• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံနိုင်ငံမှမီဒီယာများ၏တွေ့ဆုံမေးမြန်းမှုကို ဝန်ကြီးချုပ်လီခေ့ချန်လက်ခံဖြေကြား

(GMT+08:00) 2013-10-09 16:42:17

မေး။ တရုတ်ပြည် စီးပွားရေး အဆက်မပြတ် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်အင်အား တစ်နေ့ထက်တစ်နေ့ တောင့်တင်းလာတာနဲ့အမျှ တရုတ်ပြည် အင်အားကြီးလာရင် ဗိုလ်ကျလွှမ်းမိုးမယ်လို့ အမ်နီးချင်းနိုင်ငံများက စိုးရိမ်စိတ်တွေဖြစ်ပေါ်ပါလိမ့်မယ်။ ဒါနဲ့ မေးပါရစေ၊ တရုတ်အစိုးရသစ်ရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေး မူဝါဒတွေထဲမှာ အဓိကအချက်က ဘာလဲ၊ အရှေ့အာရှဒေသ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တက် နက်ရှိုင်းလာအောင် ဘယ်လို သဘောထားများရှိပါသလဲ။

ဖြေ။ အခုလိုမေးခွန်းထုတ်တာနားလည်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးသမိုင်းကို ပြန်ကြည့်လိုက်ရင် အင်အားကြီးနိုင်ငံများဗိုလ်ကျတဲ့ သမိုင်းအဖြစ်အပျက် မနည်းပါဘူး။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံများရဲ့စိုးရိမ်မှုကိုကျွန်တော်တို့နားလည်ပါတယ်။ ဘာပဲ ပြောပြော ဘယ်လိုရှုထောင့်ကနေကြည့်ကြည့် တရုတ်ပြည်က အာရှတိုက်မှာ နိုင်ငံကြီး တစ် နိုင်ငံ ဖြစ်ပါတယ်။

ဒါပေမယ့်ခေတ်ကမတူတော့ဘူး။ ကမ္ဘာကြီးဟာ၂၁-ရာစု ဝင်ရောက်နေပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ခေတ်ရေစီးကြောင်းဟာ အရင်ကထက် ပိုပြီး ခိုင်မာလာပါတယ်။ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့သလို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပြန်လည်ရှင်သန်ဖွံ့ဖြိုးသွားမှာ ဖြစ်မို့လို့  ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ပြောင်းလဲရန်အကြောင်းမရှိပါ။ ယဉ်ကျေးမှုတန်းဖိုးအမြင်အရဆိုရင်လည်း "ကိုယ်မကြိုက် သည်များကို သူတစ်ပါးအား အတင်းလက်မခံစေသင့်" ဆိုတဲ့ စကားအတိုင်း တရုတ်နိုင်ငံဟာ အာရှနိုင်ငံ တော်တော်များများနဲ့ အတူတူပဲ အနောက်တိုင်းအင်အားကြီးနိုင်ငံများရဲ့ကိုလိုနီ စိုးမိုးမှုနဲ့ ကျူးကျော်မှုများကို အပြည့်အဝ ခံစားခဲ့ဖူးပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့တဲ့ နောက်ပိုင်း တရုတ်နိုင်ငံဟာ ဗိုလ်ကျစိုးမိုးရေးဝါဒ ဆန့်ကျင်ရေးနဲ့ ဗိုလ်ကျမှုနိုင်ငံရေး ဆန့်ကျင်တဲ့ မူဝါဒကို ဦးလည်မသုန် စွဲကိုင် ကျင့်သုံးပါတယ်။ တရုတ်အမျိုးသားမှာ နယ်ချဲ့ဗိုလ်ကျ တဲ့အစဉ်အလာမရှိပါ။ နှစ်ပေါင်းထောင်သောင်းများစွာအတွင်း အိမ်နီးချင်းနဲ့ချစ်ခင်စွာ ယှဉ်တွဲနေထိုင်ကြပြီး သင့်မြတ်ဖေါ်ရွေစွာနဲ့ ဆက်ဆံတဲ့ အယူအဆ၊ ငြိမ်းချမ်းသင့်မြတ်ရေးကိုတန်းဖိုးထား တဲ့အယူအဆ၊ ငြိမ်းချမ်းသင့်မြတ်ပြီးကွာခြားမှု ရှိကြတဲ့အယူအဆတွေ ရှိခဲ့ပါတယ်။ ဒါကလည်း "အိမ်နီးချင်းကောင်း၊ မိတ်ဖက်ကောင်း ချစ်ကြည်ရေးဆက်ဆံမှု" မူဝါဒ ချမှတ်နိုင်ခဲ့တဲ့ သမိုင်းဝင် အခြေခံအုပ်ဖြစ် ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ "နိုင်ငံအင်အား တောင့်တင်းရင် ဗိုလ်ကျစိုးမိုးရမယ်" ဆိုတဲ့လမ်းကြောင်းအတိုင်း သွားမှာ မဟုတ်ဘူး။

