![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေးကို ၅ ရက်နေ့ နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့ခန်းမဆောင်ကြီး၌ ဖွင့်လှစ် ခဲ့ရာ ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ယူကျင့်ရှင် စသည့် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ဝန်ကြီးချုပ် လီခေ့ချန်သည် အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်ပြခဲ့ကြောင်း၊ အစီရင် ခံစာမှာ ၂၀၁၅ ခုနှစ် လုပ်ငန်းများ နောက်ကြောင်းပြန်သုံးသပ်ခြင်း၊ ၁၃ ခုမြောက် ငါးနှစ် စီမံကိန်း ကာလအတွင်း အဓိက တာဝန် ရည်မှန်းချက်များနှင့် အရေးကြီး ဆောင်ရွက်မှုများ၊ ၂၀၁၆ ခုနှစ် အဓိက လုပ်ငန်းတာဝန်များ အပါအဝင် ပိုင်း သုံးပိုင်း ပါဝင်ကြောင်း သတင်း ရရှိပါသည်။
ယခုအကြိမ် အစည်းအဝေးတွင် အမျိုးသား စီးပွါးရေးနှင့် လူမှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ၁၃ ခုမြောက် ငါးနှစ်စီမံကိန်း လုပ်ငန်းစဉ် မူကြမ်း၊ ၂၀၁၅ ခုနှစ် အမျိုးသား စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု စီမံကိန်း ကျင့်သုံးမှု အခြေအနေနှင့် ၂၀၁၆ ခုနှစ် အမျိုးသား စီးပွါးရေးနှင့် လူမှု ဖွံ့ဖြိုးရေး စီမံကိန်းမူကြမ်းဆိုင်ရာ အစီရင်ခံစာနှင့် ၂၀၁၆ ခုနှစ် စီမံကိန်း မူကြမ်း၊ ၂၀၁၅ ခုနှစ် ဗဟိုနှင့် ဒေသခံ ဘတ်ဂျက် အကောင်အထည် ဖေါ်ဆောင်မှု အခြေအနေနှင့် ၂၀၁၆ ခုနှစ် ဗဟိုနှင့် ဒေသခံ ဘတ်ဂျက် မူကြမ်းဆိုင်ရာ အစီရင်ခံစာ၊ ၂၀၁၆ ခုနှစ် ပြည်လုံးဆိုင်ရာ ဘတ်ဂျက်မူကြမ်းတို့ကို စိစစ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။