|
||||||||
|
|||||||||||||
ချစ်သူ
ချစ်သူ၊
သိပ်လှတဲ့မင်းရဲ့မျက်နှာနုနုလှလှလေးကိုလေ၊
တို့ပန်းလေးတစ်ပွင့်လို၊
ပင်ယံထက်မှာပဲ၊
အလှကြည့်နေချင်တယ်၊ချစ်သူရယ်၊
ချစ်သူ၊
ပြုံးရယ်လိုက်တိုင်း၊
ဖွေးဖွေးဥနေတဲ့၊ချစ်သူရဲ့၊
သွားလှလှလေးတွေက၊
တို့ရဲ့မျက်လုံးထဲမှာတော့၊
ပုလဲလေးတွေစီတန်းထားသလိုပါကွယ်၊
ချစ်သူရဲ့၊
အကြင်နာလက်ချောင်းတွေကလဲ၊
နူးညံ့လွန်းတဲ့၊
ဖော့ဖယောင်းလေးတွေလိုမို့၊
ဆင်းရဲနုံခြာလွန်းတဲ့၊
တို့ဘ၀ထဲကို၊
ဆွဲမခေါ်ရက်ဘူး၊
ချစ်သူ၊ ချစ်သူရေ၊
မင်းနဲ့တို့ဝေးခဲ့တာ၊
နှစ်လရက်တွေကြာညောင်းခဲ့ပေမယ့်၊
တို့ရဲ့ရင်ထဲ၊
နှလုံးသားထဲမှာတော့၊
ချစ်သူကို၊
ယနေ့ထက်တိုင်၊
သတိရနေဆဲ၊ လွမ်းနေဆဲပါ၊
တမ်းတနေဆဲ၊ တမ်းတစဲပါကွယ်၊
ချစ်သူရယ်။
--အင်ကြင်းဝေ
|