• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာနိုင်ငံရေးမှာပြန်လည်ပါဝင် ခြင်းဟာ မြန်မာဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက် ဆက်လက်တွန်းအားပေးမည်

(GMT+08:00) 2011-12-16 16:59:19

 

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ကို တရားဝင်အတည်ပြုခဲ့ပါတယ်။တရုတ် နိုင်ငံတကာဆက်ဆံမှု သုတေသနကောလိပ် အရှေ့တောင်အာရှရေးရာပညာရှင်(စုန့်ချင်းရွင့်)က မြန်မာအစိုးရသစ်ဟာ အရင်တုန်းက အဓိကပြိုင်ဖက်ကို နိုင်ငံရေးမှာပြန်လည်ပါဝင်ခွင့်ပေးခြင်းဟာ ၄င်းကျင့်သုံးတဲ့ ပြုပြင်ပြောင်းလဲမှုရဲ့ သက်ညှာထောက်ထားမှုကိုပြသပြီး မြန်မာပြုပြင်ပြောင်းလဲရေးကိုဆက်လက်တိုးမြှင့်စေရေးအတွက် တွန်းအားပေးမှာဖြစ်ပါ တယ်လို့ပြောကြားပါတယ်။

မစ္စတာ(စုန့်ချင်းရွင့်)က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်နိုင်ခြင်းဟာ မြန်မာပြုပြင်ပြောင်းလဲရေးမှာ အရေးကြီး ဆောင်ရွက်မှုတစ် ရပ်ဖြစ်သလို မြန်မာပြုပြင်ပြောင်းလဲရေးမှာအရေးကြီးအောင်မြင်မှုတစ်ခုဖြစ်ကြောင်း၊ မြန်မာအစိုးရသစ်ဟာ အရင်တုန်းက အဓိကပြိုင်ဖက်ကို နိုင်ငံရေးမှာပြန်လည်ပါဝင်ခွင့်ပေးခြင်းဟာ ၄င်းကျင့်သုံးတဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ သက်ညှာထောက်ထားမှုကိုပြသကြောင်း၊အဲဒီဆောင်ရွက်မှုဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲ ရေးသမိုင်းမှာ မှတ်တိုင်တစ်ခုဖြစ်ကြောင်းပြောကြားပါတယ်။ 

  ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀-ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဦးဆောင်ခဲ့ပြီး လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမဲ့ ရွေးကောက်ပွဲရလဒ်ကိုတပ်မတော်အစိုးရရဲ့ အသိ အမှတ်ပြုမှုမရရှိခဲ့ပါဘူး။၁၉၈၉-ခုနှစ်ကစပြီး  အာဏာပိုင်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေဖောက်ဖျက်မှုဖြင့် ၃-ကြိမ်စွဲချက်တင်ခဲ့ပြီး သူမကို ၁၅-နှစ်တိုင်တိုင် အကျယ်ချုပ်ချုပ်ထားခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်နိုင်ငံရေးပါတီဖြစ်ခဲ့ပေမဲ့၊မနှစ်က လွှတ်တော်ရွေးကောက်ပွဲကိုဖိဆန် မှုပြုခဲ့သည်ဟုဆိုပြီး နိုင်ငံရေးပါတီအဖြစ်မှ မှတ်ပုံတင်ခွင့်ပယ်ဖျက်ခြင်းခံခဲ့ရလို့၊မြန်မာနိုင်ငံ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင်နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။ယမန်နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့အနှစ်၂၀-ကျော်အတွင်း ပထမဆုံးအကြိမ်ပါတီစုံရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်ငြိမ်းချမ်းသာခွင့်ပြန်လည် ရရှိခဲ့ပါတယ်။ဒီနှစ် မတ်လကုန်က သမ္မတဦးသိန်းစိန်ဦးဆောင်သောအစိုးရ တက်လာခဲ့တဲ့နောက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များကို ဖေါ်ဆောင်ခဲ့ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေပြင်ဆင်ရေးဥပဒေကိုလဲ ထုတ်ပြန်ခဲ့ကာ နိုင်ငံရေးပါတီမှတ်ပုံတင်မှုနဲ့ အရွေးခံသူ၏ကိုယ်ရေးရာဇ၀င်အပေါ် ကန့်သတ်မှုများကို ဖျက်သိမ်းခဲ့ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ  ကျင်းပတော့မယ့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ မှာပါဝင်မယ်လို့ ဖေါ်ပြပြီဖြစ်ပါတယ်။ မစ္စတာ(စုန့်)က ဆက်လက်ပြီး

