• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၆-ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ်၁၈၂-ခုဖြင့် ပထမနေရာရရှိ

(GMT+08:00) 2011-12-02 16:33:54

 

၂၆-ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကိုဒီလ၂၂-ရက်နေ့ညက အင်ဒိုနီးရှားနိုင်ငံတောင်(ဆူမာချွှာ)ပြည်နယ်(ပါလီဘန်)မြို့တွင်ကျင်းပပြီးစီးခဲ့ရာ အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ်၁၈၂-ခုဖြင့် ပထမနေရာမှာရှိပါတယ်။

   ပြေပြစ်သင့်မြတ်ရေးမှသည်အောင်မြင်မှုဆီသို့ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပိတ်ပွဲ အခမ်းအနားကို(ပါလီမ်ဘန်)မြို့ရှိ(စရီဝီဂျာယာ)အားကစားကွင်းတွင်ကျင်းပခဲ့ရာ အင်ဒိုနီးရှားဒုသမ္မတ( ဘိုဒီအိုနာ)ဟာ ပိတ်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ ယခုအကြိမ်အားကစားပွဲတော်မှာ ထူးချွန်သောစံချိန်ရရှိခြင်းဟာ အရှေ့တောင်အာရှပြည်သူ များ၇ဲ့ အောင်သီးအောင်နှံဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံပြည်သူများအကြား ချစ်ကြည်ရေး ကိုတစ်ကမ္ဘာလုံးအားပြသလိုက်ခြင်းဖြစ်ကြောင်း ပြောကြားပါတယ်။     

   ၂၆-ကြိမ်မြောက် အရှေ့တောင်အာရှဖွင့်ပွဲအခမ်းအနားကိုယခုလ၁၁-ရက်နေ့က စတင် ကျင်းပခဲ့ပြီး ၁၂-ရက်ကြာကျင်းပခဲ့ရာ အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ်၁၈၂-ခု၊ငွေတံဆိပ် ၁၅၁-ခု၊ကြေးတံဆိပ်၁၄၃-ခုဖြင့် ဆုတံဆိပ်ရနိုင်ငံအမည်စာရင်းမှာပထမနေရာမှာရှိပြီး ထိုင်းနိုင်ငံနဲ့ဗီယက်နမ်နိုငငံက ဒုတိယနေရာနဲ့တတိယနေရာမှာရှိပါတယ်။

  ပိတ်ပွဲအခမ်းအနားမှာ ၂၀၁၃-ခုနှစ် ၂၇-ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်အိမ်ရှင်နိုင်ငံ မြန်မာနိုင်ငံအားကစားဝန်ကြီး (ဦးတင့်ဆန်း)ဟာ အရှေ့တောင်အာရှအားကစားပွဲတော်အလံ ကိုလွှဲပြောင်းယူ ကိုင်ဆောင်ပြီး  မြန်မာအနုပညာရှင်၅၀ကျော်တို့ဟာ မြန်မာ့ရိုးရာအကများနဲ့ တင်ဆက်ဖျော်ဖြေကပြခဲ့ပါတယ်။

   ကမ္ဘာဒီးယားဝန်ကြီးချုပ်(ဟုန်စိန်)က တစ်နိုင်ငံလုံးရဲ့ဘဏ္ဍရေးအင်အားကိုစုစည်းပြီး နိုင်ငံတော်တည်ဆောက်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၂၀-ခုနှစ်မတိုင်မီ အရှေ့တောင်အာရှအားကစားပွဲတော်ကို လက်ခံကျင်းပမှာမဟုတ်ကြောင်း ၂၃-ရက်နေ့က ဖနွမ်ပင်မြို့မှာပြောကြားပါတယ်။

  ၂၃-ရက်နေ့ကကျင်းပခဲ့တဲ့ စီးပွားရေးဖိုရမ်တစ်ခုမှာ ၀န်ကြီးချုပ်(ဟုန်စိန်)က ကမ္ဘောဒီးယားနိုင်ငံဟာ ပြည်တွင်းစစ်ပွဲ ၁၀-နှစ်ကျော်ကြာ ခံစားခဲ့ရလို့။တစ်နို်င်ငံလုံးရဲ့ အရင်းအမြစ်နဲ့ဘဏ္ဍာရေးအင်အားကိုစုစည်းပြီး နိုင်ငံတော်ထူထောင်ရေးကိုကြိုးစား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ဒါကြောင့်မို့လို့ ကမ္ဘာဒီးယားနိုင်ငံဟာ ၂၀၂၀-ခုနှစ်မတိုင်မီ အရှေ့တောင်အာရှအားကစားပွဲတော်လို အတိုင်းအတာကြီးမားသောအားကစားပြိုင်ပွဲကို လက်ခံကျင်းပမှာမဟုတ်ကြောင်းပြောကြားပါတယ်။

  ဒါ့အပြင် (ဟုန်စိန်)ဟာ ကမ္ဘောဒီးယားအားကစားသမားက မကြာမီက အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ ၂၆-ကြိမ်မြောက်အားကစားပြိုင်ပွဲမှာ စံချိန် ကောင်းကောင်းရရှိခြင်းအပေါ် ချီးကျူးကြောင်းပြောကြားပါတယ်။

  ကမ္ဘောဒီးယားအားကစားသမား(၁၆၀)ကျော်တို့ဟာ ဘောလုံး၊တင်းနစ်၊နပန်း၊တိုက် ကွန်ဒိုအပါအ၀င် ပွဲစဉ်၂၀-ရပ်မှာပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်၈-ခုအပါအ၀င် ဆုတံဆိပ် ပေါင်း၅၀ရရှိခဲ့ကြောင်းသတင်းအရသိရပါတယ်။

 

   Webradio