• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံနိုင်ငံမှမီဒီယာများ၏တွေ့ဆုံမေးမြန်းမှုကို ဝန်ကြီးချုပ်လီခေ့ချန်လက်ခံဖြေကြား

(GMT+08:00) 2013-10-09 16:42:17

မေး။ မကြာခင်က ကျင်းပတဲ့ ၁၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ တရုတ်-အာဆီယံဆက်ဆံမှုဆိုင်ရာ အနာဂတ် ၁၀ နှစ်တာ စိန်ကာလကို တည်ထောင်မယ်လို့ လူကြီးမင်းက ဖေါ်ပြပါတယ်။ လူကြီးမင်းရဲ့ ထင်မြင်ချက်အရ တရုတ်-အာဆီယံ ဆက်ဆံမှုရဲ့ အနာဂတ် တွန်းအားပေးသင့်ဖွယ်ရာနဲ့ တိုးတက်ဖွယ်ရာတွေက ဘာလဲ။

ဖြေ။ အတိတ်ကအကြောင်းကို ပေါင်းရုံးသုံးသပ်ပြီး အနာဂတ်ရေးကို ရှေးရှုကာ တရုတ်နဲ့ အာဆီယံ ဆက်ဆံမှုဟာ သမိုင်းရဲ့ အစပြုရာ အချက်နေရာမှာ တည်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ အတိတ်ကကို ဆက်ခံပြီး အနာဂတ်ရေးကို ဆောင်ရက်ရမှာ ဖြစ်ပါတယ်။ မဟာဗျူဟာအရ ချိုးဖေါက်တိုးတက်မှုသစ်တွေကို ရှာကြံပြီး ပိုမို ရင်းနှီးတဲ့ တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ရမှာ ဖြစ်ပါတယ်။ ၁၀ နှစ်တာ ရွှေကာလ အခြေခံပေါ်မှာ တရုတ်-အာဆီယံ ဆက်ဆံမှု အနာဂတ် ၁၀ နှစ်တာ စိန်ကာလကို တည်ထောင်ပြီး ဒေသတွင်း ပြည်သူများအတွက် ပိုမို များပြားစွာ အကျိုးပြုရမှာ ဖြစ်ပါတယ်။

၁၀ နှစ်တာ စိန်ကာလ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မူဘောင် ရည်မှန်းချက်ကို ဖေါ်ဆောင်လိုရင်၊ နှစ်ဖက်တို့ဟာ အောက်ပါ နယ်ပယ်တွေမှာ တွန်းအားပေးဆောင်ရွက်သင့်တယ်လို့ ကျွန်တော် ခံယူပါတယ်။

၁။ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဆက်ဆံမှု ဖြစ်တဲ့ အဓိကအချက်ကို ခိုင်မာအောင် စွဲကိုင်ခြင်း။ တရုတ်နိုင်ငံဟာ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုရေးကို အာဆီယံနိုင်ငံများနဲ့ တက်ကြွစွာ တိုင်ပင်ဆွေးနွေးလိုပါတယ်။ ဒီလိုနဲ့ နှစ်ဖက်အကြား မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုဆိုင်ရာ နိုင်ငံရေးအခြေခံ ခိုင်မာလာစေနိုင်မယ်။

၂။ လုံခြုံရေးနယ်ပယ်မှာ ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအား ပေးခြင်း။ တရုတ်-အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး စနစ် ပိုမို ပြည့်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ ကြိုတင် ကာကွယ်ရေး၊ အင်တာနက် လုံခြုံရေး၊ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေး၊ ဥပဒေ ပူးတွဲကျင့်သုံးရေး အပါအဝင် သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးနယ်ပယ်တွေမှာ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

၃။ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင်ခြင်း။ ကုန်စည် ကူးသန်းရောင်းဝယ်ရေး၊ ဝန်ဆောင်မှု ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စတဲ့ နယ်ပယ်တွေမှာ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုများ ပြုလုပ်ပြီး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လွတ်လပ်စေရေးနဲ့ အဆင်ပြေစေရေး အဆင့်အတန်းကို တိုးမြှင့်ရမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရောက်တဲ့အခါ ကုန်သွယ်မှု စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ တစ်ထောင် ရှိစေရေး ရည်မှန်းချက် ဖေါ်ဆောင်စေဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

