• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မဲခေါင်မြစ်ဝန်းဒေသတွင် တရားဥပဒေကျင့်သုံးရေးဆိုင်ရာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစည်းအဝေးကို ကျင်းပ

(GMT+08:00) 2011-11-03 17:45:59

မဲခေါင်မြစ်ဝန်းဒေသတွင် တရားဥပဒေကျင့်သုံးရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစည်းအဝေးကို မနေ့ ၃၁-ရက်နေ့က တရုတ်ပြည် ပီကင်း-မြို့မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ မဲခေါင်မြစ်ဝန်းဒေသမှာ တင်းမာတဲ့ လုံခြုံရေးအ ခြေအနေနဲ့ပတ်သက်ပြီး အဲဒီဒေသမှာ တရုတ်၊လာအို၊မြန်မာနဲ့ထိုင်း ၄-နိုင်ငံ တရားဥပဒေကျင့်သုံး ရေးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုစနစ်တည်ထောင်ရေး ကိစ္စကို ဆွေးနွေးကာ မဲခေါင်မြစ်ဝန်းဒေသတွင် တရားဥပဒေကျင့်သုံးရေးဆိုင်ရာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအစည်းဝေးမှတ်တမ်းအကျဉ်းချုပ်ကို အတည်ပြုပြဌာန်းပြီး မဲခေါင်မြစ် ၀န်းဒေသတွင် တရားဥပဒေကျင့်သုံးရေးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက် တဲ့ပူးတွဲကျေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ပြည်အခုခေတ်နိုင်ငံတကာဆက်ဆံ ရေးသုတေသနဌာနတောင်အာရှနဲ့ အရှေ့တောင်အာရှသုတေသနဌာနခွဲဒုဌာနမှူး (ကျန်းရွှေကန်)က တရားဥပဒေပူးတွဲကျင့်သုံးရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် ချုပ်ဆိုခြင်းဟာ ဘက်အသီးသီးတို့ရဲ့လိုအင်ဆန္ဒနဲ့အကျိုးစီးပွားအတွက် ကိုက်ညီပြီး အစ ပျိုးခန်းဖြစ်တဲ့တိုးတက်မှုဖြစ်ကြောင်း ယူဆပါတယ်။

မဲခေါင်မြစ်ဝန်းဒေသတွင် တရားဥပဒေကျင့်သုံးရေးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင် ရွက်မှုနဲ့ပတ်သက်တဲ့ပူးတွဲကျေညာချက်မှာ ဆောင်ရွက်မှုများပြုလုပ်ပြီး အမှုပူးတွဲစုံစမ်းစစ် ဆေးရေးကို တိုးမြှင့်ကာ အပြစ်ကျူးလွန်မှုကို ထိရောက်စွာတိုက်ဖျက်ရန် ၄-နိုင်ငံတို့က သ ဘောတူကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး (ကျန်းရွှေကန်)က

တရုတ်၊ထိုင်း၊မြန်မာနဲ့လာအို ၄-နိုင်ငံတို့ဟာ တရားဥပဒေကျင့်သုံးရေးဆိုင်ရာ လုံခြုံ ရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးကျင်းပပြီး တရားဥပဒေပူးတွဲကျင့်သုံးရေးပူးပေါင်း ဆောင်ရွက်မှုနဲု့ နယ်စပ်ဖြတ်ကျော်ပြီး ပူးတွဲကင်းလှည့်မှုတစ်ဆင့်တိုးမြှင့်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ဒါဟာ အစပျိုးခန်းဖြစ်တဲ့တိုးတက်မှုဖြစ်တဲ့အပြင်၊ တရုတ်ပြည်နဲ့အိမ်နီးချင်း နိုင်ငံများအကြား အပြန်အလှန်ယုံကြည်မှုနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးပွားလာတာ ကို ပြဆိုနေကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ်တိုးမြှင့်ခြင်းအားဖြင့် မြစ်ကြောင်း လုံခြုံရေးပိုမိုကောင်းမွန်စွာကာကွယ်ပေးပြီး အဲဒီမြစ်ကြောင်းကို ရွှေမြစ်ကြောင်းအဖြစ်  ပြောင်းလဲလာစေနိုင်တယ်လို့ ယုံကြည်ကြောင်း ဖေါ်ပြပါတယ်။

ကျန်းရွှေကန်က တရုတ်ပြည်နဲ့ အာဆီယံအဖွဲ့နိုင်ငံများအကြား မိတ်ဆွေဖြစ်အိမ်နီးချင်း ကောင်းဆက်ဆံမှုရှိကြောင်း၊ အပြစ်ကျူးလွန်မှုများပူးတွဲတိုက်ဖျက်ရေးဟာ ပူးပေါင်းဆောင် ရွက်မှုနဲ့ အပြန်အလှန်ယုံကြည်မှုကို တွန်းအားပေးနိုင်တယ်လို့ ယူဆပါတယ်။

သူက အဲဒီတရားဥပဒေပူးတွဲကျင့်သုံးရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ချုပ်ဆို ခြင်းဟာ ဘက်အသီးသီးတို့ရဲ့လိုအင်ဆန္ဒနဲ့အကျိုးစီးပွားကိုက်ညီကြောင်း၊မြစ်ကြောင်းလုံ  ခြုံရေးဟာ နိုင်ငံအသီးသီးတို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အဲဒီနိုင်ငံတွေရဲ့ပြည်တွင်းတည် ငြိမ်မှု၊နယ်စပ်ဒေသတည်ငြိမ်မှုတို့နဲ့ သက်ဆိုင်ကြောင်း၊ နိုင်ငံအသီးသီးတို့ဟာ အပြစ် ကျူးလွန်မှုကို အတူတကွတိုက်ဖျက်ရေးဟာ ပူးပေါင်းဆောင်ရွက်မှုနဲ့အပြန်အလှန် ယုံကြည်မှုတွန်းအားပေးရေးအတွက် အကျိုးရှိကြောင်း ဖေါ်ပြပါတယ်။

ကျန်းရွှေကန်က လုံခြုံရေးပတ်ဝန်းကျင်တစ်ဆင့်တိုးကောင်းမွန်ပြောင်းလဲလာတာနဲ့အ မျှ မဟာမဲခေါင်မြစ်ဒေသငယ်မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ဆင့်တိုးမြင့်လာပြီး  ဘက်အသီးသီးတို့ အတူတကွအနိုင်ရရှိရေးအကောင်အထည်ဖေါ်မယ်လို့ ယုံကြည်ကြောင်း ယူဆပါတယ်။

သူက လုံခြုံမှုမရှိရင် စီးပွားရေးစည်ပင်ဝပြောမှုမရှိကြောင်း၊ ဘက်အသီးသီးတို့ဟာ အဲဒီကိစ္စကို အလွန်ထောက်ခံကြတယ်လို့ ဖေါ်ပြပါတယ်။

   Webradio