• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီအာအိုင်အနှစ်၇၀ပြည့်အထိမ်းအမှတ်ဆောင်းပါး

(GMT+08:00) 2011-12-03 16:59:00

    သမိုင်းရေစီးကြောင်းထဲမှာ အနှစ်၇၀ဆိုတဲ့ကာလဟာ မျက်စိတစ်မှိတ်လျှပ် တစ်ပြက်လောက်သာရှိပေမဲ့ ပီကင်းနိုင်ငံတကာ အသံလွှင့်ဌာန (၀ါ) စီအာအိုင်အဖို့ ဆိုရင် ခက်ခက်ခဲခဲနဲ့ စူးစမ်းကြိုးပမ်းခဲ့ရတဲ့ အနှစ်၇၀တာခရီးဘဲ ဖြစ်ပါတယ်။ အတိတ်က ယင်အန်းလိုဏ်ဂူထဲမှနေ ပထမဆုံး ဂျပန်ဘာသာနဲ့ ထုတ်လွှင့်ခဲ့တဲ့ စီအာအိုင်ဟာ ဒီနေ့ဒီအခါမှာ ဆိုရင် တရုတ်ဘာသာအပါအ၀င် ဘာသာစကား (၆၁)ဘာသာနဲ့ ကမ္ဘာအ၀န်းသို့ ၂၄နာရီ ထုတ်လွှင့်ပေးနေတဲ့ အသံလွှင့်ဌာနကြီးအဖြစ် ရပ်တည်နိုင်နေပြီဖြစ်ပါတယ်။ မူလက နေ့စဉ်(၁၀)မိနစ်ကျော်လောက်သာ အသံလွှင့်အစီအစဉ်များ ထုတ်လွှင့်ပေးနေရာမှနေ အခုဆိုရင်နေ့စဉ် အသံလွှင့်အစီအစဉ် စုစုပေါင်းနာရီ(၃၀၀၀)ကျော်လောက် ထုတ်လွှင့်ပေးနိုင်တဲ့အထိအောင် မြင်မှုရရှိခဲ့ပါတယ်။ အခုစီအာအိုင်ဟာ သောတရှင်များနဲ့ နီးနီးကပ်ကပ် ဆက်သွယ်နိုင်အောင် သက်ဆိုင်ရာနိုင်ငံများမှာလည်း အသံလွှင့်ဌာနခွဲများ ဖွင့်လှစ်ထားပါတယ်။ နောက်ပြီးစီအာအိုင်က တရုတ်နိုင်ငံတကာ အသံလွှင့်နက်စ်စတဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှနေပြီး ရုပ်သံလွှင့်အစီအစဉ်များကို ထုတ်လွှင့်ပေးနေပါတယ်။ စီအာအိုင်ဟာ မီဒီယာနယ်ပယ်ပေါင်းစုံမှာ မြေစမ်းခရမ်းပျိုး ပါဝင်ဆောင်ရွက်နေပါတယ်။

    စီအာအိုင်ရဲ့အစဦးကိုပြောမယ်ဆိုရင် ဂျပန်သူလေး (ဟာရာ-ကီယိုရှီ)ကို မပြောရင်မပြီးပါဘူး။ သူကလေးဟာ လွန်ခဲ့တဲ့အနှစ်၇၀က ဒီဇင်ဘာလ(၃)ရက်နေ့မှာ အဲဒီတုန်းက တရုတ်ကွန်မြူနစ်ပါတီရဲ့ တော်လှန်ရေးအခြေခံဒေသဖြစ်တဲ့ ယင်အန်းအရပ်ကလိုဏ်ဂူထဲကနေပြီး ပထမဆုံးအကြိမ်အဖြစ် ဂျပန်ဘာသာဖြင့် အသံလွှင့်ခဲ့သူဖြစ်ပါတယ်။ ဂျပန်ကျူးကျော်ရေးတပ်မှ တပ်မှူးတပ်သားများကို ကျူးကျော်ရေးစစ်ပွဲမှာ မပါဝင်ဘို့ နှိုးဆော်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇-ခုနှစ်မှာလည်း အင်္ဂလိပ်ဘာသာအစီအစဉ်ကို တိုးချဲ့ထုတ်လွှင့်ပေးခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလအတွင်းက တရုတ်ပြည်အခြေအနေကို နိုင်ငံတကာမိသားစုကြီး သိအောင်နဲ့ နိုင်ငံတကာမှ ထောက်ခံမှုကို ရရှိအောင် ဖြစ်ပါတယ်။

၂၀-ရာစုနှစ် ၅၀-စုနှစ်ကစပြီး စီအာအိုင်ရဲ့နိုင်ငံခြားအသံလွှင့်လုပ်ငန်းဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ၇၀-စုနှစ်နောက်ပိုင်းအထိဆိုရင် စီအာအိုင်ဟာ နိုင်ငံခြားသို့ ဘာသာစကား(၄၀)ကျော်နဲ့ ထုတ်လွှင့်ပေးတဲ့အထိ တိုးတက်လာခဲ့ပါတယ်။

    ၁၉၇၈-ခုနှစ်ကစလို့ တရုတ်ပြည်မှာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်မူဝါဒ ကျင့်သုံးလာခဲ့နောက်မှာ စီအာအိုင်ဟာ ဖွံ့ဖြိုးရေးကာလသစ်သို့ ၀င်ရောက်လာခဲ့ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့(၁၀)နှစ်အတွင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အင်တာနက်ထွန်းကားလာတဲ့နောက်မှာ စီအာအိုင်ဟာ မီဒီယာသစ်နယ်ပယ်မှာ အားတက်သရော ပါဝင်ဆောင်ရွက်လာခဲ့ပါတယ်။

    ဥပမာအားဖြင့်ပြောရမယ်ဆိုရင် ၁၉၉၈-ခုနှစ်က အင်တာနက်အွန်လိုင်းမှနေပြီး နိုင်ငံခြားဘာသာ အစီအစဉ်များ ထုတ်လွှင့်ပေးခဲ့ပါတယ်။ အခုဆိုရင် အဲဒီအွန်လိုင်းမှနေပြီး ဘာသာစကား(၆၁)မျိုးနဲ့ အသံလွှင့်အစီအစဉ်များကို နေ့စဉ်ထုတ်လွှင့်ပေးနေပါတယ်။

    မျက်မှောက်အခါမှာ စီအာအိုင်ဟာ ပြည်ပမှာ အသံလွှင့်ဌာနခွဲ (၇၀)ဖွင့်လှစ်ထားပါတယ်။ နောက်ပြီး အသံလွှင့်ဌာန (၁၈၀)ကျော်နဲ့ ပူးပေါင်းဆောင်ရွက်မှု ထားရှိပါတယ်။ စီအာအိုင်ရဲ့ ရည်မှန်းချက်ကတော့ ကမ္ဘာကြီးကို တရုတ်ပြည်အကြောင်း ပိုမိုနားလည်စေအောင်နဲ့ တရုတ် ပြည်သူများနဲ့ ကမ္ဘာ့ပြည်သူများအကြား မေတ္တာပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးဘို့  ဖြစ်ကြောင်း အစီရင်ခံလိုက်ရပါတယ်။

   Webradio