• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းနိုင်ငံမှာ ၃-လကြာ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် ထိုင်းအမျိုးသားစီးပွားရေးတိုးတက်မှုကိုထိခိုက်

(GMT+08:00) 2011-10-20 17:44:01

 ထိုင်းနိုင်ငံမှာ ၃-လကြာ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် လူ ၃၁၅ဦးသေဆုံးပြီး ၃-ဦးပျောက်ဆုံးသွားကြောင်း ထိုင်းပြည်ထဲရေးဌာနက ၁၈-ရက်နေ့ကကြေညာပါတယ်။ ဒီရေဘေးကြီးကြောင့် ထိုင်းပြည်သူပြည်သားများရဲ့ အသက်နဲ့ဥစ္စာပစ္စည်းမြောက်များစွာနစ်နာဆုံးရှုံးစေခဲ့ပြီး ဘေးသင့်ဒေသရဲ့ စက်မှုထုတ်လုပ်မှု၊အစိုးရစီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသားစီးပွား ရေးတိုးတက်မှုများကိုထိခိုက်ခဲ့ပါတယ်။ဒိတစ်ကြိမ်ရေဘေးကြောင့် ပြန်လည်ထူထောင်ရေး ငွေကြေးဟာ အမေရိကန်ဒေါ်လာ သန်း၁၀၀၀ကျော်အထိရှိတယ်လို့ထိုင်းအစိုးရမှခန့်မှန်း ချက်အရသိရပါတယ်။

တစ်ပြည်လုံးရှိပြည်နယ်-၂၀ရှိ  စက်ရုံ ၁သောင်း၎-ထောင်ကျော်ဟာ ရေဘေးသင့်ခဲ့ရလို့၊ဘေးသင့်အလုပ်သမားဦးရေဟာ ၆သိန်း၆-သောင်းကျော်ရှိ ပါတယ်။ထိုင်း အလယ်ပိုင်းမှ(ပါသွန် သါနီ )ပြည်နယ်မှာ စက်ရုံ ၃၃၂၆ခုဟာ ရေဘေးသင့်ပြီး အလုပ်သမား၂-သိန်း ၂-သောင်းကျော်တို့ အလုပ်ရပ်စေခဲ့ရပါတယ်။(အာယူသျာယာ) ပြည်နယ်မှာလဲ ရေဘေးကြောင့် အလုပ်ရပ်ခဲ့ရတဲ့စက်ရုံပေါင်း ၃၀-ကျော်ရှိပြိး အလုပ်သမား ၁-သိန်းကျော်ဟာ အလုပ်လက်မဲဖြစ်စေခဲ့ပါတယ်။   ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မြောက်ပိုင်း (ပါသွန် သျာနီ)ပြည်နယ်(နာဗါနာကွန်) စက်မှုဇုန်နယ်ဟာ ရေဘေးအပြင်းထန်ဆုံးခံခဲ့ရပြီး စက်ရုံ၂၂၇ရုံဟာ ရေဘေးသင့်ခဲ့ပြီး ဘေး သင့်အလုပ်သမား ၁-သိန်း၇-သောင်း၅ထောင်ရှိပါတယ်။