 အခု ဒေါ်အောင်ဆန်းစုကြည်ဟာ ပြုပြင်ပြောင်းလဲရေး ဘက်မှာ သမ္မတဦးသိန်းစိန်နဲ့သဘောတူညီမှုများရရှိပြီး  ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြုလုပ်မယ်လို့ ဖေါ်ပြကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အမတ်အဖြစ် အကယ်၍ အရွေးခံရင် မြန်မာနိုင်ငံတော်ပြုပြင်ပြောင်းလဲရေးနဲ့နိုင်ငံတော်ကျေအေးရေးအတွက် အပြု သဘောဆောင်သောအခန်းကဏ္ဍရှိမှာဖြစ်ကြောင်း၊အခု ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိရဲ့ သြဇါညောင်းမှုကိုစွမ်းဆောင်ပြီး မြန်မာနိုင်ငံနဲ့ အနောက်တိုင်းနိုင်ငံများအကြား ဆက်ဆံမှု ပြန်လည်ကောင်းမွန်စေဖို့၊မြန်မာနိုင်ငံပြည်တွင်းပြုပြင်ပြောင်းလဲရေးအတွက် ကောင်းမွန်သောပြင်ပပတ်ဝန်းကျင် တည်ဆောက်စေဖို့အတွက် ကြိုးစားနေကြောင်းပြောကြားပါတယ်။

 မြန်မာသမ္မတ(ဦးသိန်း စိန်)က မြန်မာနိုင်ငံပြုလုပ်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဟာ အနောက်တိုင်းနိုင်ငံများရဲ့ဒီမိုကရေစီနဲ့ မတူညီပါကြောင်း ပြီးခဲ့တဲ့လက အလေးအနက်ပြောကြားခဲ့ပါတယ်။ မစ္စတာ(စုန့်)က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအယူအဆဟာ လက်ရှိအစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးဆောင်၇ွက်မှုနဲ့မတူတာကြောင့် နောင်တွင်  ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအစိုးရနဲ့သဘောကွဲလွဲမှုတည်ရှိဖွယ်ရာကို မရှောင်လွဲနိုင်ကြောင်းပြောကြားပါတယ်။

  ဆက်လက်ပြီးမစ္စတာ(စုန့်)က မြန်မာနိုင်ငံပြည်တွင်း ပြုပြင်ပြောင်းလဲမှုရဲ့အကျိုးသက်ရောက်မှုကြောင့် အခု မြန်မာနိုင်ငံဟာ နိုင်ငံတကာနိုင်ငံခြားရေးဇါတ်ခုံပေါ်မှာ ပိုမိုတက်ကြွဖျတ်လတ်နေကြကြောင်း ၊မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးအခြေအနေဟာ အရင်တုန်းကရှိခဲ့တဲ့ အထီးကျန်အခြေအနေမှ လွတ်မြောက်နေပြီး ဒေသနဲ့ နိုင်ငံတကာဇါတ်ခုံပေါ်မှာ အပြုသဘောဆောင်သောအခန်းကဏ္ဍကို ဖေါ်ဆောင်သောနိုင်ငံ အဖြစ် ကြိုးစားဆောင်ရွက်နေပါတယ်။

   Webradio