• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာသံမှူးကြီး ဦးလှိုင်မြင့်ဦးက တရုတ်ပြည်လုံးဆိုင်ရာ ကွန်ဂရက်နဲ့ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည်အစည်းအဝေးနှင့်ပတ်သက်ပြီး စီအာအိုင်သတင်းထောက် မမိုးသူဇာနဲ့ တွေ့ဆုံမေးမြန်းခန်း

(GMT+08:00) 2012-03-12 16:44:51

စီအာအိုင်- သံမှုးကြီးရှင်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ခဲ့တာ အခုနဲ့ဆို ဘယ်နှကြိမ်ရှိပါပြီလဲ။

သံမှုးကြီး- ကျွန်တော်ဒီကိုရောက်တာ ၂ နှစ်ရှိနေပြီမို့၊ အခုအကြိမ်က ဒုတိယအကြိမ်ပါ။ အင်မတန် အကျိုးသက်ရောက်မှုရှိပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အစည်းအဝေးကြီးဖြစ်ပါတယ်။

စီအာအိုင်- အခုလိုဒီအစည်းအဝေးကြီးကို တက်ရောက်တဲ့အခါ နိုင်ငံခြားသံတမန်တစ်ဦး အနေနဲ့ ဘယ်လို ခံစားမိပါသလဲရှင်။

သံမှုးကြီး- တရုတ် တပြည်လုံးက လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ပြည်သူပြည်သားအားလုံး တိုင်းရင်းသားတွေပါမကျန် အကုန်လုံးတက်ရောက်ဆွေးနွေးတဲ့အတွက် ဒီအစည်းအဝေးက တရုတ်ပြည်ရဲ့ လက်ရှိ ဆောင်ရွက်နေတာတွေ၊အဲဒိအပေါ် သင်ခန်းစာယူစရာတွေကို နောင်အနာဂတ်မှာ ဘာတွေလုပ်မယ် ဆိုတာကို စနစ်တကျစုစည်းပြီးဆွေးနွေးနိုင်တဲ့အတွက် နိုင်ငံအတွက်များစွာအကျိုးရှိတဲ့အစည်းအဝေးကြီး ဖြစ်ပါတယ်။

1 2 3 4
   Webradio