• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာသံမှူးကြီး ဦးလှိုင်မြင့်ဦးက တရုတ်ပြည်လုံးဆိုင်ရာ ကွန်ဂရက်နဲ့ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည်အစည်းအဝေးနှင့်ပတ်သက်ပြီး စီအာအိုင်သတင်းထောက် မမိုးသူဇာနဲ့ တွေ့ဆုံမေးမြန်းခန်း

(GMT+08:00) 2012-03-12 16:44:51

 

စီအာအိုင်- ဟုတ်ကဲ့ပါ၊ ဒီအစည်းအဝေးကြီးကို တက်ရောက်နေတဲ့ အလွှာပေါင်းစုံက ကိုယ်စားလှယ်   တွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဥပဒေပြုရေးစတဲ့ ဆွေးနွေးချက်တွေအပေါ် ဘယ်လိုထင်မြင်မိ ပါသလဲရှင်။

သံမှုးကြီး- ဟုတ်ပါတယ်ခင်ဗျာ အဲဒီလို ဆွေးနွေးတဲ့အခါ ထိပ်ဆုံးကခေါင်းဆောင်တွေ၊ အစိုးရ အမှုထမ်းတွေ ကစပြီး ကျေးလက်တောရွာ ကလူတွေရဲ့ အကြံကောင်း ဥာဏ်ကောင်းတွေကို စုစည်း တဲ့ပွဲ ဖြစ်လို့ အဲဒါကိုက တရုတ်   ပြည်တိုးတက်စေတဲ့ အကြောင်းတစ်ရပ်လို့ ယုံကြည်ပါတယ်။

စီအာအိုင်- ၀န်ကြီးချုပ်ရဲ့ အစိုးရအစီရင်ခံစာ အပေါ် သံမှုးကြီးအနေနဲ့ ဘယ်အပိုင်းကို စိတ်အ၀င်စား ဆုံးဖြစ်မလဲရှင်။

သံမှုးကြီး- ၀န်ကြီးချုပ်ရဲ့ တင်ပြလွှာထဲမှာ နိုင်ငံ့အကျိုး၊ပြည်သူ့အကျိုးတွေကို ဘာတွေဆောင်ရွက် တယ်၊ဘာတွေဆက်လုပ်မယ်၊ ဘယ်နိုင်ငံတွေနဲ့ဘယ်လိုပူးပေါင်းမယ်၊စတာတွေကို အသေးစိတ် အစီခံတဲ့အတွက် ဒါဟာ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို အများပြည်သူသိရတယ် ကိုယ့်နိုင်ငံရဲ့ လာမဲ့အနာဂတ်ကို သေချာသိခွင့်ရလို့ များစွာအကျိုးရှိပြီး၊ များစွာတန်ဖိုးရှိတဲ့ အစည်း      အဝေး အစီအမံတစ်ခု ဖြစ်ပါတယ်။

စီအာအိုင်- သံမှုးကြီးရှင်၊ ၀န်ကြီးချုပ်ပြောခဲ့တဲ့ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုမှာ အခက်အခဲတွေရှိ တယ်ဆိုတဲ့အပေါ် တရုတ်ပြည်အနေနဲ့ ဘယ်အပိုင်းကို အရေးတကြီးလုပ်ဆောင်ရမယ် လို့များထင် မြင်မိပါသလဲ။

သံမှုးကြီး- ကျွန်တော်အမြင်အနေနဲ့ တရုတ်ပြည်ဆိုတာက ဖွံ့ဖြိုးတိုးတက်နေတာအမှန်ပါပဲ။  လာမဲ့ အနာဂတ် မှာအင်အားကြီးနိုင်ငံဖြစ်လာဖို့ အကြောင်းရှိတဲ့နိုင်ငံအနေနဲ့ စနစ်တကျ ဆောင်ရွက်မှာ ဖြစ်တာမို့ အနာဂတ်မှာ အလားအလာကောင်းပြီး၊ ထိပ်တန်းရောက်မဲ့ နိုင်ငံဖြစ်မယ်လို့လည်း      ယုံကြည် ပါတယ်။ နိုင်ငံရေး၊စီးပွားရေးစနစ်တွေပြောင်း လဲသင့်တယ်လို့ ပြောကြတာတွေရှိပေမဲ့ တရုတ်နိုင်ငံဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကိုယ့်အတွက် အသင့်တော်ဆုံး အစီအမံကို  ချမှတ် ဆောင်ရွက်နေတာမို့ နောက်ဆုံးမှာအောင်မြင်ပြီး  အင်အားကြီး နိုင်ငံတွေထဲမှာ ထိပ်တန်းနိုင်ငံ အနေနဲ့ ရပ်တည်သွားမယ်ဆိုတာကို မိတ်ဆွေနိုင်ငံများအနေနဲ့ မမှိတ်မသုန် ယုံကြည်ပါတယ်။

 

1 2 3 4
   Webradio