• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သန်းခေါင်စာရင်းကောက်ယူမှုရလဒ် မြန်မာ ထုတ်ပြန်

(GMT+08:00) 2015-06-03 17:15:53

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှုရလဒ်ကို လွန်ခဲ့သည့်မေလ၂၉-ရက်နေ့ က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း၅၁-သန်း၅-သိန်းရှိကြောင်း၊ ၄င်းထဲ တွင် အသက်၂၇-နှစ်အောက်အရွယ် ရာခိုင်နှုန်း၅၀-ရှိကြောင်း၊ စာတတ်နှုန်းမှာ ၈၉.၅- ရာခိုင်နှုန်းရှိကြောင်း မြန်မာတိုင်းမ်သတင်းကိုကိုးကား၍ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဝက်ဆိုဒ်တွင် ရေးသားဖော်ပြပါသည်။

      မြန်မာနိုင်ငံရှိ လူဦးရေ၃၂.၉-ရာခိုင်နှုန်းသည် မိုဘိုင်းဖုန်းပိုင်ဆိုင်သော်လည်း ၃.၅- ရာခိုင်နှုန်းသာ ကွန်ပြူတာပိုင်ဆိုင်ပြီး ၆.၂-ရာခိုင်နှုန်းသာ အိမ်တွင်အင်တာနက်တပ်ဆင် ထားကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ၄၉.၅-ရာခိုင်နှုန်းသည် ရုပ်မြင်သံကြားစက် ပိုင်ဆိုင်ပြီး ၃၅.၅-ရာခိုင်နှုန်းသည် ရေဒီယိုပိုင်ဆိုင်ကြကြောင်း၊ လူဦးရေ ၃.၁-ရာခိုင်နှုန်းသည် မော်တော်ကားသို့မဟုတ် ကုန်တင်ကား ပိုင်ဆိုင်ပြီး ၃၈.၇-ရာခိုင်နှုန်းသည် မော်တော် ဆိုင်ကယ်ပိုင်ဆိုင်ကာ ၂၁.၆-ရာခိုင်နှုန်းသည် နွားလှည်းနှင့် မြင်းလှည်းသုံးနေသေးကြောင်း သတင်းရရှိပါသည်။
   Webradio