• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

 ဖိလစ်ပိုင်နဲ့အမေရိကန်တပ်ဖွဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ပွဲပြုလုပ်

(GMT+08:00) 2011-10-26 12:07:03

ဒီလ၂၇-ရက်နေက တရုတ်နဲ့ဖိလစ်ပိုင် အငြင်းပွားနေတဲ့ ကျွန်း တစ်ခုရဲ့ကမ်းခြေမှာ ဖိလစ်ပိုင်နဲ့အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀ကျော်တို့ဟာ ကမ်းပေါ်တက်စစ်ရေး လေ့ကျင့်ပွဲပြုလုပ်ခဲ့ကြကြောင်း ဖိလစ်ပိုင်မီဒီယာက ဖေါ်ပြတယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်း စာမှသတင်းအရသိရပါတယ်။

ယခုလ၁၇-ရက်နေ့မှ ၂၈-ရက်နေ့အထိ အဆိုပါလေ့ကျင်ပွဲမှာ ဖိလစ်ပိုင်နဲ့ အမေရိကန်နှစ်နိုင်ငံရဲ့တပ်ဖွဲ့ဝင်ဦးရေ၁၀၀၀၊၂၀၀၀လောက်တို့ဟာ အသီးသီး ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။အမေရိကန်စစ်ဘက်ပြောခွင့်ရှိသူက ဒီူတကြိမ်စစ်ရေး လေ့ကျင့် ပွဲဟာတရုတ်နိုင်ငံ ကိုရည်စူးခြင်းမဟုတ်ကြောင်းပြောကြားပေမဲ့၊ အရှေ့တောင်အာရှမီဒီယာကတော့ ဖိလစ်ပိုင် နဲ့တရုတ်အကြား တောင်ပင်လယ်ကျွန်းများရဲ့အချုပ်အခြာအာဏာပိုင်ခွင့်ပြဿနာကြောင့် ဆက်ဆံမှုတင်းမာနေတာကြောင့်၊ဖိလစ်ပိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ကူညီမှုကိုလိုအပ်နေ ကြောင်းဖေါ်ပြပါတယ်။    

  ဖိလစ်ပိုင်နဲ့အမေရိကန်အကြားစစ်ရေးလေ့ကျင့်ပွဲပြုလုပ်နေတဲံအချိန်မှာ အမေရိ ကန်ကာကွယ်ရေးဝန်ကြီးသစ်(ပါနီတာ)ဟာ အင်ဒိုနီးရှား၊ဂျပန်နဲံတောင်ကိုရီးယားနိုင်ငံမှာ စတင်ခရီးလှည့်လည်ခဲ့ပါတယ်။ဒါဟာ ၄င်းရဲ့ပထမဆုံးအကြိမ်အာရှခရီးစဉ်ဖြစ်ပါတယ်။ (ပါနီတာ)ရဲ့ဒီတစ်ကြိမ်အာရှခရီးစဉ်ဟာ မဟာမိတ်နိုင်ငံများကိုအားပေးဖို့၊အမေရိကန်ရဲ့ မဟာဗျူဟာကိုပြုပြင်ဖို့ရည်ရွယ်ခြင်းဖြစ်ကြောင်း ၄င်းကပြောကြားပါတယ်။

   ၂၃-ရက်နေ့က (ပါနီတာ)ဟာ အင်ဒိုနီးရှားနိုင်ငံ(ဘာလီ)ကျွန်းမှာ အာဆီယံ၁၀-နိုင်ငံ မှကာကွယ်ေ၇းဝန်ကြီးများနဲ့ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ အမေရိကန်ဟာ အာဆီယံနိုင်ငံများနဲံ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်လိုကြောင်း၊အမေရိကန်ဟာ ပစိပိတ်နိုင်ငံတစ်နိုင်ငံဖြစ်လို့၊ ဒီဒေသဟာ မိမိနိုင်ငံအတွက် အစဉ်အမြဲအကျိုးစီးပွားရှိသလို၊မိမိတို့ကမဟာမိတ်နိုင်ငံအပေါ်ကိုလည်းကတိခံဝန်ချက်များရှိကြောင်းပြောကြားပါတယ်။

 ဘက်အသီးသီးတို့ဟာ ပင်လယ်လုံခြုံရေးပြဿနာအပေါ်အမြင်ချင်းဖလှယ်ခဲ့ကြ ပါတယ်။(ပါနီတာ)က အာဆီယံနိုင်ငံဟာ ဥပဒေအာဏာရှိတဲ့ တောင်ပင်လယ်မှာ အပြုအမူဆောင်ရွက်ရေးသတ်မှတ်ချက်ချမှတ်ဖို့ကိုအမေရိကန်က ထောက်ခံကြောင်း ပြောကြားပါတယ်။ဒါဟာ အမေရိကန်က တောင်ပင်လယ်လုံခြုံရေးရာမှာ တက်ကြွစွာပါဝင်နေတယ်ဆိုတာကိုပြဆိုနေကြောင်း ဂျပန်မီဒီယာကဖေါ်ပြပါတယ်။  