အာရှမိသားစုကြီးရဲ့အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ အာရှနိုင်ငံအသီး သီးတို့နဲ့ ကံကြမ္မာချင်း ဆက်နွယ်ထားပါတယ်။ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ တည်ငြိမ် အေးချမ်းတဲ့ ပတ်ဝန်းကျင် တစ်ခု လိုအပ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများနဲ့ ချစ်ကြည်ရေး ဆက်ဆံမှုနဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ကျွန်တော်တို့ဟာ မလျှော့သောဇွဲနဲ့ အဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်မှာဖြစ်ပြီး ပဋိပက္ခများနဲ့ သဘောကွဲလွဲမှုများကို သင့်တော်စွာ စီမံထိန်းချုပ်မှာ ဖြစ်ပါတယ်။ အာဆီယံနဲ့ ဆက်ဆံရေးဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းဆက်ဆံရေးမှာ ဦးစားပေးကဏ္ဍဖြစ်ပါတယ်။ တရုတ်နိုင်ငံက အာဆီယံအဖွဲ့ အင်အားတောင့်တင်လာဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ကို စွဲမြဲစွာ ထောက်ခံမှာ ဖြစ်သလို အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုမှာ အာဆီယံအဖွဲ့ အနေနဲ့ ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ဖို့ကိုလည်း ထောက်ခံအားပေးသင့်မှာဖြစ်ပါတယ်။ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ဒေသတွင်းအတွက်လည်း လက်တွေ့ ကျသော အကျိုးစီးပွားကို ဆောင်ကျဉ်းလာနေပါတယ်။ အခြေအနေ ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ ကျွန်တော်တို့ဟာ အရှေ့အာရှ အေးချမ်းတည်ငြိမ်တဲ့ပတ်ဝန်းကျင်ကို တစိုက်မြတ်မြတ် ထိန်းသိမ်းကာကွယ်ရမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားရေးနှင့်ပြည်သူလူထု နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်စေရေးကို စွဲမြဲစွာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ နိုင်ငံတကာ ငွေကြေးအကျပ်အတည်းရဲ့ နက်ရှိုင်းတဲ့ ဂယက်ရိုက်ခတ်မှုများကို ရင် ဆိုင်ဖြေရှင်းဖို့ အထူးအာရုံပြုရမှာဖြစ်ပြီး ဒေသတွင်း ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး အရှိန်ကို ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဟာ "အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးစိတ်ဓါတ်"ကို စွဲကိုင်ဖို့၊ အာဆီယံမှ ဦးဆောင်ပြီး တညီတညွတ်တည်း ညှိနှိုင်းတိုင်ပင်ကာ ဘီအသီးသီးတို့ရဲ့ ခံစားချက်ကို ထည့်သွင်းးစဉ်းစားတဲ့ ထိရောက်မှုရှိတဲ့ မူများကို စွဲကိုင်ကျင့်သုံးဖို့၊ အရှေ့အာရှ ထူးခြားချက်ရှိတဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးပုံစံ ထွန်းကားလာအောင် ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။ အရှေ့အာရှဒေသ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးမူဘောင်နဲ့ စနစ်များ တပြိုင်တည်း တည်ရှိနေခြင်းဟာ အရှေ့အာရှဒေသမှာ စနစ်မျိုးစုံတည်ရှိနေတဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီပါတယ်။ တရုတ်ပြည်အနေနဲ့ စနစ်အသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားပေးကာ တက်ကြွစွာပါဝင်မှာဖြစ်ပြီး အပြန်အလှန်ဖြည့်စွက်ပေးနိုင်တဲ့ တံခါးဖွင့်ပြီး သက်ညှာထောက်ထားမှုရှိတဲ့ ပူးပေါင်းဆောင်ရွက်ရေး အခြေအနေကို ဖန်တီးပေးဖို့ ကြိုးပမ်း ဆောင်ရွက်မှာဖြစ်ပါတယ်။


1 2 3 4 5
   Webradio