• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်ဝန်ကြီးချုပ်(ယူရှီဟီကို-နိုဒါ)နဲ့ဖိလစ်ပိုင်သမ္မတ(အာကွီနို)တို့သည် ဂျပန်နိုင်ငံ (တိုကျို)မြို့ရှိဂျပန်ဝန်ကြီးချုပ်ရုံးမှာ ဆွေးနွေးပွဲပြုလုပ်ခြင်း

(GMT+08:00) 2011-10-02 17:49:04

 ဂျပန်ဝန်ကြီးချုပ်(ယူရှီဟီကို နိုဒါ)နဲ့ဖိလစ်ပိုင်သမ္မတ(အာ ကွီနို)တို့ဟာ ၂၇-ရက်နေညနေပိုင်းက ဂျပန်နိုင်ငံ(တိုကျို)မြို့ရှိဂျပန်ဝန်ကြီးချုပ်ရုံးမှာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက်တို့ဟာ မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုတိုးမြှင့်ရေး ဆိုင်ရာပူးတွဲကြေညာချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒါဟာ ဖိလစ်ပိုင်သမ္မတ(အာ ကွီနို)ရဲ့ ပထမဆုံးအကြိမ် ဂျပန်ခရီးစဉ်ဖြစ်ပြီး တောင်ပင်လယ်ပြဿနာအပေါ်မှာ ဂျပန်နိုင်ငံရဲ့ ထောက်ခံအားပေးမှုကိုရှာကြံဖို့ရည်ရွယ်ကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာက ဖော်ပြပါတယ်။

ထိုသို့တွေ့ဆုံရာမှာ၊ ဂျပန်ဝန်ကြီးချုပ်(ယိုရှီဟီနို နိုဒါ)က၊ဂျပန်နဲ့ဖိလစ်ပိုင်တို့ဟာ တူညီသောမဟာဗျူဟာ အကျိုးစီးပွားရှိပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ဆင့်တိုးမြှင့်ဖို့ဆန္ဒရှိကြောင်း၊နှစ်နိုင်ငံအနေနဲ့ အမေရိကန် သမ္မတက ပထမဆုံးအကြိမ်ပါဝင်မယ့် ယခုနှစ်နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတော့မယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးအတွက် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းလိုကြောင်းပြောကြားပါတယ်။ သမ္မတ (အာကွီနို)က   ယင်းအပေါ် သဘောတူညီပြီး ၀န်ကြီးချုပ် (ယိုရှီဟီနို နိုဒါ)က လာမယ့်နှစ်မှာ ဖိလစ်ပိုင်နိုင်ငံကို ခရီးလှည့်လည်ဖို့ဖိတ်ခေါ်ပါတယ်။

  နှစ်ဦးနှစ်ဖက်တို့ဟာ တောင်ပင်လယ် ရေလမ်းကြောင်း တည်ငြိမ်ရေးဟာ နှစ်နိုင်ငံစလုံးအတွက် အလွန်အရေးကြီးပါကြောင်း၊ဂျပန်ကာကွယ်ရေးရေတပ်နဲ့ဖိလစ်ပိုင် ရေတပ်အကြား ဆွေးနွေးပွဲပုံမှန်ပြုလုပ်ခြင်း   အားဖြင့် နှစ်နိုင်ငံပင်လယ်လုံခြုံရေးဘက်မှာပူပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူကြကြောင်း ဖေါ်ပြပါတယ်။

   ဆွေးနွေပွဲအပြီး နှစ်ဦးနှစ်ဖက်တို့ဟာ မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုတိုးမြှင့်ရေး ပူးတွဲကြေညာချက် ကိုလက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ပါတယ်။ထိုပူးတွဲကြေညာချက်မှာ နှစ်နိုင်ငံတို့ဟာ ပင်လယ်ရေလမ်းကြောင်း လုံခြုံမှုအာမခံရေးဆိုတဲ့တူညီသောမဟာ ဗျူဟာအကျိုးစီးပွားရှိပါကြောင်း၊နှစ်နိုင်ငံဆက်ဆံမှုကို မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုအ ဖြစ် တိုးမြှင့်ဖို့သဘောတူကြောင်းဖေါ်ပြပါတယ်။ထိုပူးတွဲကြေညာချက်မှာ စီးပွားရေး ပူး ပေါင်းဆောင်ရွက်ရေး၊ကုလသမဂ္ဂလုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲရေး၊ပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှု၊ ကလေးသူငယ်ကူးလူးဖလှယ်မှုဆိုင်ရာကိစ္စများပါဝင်ကြောင်း သိရ ပါတယ်။

ဂျပန်နဲဖိလစ်ပိုင်နှစ်ဖက်တို့ဟာ တောင်ပင်လယ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေးပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းဟာ တရုတ်ပြည်အပေါ်ရည်စူးခြင်းဖြစ်ကြောင်းဂျပန် မီဒီယာက ဖေါ်ပြပါတယ်။ဖိလစ်ပိုင်နဲ့တရုတ် နိုင်ငံအကြား နန်းရှားကျွန်းစုရဲ့ အချုပ်အခြာပိုင် မှုပြဿနာအပေါ်အချင်းပွားမှုရှိပြီး ဂျပန်နဲ့တရုတ်နိုင်ငံအကြား(တျောက်ယူ)ကျွန်းပြဿနာ မှာ အချင်းပွားမှုရှိပါတယ်။ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိက ဂျပန်နဲ့ဖိလစ်ပိုင်တို့  ဟာ လုံခြုံရေးပြဿနာမှာ တူညီသောအကျိုးစီးပွားရှိကြောင်းဖေါ်ပြပါတယ်။

   ဖိလစ်ပိုင်တက္ကသိုလ် အာရှသုတေသနဌာနမှ ဒေါက်တာ(အာလင် ဘာဝီရာ)က လုံခြုံရေးဟာ နိုင်ငံတိုင်းကို ဂယက်ရိုတ်ခတ်နေကြောင်း၊နိုင်ငံရေးနဲ့စီးပွားရေးဖက်မှာ တရုတ်နိုင်ငံကဦးမော့တောင့်တင်းလာပြီး အမေရိကန်က အားနည်းလာနေတာနဲ့အမျှ၊မူလကချိန်ခွင့်လျှာညီမှုဟာ ပြောင်းလဲနေကြောင်း၊ဒါကို မိမိတို့ စိုးရိမ်မကင်းဖြစ်မိကြောင်း မကြာမီက ပြောကြားပါတယ်။

   သမ္မတ(အာကွေနို)ရဲ့ဒီတကြိမ် ဂျပန်ခရီးစဉ်ဟာ ဖိစ်လစ်ပိုင်မှာ ဂျပန်နိုင်ငံ ငွေရင်း မြုပ်နှံမှုတိုးမြှင့်ဖို့ ပန်ကြား တဲ့တစ်ချိန်ထည်းမှာ တောင်ပင်လယ်ပြဿနာမှာ ဂျပန်နိုင်ငံရဲ့ ထောက်ခံအားပေးမှုရ၇ှိဖို့ကြိုးစားပါတယ်။ ဖိလစ်ပိုင်ဖက်ဟာ တောင်ပင်လယ်ပြဿနာကို အချင်းပွားမှုရှိတဲ့နိုင်ငံချင်းပြဿနာမှနေ ဒေသပြဿနာအဖြစ် မြှင့်တင်ဖို့၊တောင်ပင် လယ်ပြဿနာကို နိုင်ငံတကာပြဿနာဖြစ်စေဖို့ ကြိုးစားနေပါတယ်ခင်ဗျာ။  

   Webradio