• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တူညီသော နာကြည်းဖွယ်ကောင်းသည့် သမိုင်းရှိသဖြင့် တူညီသော ခံစားချက်ရှိဟု ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ပြော

(GMT+08:00) 2015-06-03 17:02:10

ဂျပန်မေဂျီစက်မှုတော်လှန်ရေးခေတ်တုန်းက ဂျပန်နိုင်ငံသည် တောင်ကိုရီးယား အလုပ်သမားများစွာကို အဓမ္မအလိုပ်စေခိုင်းခဲ့သောကြောင့် တောင်ကိုရီးယားအစိုးရက၊ တောင်ကိုရီးယားအလုပ်သမားများ၏ နာကြည်းမှုနှင့်ပတ်သက်ခဲ့သည့် ဂျပန်အဆောက် အအုံကို ကမ္ဘာ့အမွေအနှစ်စာရင်း ထည့်သွင်းရန် ကန့်ကွက်သည့်အပြင် သံတမန်ရေး နည်းလမ်းဖြင့် ၄င်းလုပ်ရပ်ကိုလည်း ကန့်ကွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ ပါသည်။

ယင်းနှင့်ပတ်သက်၍ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဟန်မင်ကို သည် လွန်ခဲ့သည့် သီတင်းပတ်က ဟနွိုင်းမြို့တွင် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဖွန်ကွမ်သန် နှင့် တွေ့ဆုံရာတွင်၊ ဂျပန်၏လုပ်ရပ်ကို တားဆီးရန်အတွက် တောင်ကိုရီးယား၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဗီယက်နမ်အနေဖြင့် နားလည်မှုပေးပြီး ထောက်ခံစေလိုကြောင်း ပန်ကြားခဲ့ပါသည်။

ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဖွန်ကွမ်သန် က၊ တူညီသော နာကြည်း ဖွယ်ကောင်းသည့် သမိုင်းရှိသဖြင့် တူညီသော ခံစားချက်ရှိကြောင်း၊ တောင်ကိုရီးယား အစိုးရ၏ပန်ကြားချက်ကို သက်ဆိုင်ရာဌာနများအား ထစ်ဆင့်ပြောကြားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဝန်ကြီး ဟန်မင်ကို က ပြောပါသည်။

   Webradio