• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာသံမှူးကြီး ဦးလှိုင်မြင့်ဦးက တရုတ်ပြည်လုံးဆိုင်ရာ ကွန်ဂရက်နဲ့ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည်အစည်းအဝေးနှင့်ပတ်သက်ပြီး စီအာအိုင်သတင်းထောက် မမိုးသူဇာနဲ့ တွေ့ဆုံမေးမြန်းခန်း

(GMT+08:00) 2012-03-12 16:44:51

 စီအာအိုင်- ဟုတ်ကဲ့ပါ၊ အဲလို ရင်းနှီးမြှုပ်နှံ့မဲ့သူတွေအပေါ်ကော အကောက်ခွန်ပိုင်းလျှော့ချ ပေးဖို့ပေါ်လစီများ ရှိနိုင်မလား။

သံမှုးကြီး- ဟုတ်ပါတယ်၊ ရင်းနှီးမြှုပ်နှံမှုတွေရှိအောင်၊ စီးပွားရေးလုပ်ငန်းရှင်တွေကို မက်လုံးပေးတာ တွေကို တဖြည်းဖြည်းနဲ့ နိုင်ငံတကာက ဆောင်ရွက်မှုတွေထဲကမှ ကောင်းမွန်တာတွေကို ယူပြီး ကိုယ့်နိုင်ငံပိုပြီးကောင်းမွန်လာအောင်နဲ့ ရင်းနှီးမြှုပ်နှံ့သူတွေလည်း အကျိုးရှိအောင် လုပ်ဆောင်သွား မှာပါ။

စီအာအိုင်- နောက်ဆုံးမေးခွန်းလေးပါရှင်။ သံမှုးကြီးအနေနဲ့ ကျွန်မတို့စီအာအိုင် ၀က်ဆိုက်ကို ဖတ်ဖူးပါသလားဆိုတာလေးကိုသိပါရစေ။

သံမှုးကြီး- ကျွန်တော် တစ်ခါ၊ နှစ်ခါတော့ ဖတ်ဖူးပါတယ်၊ နေ့စဉ်တော့ မဖတ်ဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ရဲ့ စီအာအိုင်က သူငယ် ချင်းတွေနဲ့တွေ့တိုင်တော့ ဘယ်လိုလေးတွေ၊ ဘာလေးတွေ လုပ်ရင်  ကောင်းမယ်ဆိုတာကိုတော့ အကြံပေးလေ့ရှိပါတယ်။

စီအာအိုင်- အခုလို မအားတဲ့ကြားက ကျွန်မတို့စီအာအိုင်ရဲ့ မေးမြန်းတာတွေကို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ သံမှုးကြီးကို ကျွန်မအနေနဲ့ကော၊ ကျွန်မတို့စီအာအိုင်ဌာနကြီးကပါ အလွန်ကျေးဇူး တင်ပါတယ်လို့ ပြောပါရစေရှင်။


1 2 3 4
   Webradio