• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရန်ကုန်စတော့ရှယ်ယာရောင်းဝယ်ရေးဌာန ယခုလတွင် စတော့ရှယ်ယာ စတင်ရောင်းဝယ်မည်

(GMT+08:00) 2016-03-04 15:00:22

မြန်မာစတော့ရှယ်ယာရောင်းဝယ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိန်း က၊ ရန်ကုန် စတော့ရှယ်ယာရောင်းဝယ်ရေးဌာနကို ယခုလတတိယသီတင်းပတ်တွင် စတော့ရှယ်ယာ စတင်ရောင်းဝယ်မည်ဖြစ်ကြောင်း ၂-ရက်နေ့က ပြောကြားခဲ့ပါသည်။

ယခုနှစ်တွင် မြန်မာစတော့ရှယ်ယာရောင်းဝယ်ရေးကော်မတီသည် ကုမ္ပဏီ၃-ခုအား လိုင်စင်ထုတ်ပေးခဲ့ပြီဖြစ်ပါသည်။ ယခုလတတိယသီတင်းပတ်တွင် ရန်ကုန်စတော့ရှယ်ယာ ရောင်းဝယ်ရေးဌာန၌ ကုမ္ပဏီ၆-ခုသည် စတော့ရှယ်ယာရောင်းဝယ်ပါမည်။ လက်ရှိ အချိန်တွင် မြန်မာရင်းနှီးမြှုပ်နှံသူများကိုသာ စာရင်းဖွင့်ထားရန် ခွင့်ပြုပြီး မြန်မာကျပ်ငွေဖြင့် စာရင်းရှင်းမည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများ စာရင်းဖွင့်ထား ရန် ခွင့်ပြုမည်ဖြစ်ပါသည်။

   Webradio