• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မီဒီယာစုံတိုးတက်မှု

(GMT+08:00) 2011-11-22 10:53:30

၂၀၀၆-ခုနှစ်ဇူလိုင်လ၊ တရုတ်၊ အင်္ဂလိပ်၊ ကိုးရီးယားနဲ့ဂျပန်စတဲ့ဘာသာစကားမျိုးစုံ podcast ကို စတင်ခဲ့ပါတယ်။ ဒါဟာ၊ တရုတ်နိုင်ငံရေဒီယိုအသံလွှင့်ဌာနရဲ့ဘာသာစကား ၀န်ဆောင်မှုဝဘ်ဆိုက်ပါပဲ။

၂၀၀၇-ခုနှစ်၊ ဧပြီ(၄)ရက်နေ့နဲ့(၈)ရက်နေ့၊ စီအာအိုင်ဟာမိုဘိုင်းဖုန်းအသံလွှင့်နဲ့ ရုပ်မြင်သံကြားလုပ်ငန်းကိုစတင်ခဲ့ပါတယ်။

၂၀၀၇-ခုနှစ်၊ စက်တင်ဘာလ၊ စီအာအိုင်အွန်လိုင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့[CRI Webcast] ကို စတင်ခဲ့ပါတယ်။

၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ၊ တရုတ်နိုင်ငံကွန်ဖြူးရှပ်တက္ကသိုလ်ရဲ့ ပထမဆုံးသော အသံလွှင့်အစီအစဉ်ကို၊ စီအာအိုင်မှာစတင်ခဲ့ပါတယ်။ အဲဒီ့မှာတရုတ်စကားပြောကို နိုင်ငံတကာကနေ သင်ယူလေ့လာနိုင်ပါတယ်။

၂၀၀၈-ခုနှစ်၊ ဇူလိုင်လ၊ ပီကင်းအိုလံပစ်ပွဲတော်ဝန်ဆောင်မှုကိုပိုကောင်းမွန်စေဘို့အတွက် စီအာအိုင်အွန်လိုင်းမှာ ပီကင်းအိုလံပစ်ပွဲတော်မူစလင်လမ်းညွှန်ဝဘ်ဆိုက်စာမျက်နှာကို ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၀၈-ခုနှစ်၊ သြဂုတ်လ၊ အင်္ဂလိပ်ဘာသာ မိုဘိုင်းနိုင်ငံတကာအွန်လိုင်း၊ တရုတ်ဘာသာ မိုဘိုင်းနိုင်ငံတကာအွန်လိုင်းကို စတင်စမ်းသပ်လည်ပတ်ခဲ့ပါတယ်။

၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ စီအာအိုင်၊ မိုဘိုင်းနိုင်ငံတကာအွန်လိုင်းကိုပီကင်းမှာ စတင်လည်ပတ်လိုက်ပါတယ်။

၂၀၁၀-ဖေဖော်ဝါရီလ၊ ဘာသာစကားမျိုးစုံနဲ့ထုတ်လုပ်ထားတဲ့၊ ၂၀၁၀-ရှန်ဟိုင်း ကမ္ဘာ့ကုန်စည်ပြပွဲ၊ မီဒီယာစုံအီလက်ထရောနစ်မဂ္ဂဇင်းဖြစ်တဲ့မြို့ပြအလှမဂ္ဂဇင်းကို ထုတ်လုပ်ခဲ့ပါတယ်။

၂၀၁၀-ခုနှစ်၊ မတ်လ၊ ၂၄-ရက်၊ ပထမဆုံးသော၊ တရုတ်ရုပ်ရှင်ယဉ်ကျေးမှုလုပ်ငန်းရဲ့ တရုတ်ရုပ်ရှင်အွန်လိုင်းဝဘ်ဆိုက်ဖွင့်ပွဲကို၊ ဟောင်ကောင်ဗဟိုအစည်းအဝေးနဲ့ ပြခန်းခန်းမမှာပြုလုပ်ခဲ့ပါတယ်။

၂၀၁၀-ခုနှစ်၊ ဧပြီလ၊ စီအာအိုင်အွန်လိုင်း၊ တရုတ်အာဆီယံဝဘ်ဆိုက်ကို စတင်ခဲ့ပါတယ်။ အဲဒီ့ဝဘ်ဆိုက်မှာ၊ ကမ်ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်းနဲ့ဗီယက်နမ်စတဲ့ဘာသာစကား(၈)ဘာသာနဲ့အသီးသီးဖော်ပြခဲ့ပါတယ်။

၂၀၁၀-ခုနှစ်၊ ဧပြီလ၊ ၁၅-ရက်၊ စီအာအိုင်အသံလွှင့်ဌာနနဲ့ တူရကီနိုင်ငံ Direction အသံလွှင့်ဌာနတို့ပူးပေါင်းပြီး၊ တရုတ်တူရကီယဉ်ကျေးမှုခရီးသွားဝဘ်ဆိုက်ကို စတင်ခဲ့ပါတယ်။

၂၀၁၀-ခုနှစ်၊ ဂျွန်လ၊ စီအာအိုင်အသံလွှင့်ဌာနနဲ့ မိုက်ခရိုဆော့(ဖ်)ကုမ္ပဏီတို့ပူးပေါင်းပြီး၊ အွန်လိုင်းရုပ်သံဝန်ဆောင်မှုကိုစတင်ခဲ့ပါတယ်။

   Webradio