၎။ အပြန်အလှန် ဆက်သွယ်ရေး ထူထောင်မှုလုပ်ငန်းကို တွန်းအားပေးခြင်း။ စော့ဖ်ဝဲယားနဲ့ ဟပ်ဖ်ဝဲယား ဆက်သွယ်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှပ်နှံရေးဘဏ် တည်ဆောက်ဖို့၊ အာဆီယံနိုင်ငံတစ်ချို့ရဲ့ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး အတွက် ငွေကြေးနယ်ပယ်မှာ ဦးစားပေး ငွေရင်း ထောက်ခံမှုပေးဖို့ တရုတ်နိုင်ငံက တိုက်တွန်းပါတယ်။

၅။ ငွေကြေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး အန္တရာယ်သစ်များကို လက်တွဲ ကြိုတင်ကာကွယ်ခြင်း။ နှစ်ဖက်အကြား ငွေကြေးလှဲလှယ်မှု အရေအတွက်ပမာဏနှင့် အတိုင်းအတာတို့ကို တိုးချဲ့ဆောင်ရွက်ပြီး နိုင်ငံဖြတ်ကျော် ကုန်သွယ်ရေး စာရင်းရှင်းစမ်းသပ်ဌာနများကို ပိုမိုထားရှိပေးကာ ဇင်းမယ် ကမ်းလှမ်းချက်ပါ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ရမှာ ဖြစ်ပါတယ်။

၆။ ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို အားဖြည့်ဆောင်ရွက်ခြင်း။ ပင်လယ်သမုဒ္ဒရာစီးပွားရေး၊ ပင်လယ်ပြင် အပြန်အလှန်ဆက်သွယ်ရေး၊ ပင်လယ်ပြင် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ သိပ္ပံနှင်နည်းပညာ သုတေသနပြုရေးနှင့် ပင်လယ်ပြင် ရှာဖွေ ကယ်ဆယ်ရေး အပါအဝင် ကဏ္ဍများစွာမှာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေး ဆောင်ရွက်ပြီး ၂၁-ရာစု"ပင်လယ်ပြင်ပိုးလမ်းမကြီး"ကိုလက်တွဲတည်ဆောက်ရမှာ ဖြစ်ပါတယ်။

၇။ လူမှုရေး ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများကို ပိုမို ရင်းနှီးလာအောင် အားသစ်လောင်းပေး ခြင်း။ ယဉ်ကျေးမှု၊ ပညာရေး၊ လူငယ်လူရွယ်၊ သိတတ်ပညာရှင်နှင့် မီဒီယာနယ်ပယ် များမှ ကူးလူးဖလှယ်မှုကို မြှင့်တင်ပေးဖို့အတွက် နှစ်ဦးနှစ်ဖက်တို့ဟာ "တရုတ်-အာဆီယံ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစီမံချက်"ကို အတူ ရေးဆွဲချမှတ်ရမှာ ဖြစ်ပါတယ်။ မကြာမီရက်များအတွင်း ကျွန်တော်က အရှေ့အာရှ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ဖို့ ဘရူနိုင်းနိုင်ငံသို့ထွက်ခွာသွားမယ်။ အဲဒါဟာ ကျွန်တော့်အနေနဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လာခဲ့တဲ့နောက်ပိုင်း အာဆီယံနိုင်ငံများသို့ ပထမဦးဆုံး အကြိမ် ခရီးစဉ်ဖြစ်ပါတယ်။ တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု မြှင့်တင်ပေးနိုင်မယ့် သဘောတူညီချက်သစ် ရှာကြံဖို့ အတွက် ကျွန်တော်က နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနဲ့ အတူအရေးထားဂရုစိုက်ကြတဲ့ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ပြီး၊ အထူးသဖြင့် အထက်ဖေါ်ပြပါ အချက် ၇ချက် အပေါ်  ဘက်အသီးသီးတို့ရဲ့ သဘောထား ထင်မြင်ချက်ကို အလေးထား နားဆင်ဖို့ မျှော်လင့်ပါတယ်။


1 2 3 4 5
   Webradio