• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့တောင်အာရှဒေသ၏ စီးပွားရေးတိုးတက်နှုန်း ကျဆင်း

(GMT+08:00) 2015-09-23 17:02:13

အာရှဖွံ့ဖြိုးရေးဘဏ်က၊ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း ကျဆင်းလာခြင်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေး နှေးကွေးစွာနာလန်ပြန်ထူလာခြင်းတို့ကြောင့် အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်နှုန်းမှာ ယခင်က ခန့်မှန်းခြင်းနှင့်နှိုင်းယှဉ်ကြည့်လျှင် ကျဆင်းသွားနိုင်ဖွယ်ရာရှိကြောင်း၊ ၂၀၁၅-ခုနှစ်တွင် အရှေ့တောင်အာရှဒေသ၏ စီးပွားရေးတိုးတက်နှုန်းမှာ ၄.၉-ရာခိုင်နှုန်းမှ ၄.၄-ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဖြစ် ကြောင်း ယမန်နေ့၂၂-ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

ယမန်နေ့၂၂-ရက်နေ့မှ ထုတ်ပြန်သော အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာတွင်၊ ထိုင်းနိုင်ငံ၏စီးပွားရေးမှာ တဖြည်းဖြည်းနာလန်ပြန်ထူလာကြောင်း၊ သို့သော်လည်း အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နှစ်နိုင်ငံတို့၏ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုမှာမူ လျော့ကျလာကြောင်း၊ အရှေ့တောင်အာရှနိုင်ငံအချို့တွင် မိုးခေါင်ရေရှားမှုဖြစ်ပွားပြီး မြန်မာနိုင်ငံတွင် ရေဘေးဒဏ်ကြီးစွာခံခဲ့ရသဖြင့် လယ်ယာစိုက်ပျိုးရေးကို ထိခိုက်စေခဲ့ ကြောင်း၊ သို့သော် ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းမှာ ခန့်မှန်းထား သည်ထက် ပိုများမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

   Webradio