• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာသံမှူးကြီး ဦးလှိုင်မြင့်ဦးက တရုတ်ပြည်လုံးဆိုင်ရာ ကွန်ဂရက်နဲ့ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည်အစည်းအဝေးနှင့်ပတ်သက်ပြီး စီအာအိုင်သတင်းထောက် မမိုးသူဇာနဲ့ တွေ့ဆုံမေးမြန်းခန်း

(GMT+08:00) 2012-03-12 16:44:51

စီအာအိုင်- အခုမြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ ဒီမိုကရေစီဖြစ်စဉ်ကို စွဲစွဲမြဲမြဲ လုပ်တော့မယ်လို့ ယူဆနိုင်ပြီလားရှင်။

သံမှုးကြီး- ယူဆနိုင်တာကို မဟုတ်ပါဘူး။သေချာပေါက်ကို ကျွန်တော်တို့ ဆောင်ရွက်မှာပါ။ ကိုယ့် နိုင်ငံရဲ့ နောင်အနာဂတ်ဖြောင့်ဖြူးဖို့ နဲ့ နောင်မှာဖွံ့ဖြိုးပြီးနိုင်ငံမှာပါရှိဖို့၊ ဒီမိုကရေစီနည်းလမ်းတွေ၊ ကိုယ့် နိုင်ငံနဲ့အပ်စပ်တဲ့ နည်းနာတွေကို နိုင်ငံကြီးတွေ၊ မိတ်ဆွေနိုင်ငံတွေ၊   အိမ်နီးချင်းနိုင်ငံ တွေကနေ  လုပ်သင့်လုပ်ထိုက်တာတွေကို သင်ခန်းစာယူပြီး ဆောင်ရွက်မှာပါ။ကျွန်တော်တို့ အနေနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ သေချာပေါက် ဆောင်ရွက်မှာပါ။

စီအာအိုင်- မြန်မာပြည်မှာလည်း လွှတ်တော်အစည်းအဝေး ကျင်းပနေတယ်ဆိုတော့ တရုတ်၊မြန်မာ နှစ်နိုင်ငံအကြား ဒီမိုကရေစီအတွေ့အကြုံ ကူးလူးဖလှယ်မှုရှိမယ်လို့  သံမှုးကြီးအနေနဲ့ ထင်မြင်မိပါသလားရှင်။

သံမှုးကြီး- ကျွန်တော်တို့က တရုတ်နိုင်ငံမှ မဟုတ်ပါဘူး။ဘယ်နိုင်ငံ၊ ဘယ်စနစ်ကမဆို ကိုယ့်နိုင်ငံ အတွက်အံဝင်ခွင်ကျမှုရှိပြီး ဖွံ့ဖြိုးမှုရှိမယ်ဆိုရင် အဲဒိနည်းနာတွေကို ယူမှာပါ။ မိတ်ဆွေနိုင်ငံတွေက ကောင်း ရာကောင်းကျိုးတွေကို ဆောင်ရွက်တဲ့အခါမှာ ကိုယ့်နိုင်ငံနဲ့ အပ်စပ်တဲ့အပိုင်းကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးရင်းနှီးမှုဟာ ထာဝရတည်တံခိုင်မြဲမယ်ဆို တာအလေးအနက် ကျွန်တော် ယုံကြည်ပါတယ်။

စီအာအိုင်- ဟုတ်ကဲ့ပါ၊ သံမှုးကြီးရှင်။ တရုတ်ကုန်သည်တွေရဲ ရင်နှီးမြှုပ်နှံမှုကို ကြိုဆိုမလား။

သံမှုးကြီး- ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်။

1 2 3 4
   Webradio