• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ငြိမ်းချမ်းရေးနည်းလမ်းဖြင့် တောင်ပင်လယ်အငြင်းပွားမှု ကိုင်တွယ်ဖြေရှင်းရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထပ်လောင်းပြောကြား

(GMT+08:00) 2016-02-29 13:52:01

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး ကို ယခုလ၂၆-ရက်နေ့မှ ၂၇-ရက်နေ့အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့ ကြောင်း၊ အာဆီယံအဖွဲ့ဝင်၁၀-နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာက ရေးသားဖော်ပြပါသည်။

 အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက၊ တောင်ပင်လယ်ဒေသ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ကာကွယ်ထိန်းသမ်းပြီး တွန်းအားပေးရန်နှင့် အငြင်းပွားမှုကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် ကတိပြုချက်များကို ထပ်လောင်းပြောကြားခဲ့ကြကြောင်း၊ တောင်ပင်လယ်ဘက်အသီးသီးတို့ လုပ်ဆောင်မှု ကြေညာစာတမ်းကို ဘက်စုံထိရောက်စွာ ကျင့်သုံးဆောင်ရွက်ရေး၏ အရေးကြီးသော အဓိပ္ပါယ်ကို အလေးထားပြောကြားပြီး တောင်ပင်လယ်ဘက်အသီးသီးတို့ လုပ်ဆောင်မှု မူကို အလျင်အမြန်လက်မှတ်ရေးထိုးရန် ပန်ကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio