အားပေးထောက်ခံမှုကို တွန်းအားပေးခဲ့ပါတယ်။ ၁၀ နှစ်အတွင်း တရုတ်နဲ့ အာဆီယံတို့ဟာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တွန်းအားပေးပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးသော ဖွံ့ဖြိုးဆဲနိုင်ငံများ လွတ်လပ်စွာကုန်သွယ်ရေးဇုန်ကို တည်ထောင်လာခဲ့ ပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်ပြီး အာဆီယံဟာ တရုတ်ရဲ့ တတိယအကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က နှစ်ဖက်အကြား ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ ကျော် ရှိပြီး ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းက ပမာဏရဲ့ ၅ ဆ ဖြစ်ပါတယ်။ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ရှိပြီး ၁၀ နှစ်တုန်းက ပမာဏရဲ့ ၃ ဆ ဖြစ်ပါတယ်။ ၁၀ နှစ်အတွင်း တရုတ်နဲ့ အာဆီယံအကြား လူမှုရေး၊ ယဉ်ကျေးမှုနဲ့ အရပ်ဘက် ကူးလူးဖလှယ်မှု တိုးမြင့်လာပြီး ပြီးခဲ့တဲ့နှစ်က နှစ်ဖက်အကြား ကူးလူးဖလှယ်သူ ဦးရေ ၁၅ သန်း ရှိပြီး ၁၀ နှစ်တုန်းကပမာဏရဲ့ ၄ ဆ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံသို့ ခရီးသွားတဲ့ ခရီးသည် ဒုတိယ အများဆုံးသော နိုင်ငံ ဖြစ်ပြီး သီတင်းပတ် တစ်ပတ်အတွင်း နှစ်ဖက်အကြား သွားလာတဲ့ လေကြောင်းလိုင်းဟာ ၁၀၀၀ ကျော်လောက် ရှိပါတယ်။ ၁၀ နှစ်အတွင်း တရုတ်နဲ့ အာဆီယံတို့ဟာ တလျှောက်လုံး သွေးစည်းညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ကာ အခက်အခဲများကို လက်တွဲ ကျော်လွှားနိုင်ခဲ့ပါတယ်။ နှစ်ဖက်တို့ဟာ အာရှ ငွေကြေးအကျပ်အတည်းကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တဲ့ အခြေခံပေါ်မှာ နိုင်ငံတကာ ငွေကြေးအကျပ်အတည်းကိုလည်း သင့်တော်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ပါတယ်။ အိန္ဒိယ သမုဒ္ဒရာ ငလျင်ဒီလှိုင်း၊ ဆာ့စ်ရောဂါ၊ ငလျင်တုန်လှုပ်မှု စတဲ့ ဘေးအန္တရာယ်ကြီးများနဲ့ ကူးစက်ရောဂါကြီးများကို ရင်ဆိုင်ဖြေရှင်းရာမှာ အပြန်အလှန် အကူအညီပေးကြပါတယ်။

တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုမှာ ဝမ်းမြောက်ဖွယ်ရာ ကောင်းတဲ့ တိုးတက်မှုများ ရရှိနိုင်ခဲ့တဲ့ သော့ချက်ကျ အကြောင်းရင်းဟာ အဲဒါဟာ နှစ်ဖက်တို့ရဲ့ အရင်းခံ အကျိုးစီးပွါးနဲ့ ကိုက်ညီပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ရှာကြံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေ ဖြစ်စေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က မှန်ကန်တဲ့ ဦးတည်ချက်ကို ဆက်လက် စွဲကိုင်ပြီး၊ အပြန်အလှန် လေးစားခြင်း၊ တန်းတူညီတူ အပြန်အလှန် သဘောထားခြင်း၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရေးနဲ့ အပြန်အလှန် အကျိုးရှိစေရေးမူကို စွဲကိုင်ရင်၊ ကျွန်တော်တို့က ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အစွမ်းကုန် ထိန်းသိမ်းပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို လက်တွဲ တွန်းအားပေး၍ စီးပွါးရေး ဖွံ့ဖြိုးမှုနဲ့ ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်မှုကို ဆက်လက် အားသစ်လောင်းပေးရင်၊ တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုဟာ အလားအလာ ကောင်းမွန်ပြီး နိုင်ငံနဲ့ဒေသ အသီးသီးနဲ့ နိုင်ငံတကာ ပြည်သူပြည်သားများအတွက် အကျိုး ပြုနိုင်မှာ သေချာပါတယ်။


1 2 3 4 5
   Webradio