• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာမိုဘိုင်းဆက်သွယ်ရေးဈေးကွက် ဖွံ့ဖြိးတိုးတက်မှုအမြန်နှုန်း တစ်ကမ္ဘာလုံး စတုတ္ထနေရာတွင် တည်ရှိ

(GMT+08:00) 2016-02-14 14:48:42

လွန်ခဲ့သည့်၅-နှစ်အတွင်း မြန်မာနိုင်ငံ၏တံခါးဖွင့်မှု ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာခြင်းနှင့်အမျှ မိဘိုင်းတာမစ်နယ်(Mobile Terminal)နှင့် ကွန်ရက်များသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနေပါသည်။ ၂၀၁၅-ခုနှစ် Ericsson မိုဘိုင်း ဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်ပြန်သော ဈေးကွက်စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတွင်၊ အိန္ဒိယ၊ တရုတ်နှင့် အမေရိကန်၃-နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံး မိုဘိုင်းဆက်သွယ်ရေးဈေးကွက်ဖွံ့ဖြိးတိုးတက်မှုအမြန်နှုန်းအမည်စာရင်းတွင်စတုတ္ထနေရာ၌ တည်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

မြန်မာဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန် သောစာရင်းအရ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းပြန့်ပွားမှုနှုန်း မှာ ၆၅.၃၅-ရာခိုင်နှုန်းရှိပါသည်။ မြန်မာဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနဆက်သွယ်ရေးစီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိပုဂ္ဂိုလ် ဦးသန်းထွန်းအောင်က၊ လက်ရှိအချိန်တွင် လုပ်ငန်း၁၉၀-ကျော်တို့သည် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းနှင့် သက်ဆိုင်ရာ ဆက်သွယ်ရေးကုန်ပစ္စည်းများ တင်သွင်းရောင်းချခွင့်လိုင်စင် ရရှိခဲ့ပြီဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

အာရှသိပ္ပံနည်းပညာဝက်ဘဆိုဒ်မှ ၂၀၁၄-ခုနှစ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြန်မာအင်တာနက်သုံးစွဲသူ၄၉-ရာခိုင်နှုန်းသည် မိုဘိုင်းဖုန်းဖြင့်သာ အင်တာနက်တက်ကြ ခြင်းဖြစ်ကြောင်း၊ ယင်းသည် မြန်မာအင်တာနက်သုံးစွဲသူများအနေနှင့် မိုဘိုင်းအင်တာနက် အဆင့်ကာလသို့ တိုက်ရိုက်ရောက်ရှိလိုက်ပြီဖြစ်ခြင်းကို ဖော်ပြကြောင်း တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာက ရေးသားဖော်ပြပါသည်။

 

 

   Webradio