    ထိုင်းနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ပစ်ကပ်ကာားထုတ်လုပ်သောနေရာဖြစ်ပါတယ်။ အောက်တိုဘာလနောက်ပိုင်း (တိုယိုတာ)၊(ဖေါ့ဒ်)၊(အီစူးဇူး)စတဲ့နိုင်ငံခြား မော်တော်ကား ကုမ္ပဏီဟာ ထိုင်းနိုင်ငံစက်ရုံမှာ ထုတ်လုပ်မှုရပ်စဲဖို့ အသီးသီးကြေညာခဲ့ပါတယ်။ထိုင်းနိုင်ငံ ဟာ အရှေ့တောင်အာရှဒေသမှာ အကြီးဆုံးမော်တော်ကားနဲ့ ကားစက်ကိရိယာအစိတ်အပိုင်းပ္စည်းများ ထုတ်လုပ်ရေးနေရာဖြစ်သလို၊ဂျပန်မော်တော် ကားစက်ရုံများရဲ့ နိုင်ငံခြားရှိအရေးကြီး ထုတ်လုပ်ရေးနဲ့ပို့ကုန်အခြေချစခန်းဖြစ်ပါတယ်။ ၁၈-ရက်နေ့အထိ ထိုင်းနိုင်ငံရှိဂျပန်လုပ်ငန်း၄၂၀ကျော်တို့ဟာ ဘေးသင့်ခဲ့ပြီး ထိုင်းနိုင်ငံရှိ ဂျပန်လုပ်ငန်းစုစုပေါင်းရဲ့ ၂၀-ရာခိုင်နှုန်းလောက်ရှိပါတယ်။မော်တော်ကားအစိတ်အပိုင်း ပစ္စည်းအချို့ဖြန့်ဖြူးမှု ရပ်စဲခြင်းကြောင့် ဂျပန်အဓိက မော်တော်ကားစက်ရုံများရဲ့ ထုတ်လုပ်မှု နဲ့ရောင်းချမှုကိုထိခိုက်ခဲ့ပါတယ်။ဒါအပြင်၊ကမ္ဘာ့အဓိက hard diskထုတ်လပ်ရေးကုန်သည် ဖြစ်တဲ့ အမေရိကန် (စီဂါတီ)ကုမ္ပဏီက ထိုင်းရေဘေးဟာ မိမိကုမ္ပဏီရဲ့ထုတ်လုပ်မှုပမာဏကိုထိခိုက် ဖွယ်ရာရှိကြောင်း သတိပေးပါတယ်။

   ထိုင်းဘဏ္ဍာရေးဝန်ကြီး(သျီရာချိုင်)က ထိုင်းမြောက်ပိုင်း၊အလယ်ပိုင်းဒေသမှာဖြစ် ပွားခဲ့တဲ့ ရေဘေးဟာ ထိုင်းစီးပွားရေးတိုးတက်နှုန်းကို ၁-ရာခိုင်နှုန်းမှ ၁့၇-ရာခိုင်နှုန်းအထိ လျော့ကျသွားမယ်လို့ခန့်မှန်းကြောင်း ၁၇-ရက်နေ့ကပြောပါတယ်။

    ဒိတစ်ကြိမ်ရေဘေးကြောင့် ထိုင်းစီးပွားရေးကို အမေရိကန်ဒေါ်လာ သန်း၄၉၀၀ နစ်နာဆုံးရှုံးစေခဲ့ပြီး ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးစုစုပေါင်းပမာဏရဲ့ ၁့၃ရာခိုင်နှုန်းမှ ၁့၅ရာ ခိုင်နှုန်းအထိရှိတယ်လို့ ထိုင်းကုန်သွယ်ရေးတက္ကသိုလ်က ခန့်မှန်းဖေါ်ပြပါတယ်။

 ထိုင်းဝန်ကြီးချုပ်(ရင်လတ် ရှင်နာဝပ်)က၊ ယခုနှစ်ရေဘေးကြီးကြောင့် ပြန်လည် ထူထောင်ရေးငွေကြေးဟာ အမေရိကန်ဒေါ်လာ ၃၃၀၀-သန်းအထိရှိမှာဖြစ်ကြောင်း၊ အစိုးရဟာ  စီးပွားရေးဌာနမှာငွေရင်းမြုပ်နှံမှုကိုတိုးများမှာဖြစ်ပြီး ရေဘေးကာကွယ်ရေး စနစ်ကိုဘက်စုံပြုပြင်မွမ်းမံမှာဖြစ်ကြောင်း  ၁၇-ရက်နေ့က ပြောကြားပါတယ်။

ထိုင်းကက်ဘိနက်အဖွဲ့ဟာ အမေ၇ိကန်ဒေါ်လာ သန်း ၂၆၄၀အထိရှိသော ပြန်လည်ထူ ထောင်ရေးဘတ်ဂျက်ငွေကိုအတည်ပြုမှာဖြစ်ကြောင်း ထိုင်း ရေဘေးကယ်ဆယ်ရေးဌာနမှ ထုတ်ပြန်ကြေညာပါတယ်။

  ရေဘေးကြောင့်၊ထိုင်းအစိုးရဟာ အနိမ့်ဆုံးလစာတိုးမြှင့်ရေးစီမံကိန်းဖေါ်ဆောင် ဖို့အချိန်ကို မူလကဇန္န၀ါရီလ၁-ရက်နေ့မှ ဧပြီလ၁-ရက်နေ့အထိရွှေ့ဆိုင်းသွားမယ်လို့ ၁၇-ရက်နေ့က ကြေညာပါတယ်။

   Webradio