• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘာသာစကားစုံဝဘ်ဆိုက်တိုးတက်မှုသမိုင်း

(GMT+08:00) 2011-11-22 10:22:21

 စီအာအိုင်အသံလွှင့်ဌာနဟာ ယခင်ကဘာသာစကားပေါင်း(၄၃)မျိုးနဲ့အသံလွှင့်နေခဲ့ ပါတယ်။၁၉၉၈-ခုနှစ်စီအာအိုင်အွန်လိုင်းဝဘ်ဆိုက်ကိုစတင်ခဲ့ပြီးနောက် မန်ဒရင်း၊ကွမ်ကျိုး၊ အင်္ဂလိပ်၊ဂျာမဏီ၊စပိန်စတဲ့ဘာသာစကား(၅)မျိုးကို ၀ဘ်ဆိုက်ကနေစတင်အသံလွှင့်ခဲ့ ပါတယ်။

၂၀၀၃-ခုနှစ်စီအာအိုင်မှာ၊ဘာသာစကား(၂၆)မျိုးနဲ့ဝဘ်ဆိုက်ကနေအသံလွှင့်နိုင်ခဲ့ပါ တယ်။နောက်ပိုင်းမှာတော့၊၀ဘ်ဆိုက်ကနေအသံလွှင့်တဲ့ဘာသာ(၄၃)မျိုးရှိလာပါတယ်။

၂၀၀၄-ခုနှစ်၊စီအာအိုင်အွန်းလိုင်းနဲ့ရှင်းကျန်းပြည်သူ့အသံလွှင့်ဌာနတို့ပူးပေါင်းကာ ဝေဂါဘာသာစကား၊ဟားဆားခက်၊ခါဂစ်ဘာသာစကားဝဘ်ဆိုက်နဲ့အွန်လိုင်းအသံလွှင့်အစီအစဉ်များကိုစတင်ခဲ့ပြီးနောက် စီအာအိုင်အွန်လိုင်းမှာ ဘာသာစကား(၄၈)မျိုးထိရှိလာခဲ့ပါတယ်။

၂၀၀၇-ခုနှစ်စီအာအိုင်အသံလွှင့်ဌာနနဲ့ ဖင်လန်နိုင်ငံမှFinnish public tomorrow မီဒီယာကုမ္ပဏီတို့ပူးပေါင်းကာ ဆွီဒင်၊ဒိန်းမက်၊ဖင်လန်၊ဘာသာစကားများနဲ့စီအာအိုင်အွန် လိုင်းပေါ်တင်ခဲ့ပြီးနောက် စီအာအိုင်ကနေ၀ဘ်ဆိုက်ပေါ်မှာအသံလွှင့်တဲ့ဘာသာပေါင်း၅၁ မျိုးထိရှိလာခဲ့ပါတယ်။

၂၀၀၈-ခုနှစ်စီအာအိုင်အွန်လိုင်းပေါ်မှာ ခရိုအေးရှားနဲ့ယူကရိန်းဘာသာဝဘ်ဆိုက်ကို တင်ခဲ့ပြီးနောက် ၀ဘ်ဆိုက်တင်ထားတဲ့ဘာသာစကား(၅၃)မျိုးရှိလာပါတယ်။

၂၀၀၉-ခုနှစ် စီအာအိုင်အွန်းလိုင်းပေါ်မှာ ဘိုင်ရိုရုရှားHebrewဂရိ၊နော်ဝေး၊အိုင်(စ်) လန်၊စတာတွေအပါအ၀င်(၅၉)မျိုးသောဘာသာစကားဝက်ဆိုက်များရှိလာပါတယ်။

၂၀၁၀-ခုနှစ် ဖေဖေါ်ဝါရီလ၊၈-ရက်နေ့၊အက်စတိုးနီးယားနဲ့လစ်ကျူအေးနီးယားဘာ သာစကားစာမျက်နှာများကို စီအာအိုင်အွန်းလိုင်းပေါ်တင်ခဲ့ပါတယ်။ခုဆိုရင် စီအာအိုင်အွန်း လိုင်းပေါ်မှာ ဘာသာစကားပေါင်း(၆၁)မျိုးနဲ့ဖော်ပြနေပြီဖြစ်လို့၊ကမ္ဘာ့ပေါ်မှာ ဘာသာစကား မျိုးစုံဆုံးသောမီဒီယာဝက်ဆိုက်တစ်ခုအဖြစ်ရပ်တည်နေပါပြီ။

   Webradio