• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံနိုင်ငံမှမီဒီယာများ၏တွေ့ဆုံမေးမြန်းမှုကို ဝန်ကြီးချုပ်လီခေ့ချန်လက်ခံဖြေကြား

(GMT+08:00) 2013-10-09 16:42:17

မေး။ တောင်ပင်လယ်ပြဿနာဟာ တရုတ်-အာဆီယံ ဆက်ဆံမှုအပေါ် ဂယက်ရိုက်ခတ်မှုကို လူကြီးမင်းက ဘယ်လို ထင်မြင်ချက်တွေ ရှိပါသလဲ။

ဖြေ။ တောင်ပင်လယ်နဲ့ပတ်သက်ပြီး တရုတ်နဲ့ အာဆီယံနိုင်ငံများဟာ အကြိမ်ကြိမ် လေးနက်စွာ တိုင်ပင်ဆွေးနွေးခဲ့ပြီး သဘောတူညီမှုတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က အဲဒီ သဘောတူညီမှုတွေကို စွဲကိုင်ပြီး ကျွန်တော်တို့ အတူ ရရှိတဲ့မူကို လိုက်နာရင်၊ တောင်ပင်လယ်ဒေသ ငြိမ်းချမ်းတည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းနိုင်တာပဲ ဖြစ်ပါတယ်။

တောင်ပင်လယ်ပြဿနာရဲ့ အမြုတေကျကိစ္စဟာ နန်ရှား ကျွန်းစုရဲ့ ကျွန်းအစိတ်အပိုင်းရဲ့ အချုပ်အခြာအာဏာပိုင်မှုဆိုင်ရာ အငြင်းပွါးမှုနဲ့ တောင်ပင်လယ်မှ ပင်လယ်နယ်မြေ အစိတ်အပိုင်းရဲ့ အငြင်းပွါးမှု ဖြစ်ပါတယ်။ အဲဒါဟာ သမိုင်းမှ ကျန်ရစ်လာတဲ့ ဖြေရှင်းဖို့ ခက်ခဲတဲ့ ကိစ္စ ဖြစ်ပြီး တရုတ်နဲ့ အာဆီယံနိုင်ငံ တစ်ချို့တို့ရဲ့ နှစ်ဖက်အကြား သဘောကွဲလွဲမှုနဲ့ ဆက်စပ်ပါတယ်။ အရှေ့အာရှ ဒေသမှာ ခေတ်နီးပိုင်းနဲ့ ယခုခေတ် သမိုင်း အကြောင်း ရှုပ်ထွေးပါတယ်။ အထူးသဖြင့် စစ်အေးကာလ ဖြတ်ကူးခဲ့သဖြင့် မနည်းလှတဲ့ မဖြေရှင်းရသေးတဲ့ နယ်မြေဆိုင်ရာ အငြင်းပွါးမှုတွေ တည်ရှိနေပါတယ်။ တရုတ်အစိုးရရဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး လမ်းကြောင်းအတိုင်း တက်လှမ်းဖို့ သန္နိဋ္ဌာန်ဟာ ပြတ်သားပြီး ပြောင်းလဲမှာ မဟုတ်ဘူး။ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှုနဲ့ နယ်မြေ တည်တံ့ ပြည့်စုံမှု ထိန်းသိမ်းကာကွယ်ရေး ဆန္ဒ ပြတ်သားပြီး ပြောင်းလဲမှာ မဟုတ်ဘူး။ အဲဒါကြောင့်ပဲ တရုတ်နိုင်ငံဟာ သက်ဆိုင်ရာနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့နဲ့ ဆွေးနွေးပွဲကို စွဲစွဲမြဲမြဲ ပြုလုပ်ပြီး ဒေသဆိုင်ရာ တည်ငြိမ်မှု ထိန်းသိမ်းရေးဆိုင်ရာ ထိရောက်တဲ့ နည်းလမ်းတွေကို ရှာကြံပါတယ်။ ၂၀၀၂ ခုနှစ်က တရုတ်နဲ့ အာဆီယံနိုင်ငံများဟာ တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့ရဲ့ လုပ်ဆောင်ချက် ကြေညာစာတမ်းကို ချုပ်ဆိုခဲ့ပါတယ်။ အဲဒါဟာ တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အခြေခံ စာတမ်း ဖြစ်ပါတယ်။ ကြေညာစာတမ်းထဲမှာ အရေးကြီးမူများကို ချမှတ်ပါတယ်။ အဲဒီမူများထဲမှာ သက်ဆိုင်ရာ အငြင်းပွါးမှုများကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းခြင်း၊ အငြင်းပွါးမှုများ မဖြေရှင်းခင်မှာ ဘက်အသီးသီးတို့က ကိုယ့်ကိုယ်ကို ချုပ်တည်းပြီး အငြင်းပွါးမှု ရှုပ်ထွေး ပြင်းထန်လာစေနိုင်တဲ့ ဆောင်ရွက်မှုကို မပြုလုပ်ဖို့ ကတိပြုကာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုလည်း ပြုလုပ်ခြင်း စတာတွေ ပါဝင် ပါတယ်။ အဲဒီမူများဟာ အာရှနိုင်ငံများက အငြင်းပွါးမှုတွေကို ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ ဥာဏ်ကောင်းများ ပေါ်လွင်စေပြီး နိုင်ငံအသီးသီးတို့ရဲ့ တူညီတဲ့အကျိုးစီးပွါးနဲ့ အကိုက်ညီဆုံး ဖြစ်ကာ လွန်စွာ ရခက်တာ ဖြစ်ပါတယ်။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ရှင်သန်ရေးနဲ့ စီးပွါးရေး စည်ပင် သာယာရေးအတွက်လည်း မရှိမဖြစ် လိုအပ်တဲ့ အခြေအနေများကို ဖန်တီးပေးနေပါတယ်။ အဲဒီကြေညာစာတမ်းကို လိုက်နာပြီး ထိန်းသိမ်းသင့်ပါတယ်။ တရုတ်နဲ့ အာဆီယံနိုင်ငံတို့ အနေနဲ့ ဆွေးနွေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို စွဲကိုင်ပြီး တောင်ပင်လယ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိထိရောက်ရောက် ထိန်းသိမ်းသင့်ပါတယ်။

ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်အရရော၊ အရှေ့အာရှဒေသရဲ့ အကျိုးစီးပွါးအရပါ၊ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို တလျှောက်လုံး ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်သူပဲ ဖြစ်ပါတယ်။ လုံခြုံတဲ့ ပတ်ဝန်းကျင် မရှိရင် စီးပွါးရေး ဖွံ့ဖြိုးမှုနဲ့ စည်ပင်သာယာမှု ရှိမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ လေးနက်စွာ သိမြင် နေပါတယ်။ တောင်ပင်လယ်ဟာ အရေးကြီး နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေး ဖြတ်လမ်း ဖြစ်ပါတယ်။ ကမ္ဘာ့ ကုန်သွယ်ရေးနိုင်ငံကြီး တစ်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံဟာ နိုင်ငံတကာ ရေကြောင်း ချောမောရေးနဲ့ လုံခြုံရေးကို လွန်စွာ အလေးထားနေပြီး တစ်ချိန်တည်းမှာ တာဝန်လည်း ထမ်းဆောင်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ တောင်ပင်လယ် ရေကြောင်း လွတ်လပ်ရေးကို လွန်စွာ အလေးထားနေပြီး တောင်ပင်လယ်ရဲ့ လုံခြုံရေး အာမခံမှုကိုလည်း လွန်စွာ အလေးထားနေပါတယ်။ အဖြစ်မှန်အတိုင်း ကြည့်ရင် တောင်ပင်လယ်မှာ တည်ရှိတဲ့ နယ်နိမိတ်ဆိုင်ရာ အငြင်းပွါးမှုဟာ နိုင်ငံတကာ ရေကြောင်းအပေါ် ထိခိုက် ဂယက်ရိုက်ခတ်မှုတွေ မရှိဘူး။ တရုတ်နိုင်ငံဟာ ပင်လယ်ပြင် လုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဒေသတွင်း ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တက်ကြွစွာ လှုံ့ဆော်တိုက်တွန်းပြီး၊ ယင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းမှာ ဖြစ်ပါတယ်။


1 2 3 4 5
   Webradio