• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ဒူတာတေး တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-08-10 15:34:49

       ယခုလ ၁၅ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်ရန် အလည်အပတ်ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

      ဥက္ကဋ္ဌရှီကျင့်ဖိန်က ဖိလစ်ပိုင်နိုင်ငံသည် တရုတ်ပြည်၏ အိမ်နီးချင်းကောင်းဖြစ်ပြီး Belt and Road တည်ဆောက်ရာတွင် အရေးကြီးသော မိတ်ဘက်လည်းဖြစ်ကြောင်း ပြောကြားသည်။

      သမ္မတ ဒူတာတယ်က Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် အောင်မြင်စွာ ကျင်းပခြင်းကို ထောမနာပြုပြီး Belt and Road အဆိုပြုချက်သည် အာရှတိုက်၏ ဆက်သွယ်မှု၊ ဖလှယ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည့်အပြင် ဖိလစ်ပိုင်နိုင်ငံ၏ အလုပ်အကိုင် နေရာချထားရေးနှင့် စင်ပင်သာယာရေးကိုလည်း တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio