• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီအာအိုင်ဌာနနဲ့အရှေ့တောင် အာရှနိုင်ငံအသီးသီးမှ မီဒီယာများ ပူးတွဲရွေးချယ်တဲ့ ၂၀၁၁-ခုနှစ်အရှေ့တောင်အာရှသတင်းကြီး၁၀-ရပ် ထုတ်ပြန်

(GMT+08:00) 2011-12-30 19:44:15

 

စီအာအိုင်ဌာနနဲ့အရှေ့တောင်အာရှနိုင်ငံအသီးသီးမှ မီဒီယာများ ပူးတွဲရွေးချယ်တဲ့ ၂၀၁၁-ခုနှစ်အရှေ့တောင်အာရှသတင်းကြီး၁၀-ရပ်ကို ဒီဇင်ဘာလ၃၀-ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပထမဆုံးသတင်းဟာ မြန်မာပြည်တွင်းပြုပြင်ပြောင်းလဲမှုနဲ့ ကျေအေးရေးလုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်ခြင်း၊

  ဒုတိယသတင်းဟာ ထိုင်းနိုင်ငံမှာ နှစ်၅၀-အတွင်း အကြီးမားဆုံးသောရေဘေးနဲ့ကြုံတွေ့ခဲ့ရခြင်း၊  

တတိယသတင်းဟာ တရုတ်နဲ့ဖိလစ်ပိုင်၊တရုတ်နဲ့ဗီယက်နမ်ခေါင်းဆောင်များဟာ တောင်ပင်လယ်အငြင်းပွားမှုနဲ့ပတ်သက်ပြီး အမြင်ချင်းပွင့်လင်းစွာဖလှယ်ခဲ့ကြခြင်း၊

စတုတ္တသတင်းဟာ  ယင်လတ်ဟာ ထိုင်းပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် အရွေးခံခဲ့ရခြင်း၊

  ပဉ္စမသတင်းဟာ၊ ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ၂၀၀၈-ခုနှစ်အပြင်းထန်ဆုံးသောနယ်စပ် တိုက်ခိုက်မှဖြစ်ပွားခဲ့ခြင်း၊

ဆဋ္ဌမသတင်းဟာအရှေ့အာရှထိပ်သီးအစည်းအဝေးတက်ရောက်သောနိုင်ငံတိုးများလာခြင်း၊

သတ္တမသတင်းဟာ တရုတ်နဲ့အာဆီယံဗဟိုဌာန တရားဝင်ဖွဲ့စည်းတည်ထောင်ခြင်း

အဋ္ဌမသတင်းဟာ အာဆီယံနိုင်ငံများရဲ့ငွေကြေးလုပ်ငန်း တဆင့်ဖွံ့ဖြိုးတိုးတက်ပြီး လာအို၊ကမ္ဘောဒီးယားနိုင်ငံများမှာ ပထမဆုံးစတော့ရှယ်ယာရောင်းဝယ်ရေးဌာန ဖွဲ့စည်းတည်ထောင်ခြင်း၊

န၀မသတင်းဟာ စင်ကာပူရွေးကောက်ပွဲမှာ နိုင်ငံရေးအခြေအနေပြောင်းလဲခြင်း၊

 ဒသမသတင်းဟာ တရုတ်သင်္ဘောသား၁၃-ဦး မဲခေါင်းမြစ် ရွှေတြိဂံဒေသမှာ သတ်ဖြတ်မှုခံရခြင်း တို့ဖြစ်ကြပါသည်။

     မြန်မာ(Myanmar news week journal )နှင့် (golden phoenix)သတင်းစာတို့သည် ရွေးချယ်ပွဲတွင်ပါဝင်သည်ဟုသိရပါသည်။

 

 

   Webradio