• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဏာကို တည်ငြိမ်ချောမောစွာ လွှဲပြောင်းပေးအပ်ရန်အတွက် အမေရိကန်ခရီးစဉ် သမ္မတ ဦးသိန်းစိန် ဖျက်သိမ်း

(GMT+08:00) 2016-02-14 14:48:42

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အမေရိကန်နိုင်ငံသို့သွားရောက်ပြီး အမေရိကန်-အာဆီယံထိပ်သီးခေါင်းဆောင်များအစည်း အဝေးသို့ တက်ရောက်ရန်အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သည် သမ္မတ ဦးသိန်းစိန် ၏ကိုယ်စား အစည်း အဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး လူမှုကွန်ရက်ဝက်ဘဆိုဒ်မှ ယမန်နေ့၁၃-ရက်နေ့က ထုတ်ပြန်သောသတင်းကို ကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိတစ်ဦး က၊ သမ္မတ ဦးသိန်းစိန် ၏ အမေရိကန်ခရီးစဉ် ဖျက်သိမ်းခဲ့သည့်အကြောင်းရင်းမှာ အခြား ကိစ္စရှိခြင်းကြောင့်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဏာလွှဲပြောင်းပေးအပ်သော အချိန် ကာလတွင် တည်ရှိနေသဖြင့် အာဏာကို တည်ငြိမ်ချောမောစွာ လွှဲပြောင်းပေးအပ်ရန် အတွက် သမ္မတ ဦးသိန်းစိန် သည် မြန်မာနိုင်ငံတွင် ရှိမည်ဟုဆုံးဖြတ်ကြောင်း ပြောကြားခဲ့ ပါသည်။

အမေရိကန်-အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ယခုလ၁၅-ရက်နေ့ မှ၁၆-ရက်နေ့အထိ အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်တွင် ကျင်းပမည်ဖြစ် ပါသည်။

   Webradio