  (ပါနီတာ)ဟာ ၂၅-ရက်နေ့က ဂျပန်နိုင်ငံ(တိုကျို)မြို့မှာ ဂျပန်ဝန်ကြီးချုပ်(ယိုရှီဟီကို နိုဒါ) နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ထိုသို့တွေ့ဆုံရာမှာ (ယိုရှီဟီကို နိုဒါ)က ဂျပန်နဲ့ အမေရိကန်မဟာမိတ်ရဲ့အနှစ်သာရဟာ လုံခြုံရေးအာမခံမှုထားရှိဖို့ပဲဖြစ်ကြောင်၊ဂျပန် အနေနဲ့ အမေရိကန်နဲ့၇င်းနှီးစွာပူးပေါင်းဆောင်ရွက်ပြီး ကာကွယ်ရေးစွမ်းအားတိုးမြှင့်ဖို့ကြိုး စားမှာဖြစ်ကြောင်းပြောကြားပါတယ်။  

ဂျပန်ကာကွယ်ရေးဝန်ကြီးကလဲ မြောက်ကိုရီးယား၊ တရုတ်နဲ့ရုရှားအပါအ၀င်အိမ်နီးချင်းနိုင်ငံများရဲ့ လုပ်ဆောင်မှုများကိုထည့်သွင်းစဉ်းစားတဲ့ အနေနဲ့ ဂျပန်နဲ့အမေရိကန်အကြားမဟာမိတ်အဖွဲ့ကိုပိုမိုခိုင်မာစေဖို့လိုအပ်ပါကြောင်း ပြောကြား ပါတယ်။(ပါနီတာ)က ၁၀-နှစ်ကျော် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲပြီးနောက် အာရှဟာ အမေရိကန်ရဲ့ ဦးစားပေး မဟာဗျူဟာ သော့ချက်ဖြစ်သွားမှာဖြစ်ကြောင်းအမေရိကန်က အီရတ်၊အာဖဂန်နိုင်ငံများမှ တပ်ဖွဲ့ရုပ်သိမ်းခြင်းကြောင့် အာရှနဲ့ပစိပိတ်ဒေသကိုပိုမိုအရေး ထားနိုင်မှာဖြစ်ကြောင်း၊အမေရိကန်ဟာ အာရှနဲ့ပစိပိတ်နိုင်ငံဖြစ်တာမို့၊ဂျပန်နဲံအမေရိကန် အကြား နှစ်၅၀-ကျော်ကြာ မဟာမိတ်ဆက်ဆံမှုဟာ ပစိပိတ်ဒေသလုံခြုံရေးကိုအာမခံဖို့ အခြေခံပင်ဖြစ်ကြောင်း ပြောကြားပါတယ်။

 စင်ကာပူနိုင်ငံ အရှေ့တောင်အာရှရေးရာသူတေသနဌာနသုတေသီ(အီအန် စ်ဒိုရွှေ)က အမေရိကန်က အာရှနိုင်ငံမှာစစ်ရေးတည်ရှိမှုထိန်းသိမ်းဖို့ထပ်ခါတစ်လဲလဲ ကြေ ညာခြင်းဟာ အာရှနဲ့ပစိပိတ်ဒေသမှာ၎င်းရဲ့အကျိုးစီးပွားများကိုထိန်းသိမ်းစောင့်ရှောက်ပြီး မဟာမိတ်နိုင်ငံများရဲ့ စိုးရိမ်မှုကိုပပျောက်စေဖို့၊တရုတ်နိုင်ငံကိုရည်စူးဖို့ပဲဖြစ်ကြောင်းပြော ကြားပါတယ်။

  ဒါပေမဲ့၊အာရှနိုင်ငံတွေက အမေရိကန်တပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ပြုလုပ်ရာမှာ  ပိုပြီးချင့်ချင့်ချိန်ချိန်လုပ်နေတာကိုတွေ့ရပါတယ်။ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန် စစ်အခြေချစခန်းကိုဆန့်ကျင်သောဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်းအမေရိကန်နဲ့ဖိလစ်ပိုင်စစ်ရေးပြပွဲပြုလုပ်ခြင်းကိုဆန့်ကျင်မှုများဖြစ် ပွားခဲ့ပါတယ်။ဒေသခံပြည်သူလူထုတွေဟာ ပူးတွဲစစ်ရေးလေ့ကျင့်ပွဲဟာ ကောင်းကျိုးထက်ဆိုးကျိုးပိုကြီးမားပါ  ကြောင်း၊အမေရိကန်က ကိုယ်ကျိုးကိုရှာကြံနေခြင်းသာဖြစ်ကြောင်းဖေါ်ပြပါတယ်။  

   Webradio