• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်-အာဆီယံထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး ရုပ်သိမ်း

(GMT+08:00) 2016-02-18 15:38:37

အမေရိကန်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။ အကဲခတ်များက၊ ၄င်းမှာ အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် အမေရိကန်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးဖြစ်ကြောင်း၊ ယခုအကြိမ်အစည်းအဝေး၌ အမေရိကန်အနေဖြင့် အာဆီယံနှင့် ပိုမိုရင်းနှီးသောဆက်ဆံမှုကို ထားရှိပြီး အိုဘားမားအစိုးရတင်ပြသော အာရှ-ပစိဖိတ် ပြန်လည်ညီမျှရေးမဟာဗျူဟာကို တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ သို့သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ကိုယ်ကျိုးစီးပွားရှိသဖြင့် နောင်တွင် နိုင်ငံကြီးများအကြား ညီမျှရေးဗျူဟာများကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။

၂-ရက်ကြာအစည်းအဝေးတွင် အမေရိကန်-အာဆီယံတို့က နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ၁၅-ရက်နေ့က အစည်းအဝေးတက်ရောက် သည့် ခေါင်းဆောင်များသည် TPPခေါ် ပစိဖိတ်သမုဒ္ဒရာမိတ်ဖက်ဆက်ဆံရေးသဘောတူ စာချုပ်အပါအဝင် စီးပွားကုန်သွယ်ရေးအကြောင်းများကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

၁၆-ရက်နေ့ကအစည်းအဝေးတက်ရောက်သည့်ခေါင်းဆောင်များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ရာသီဥတုပြောင်းလဲရေးအပါအဝင် နိုင်ငံရေးနှင့်လုံခြုံရေးအကြောင်းများကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကျင်းပပြီးနောက် ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင်၊ အမေရိကန်- အာဆီယံတို့ကအကြမ်းဖက်မှု၊အကြမ်းဖက်အစွန်းရောက်မှုနှင့်ရင်ဆိုင်ရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ သန္နိဌာန်ကို ဖော်ပြသည့်အပြင် ရာသီဥတုပြောင်းလဲမှုနှင့် လက်တွဲရင်ဆိုင်ပြီး ပဲရစ်ရာသီဥတုပြောင်းလဲမှု သဘောတူစာချုပ် ပါတာဝန်ကို ထမ်းဆောင်ရန်လည်း ကတိပြုဖော်ပြခဲ့ပါသည်။ ထို့အပြင် အမေရိကန်- အာဆီယံတို့သည် အင်တာနက်လုံခြုံရေးနှင့် တည်ငြိမ်ရေးကိုလည်း တွန်းအားပေးကြ ပါမည်။

အာဆီယံနိုင်ငံများအတွက် နိုင်ငံကြီးများအကြား ညီမျှမှုရရှိရေးသည် အကောင်းဆုံး ရွေးချယ်ချက်ပင်ဖြစ်ပါသည်။ တောင်းဆိုလိုအပ်ချက် မတူခြားနားသောကြောင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် ပြဿနာအချို့အပေါ် ထင်မြင်ယူဆချက်ကိုလည်း မတူခြားနားဖြစ် ပါသည်။ ထို့ကြောင့်ယခုအကြိမ်အစည်းအဝေးကျင်းပပြီးနောက် ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် အမေရိကန်သည် တရုတ်နှင့်တောင်ပင်လယ်အကြောင်းတို့ကို တင်ပြ ရန်ကြံစည်ခဲ့သော်လည်း အာဆီယံကမူ သဘောမတူကြချေ။

 

   Webradio