• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်အာဆီယံလွတ်လပ်သောကုန်သွယ်ရေးဇုံနယ်တရားဝင်ဖွင့်လှစ်

(GMT+08:00) 2011-09-03 16:25:45

 ၂၀၁၀-ပြည့်နှစ်ဇန္န၀ါရီလ၁-ရက်နေ့က တရုတ်နှင့်အာဆီယံ လွတ်လပ်သောကုန်သွယ်ရေး

ဇုံနယ် တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ယင်းသည် ကမ္ဘာပေါ်၌လူဦးရေအများဆုံးလွတ်လပ်

သောကုန်သွယ်ရေုးံနယ်ဖြစ်သကဲ့သို့၊ကမ္ဘာ့တတိယအကြီးဆုံး လွတ်လပ်သောကုန်သွယ်

ရေးဇုံနယ်ဖြစ်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြင့် ဖွဲ့စည်းထားသည့်အကြီးမားဆုံးလွတ်လပ်သောကုန်

သွယ်ရေးဇုံနယ်လည်းဖြစ်သည်။

   တရုတ်နှင့်အာဆီယံ၁၀-နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် တရုတ်နှင့်အာဆီယံလွတ်လပ်

သောကုန်သွယ်ရေးဇုံနယ်တွင် စားသုံးသူဦးရေ သန်း၁၉၀၀ပါဝင်ပြီး ပြည်တွင်းကုန်ထုတ်

လုပ်မှုတန်ဖိုးစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ဘီလီယံ၆၀၀၀ရှိကာ ကုန်သွယ်မှုပမာဏ

အမေရိကန်ဒေါ်လာ ဘီလီယံ၄၅၀၀ရှိသည်။

   တရုတ်နှင့်အာဆီယံလွတ်လပ်သောကုန်သွယ်ရေးဇုံနယ် ဖွင့်လှစ်ခဲ့သည့်နောက် တရုတ်

နှင့်အာဆီယံဖအဖွဲ့ဝင်ဖြစ်သည့် ဘရူနိုင်း၊ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊မလေးရှား၊ထိုင်း၊စင်ကာပူ

နိုင်ငံများအကြား ၉၀-ရာခိုင်နှုန်းရှိသည့်ကုန်ပစ္စည်းများကိုသုညအခွန်ကောက်ခံမည်ဖြစ်

သည်။အာဆီယံအဖွဲ့ဝင်သစ်ဖြစ်သည့် ဗီယက်နမ်၊လာအို၊ကမ္ဘောဒီးယား၊မြန်မာနိုင်ငံသည်

လည်း ၂၀၁၅-ခုနှစ်မှစ၍ တရုတ်ပြည်နှင့်ကုန်သွယ်ရာတွင် ကုန်စည်၉၀-ရာခိုင်နှုန်းအပေါ်

သုညအခွန်ကောက်ခံရေးစနစ် ကျင့်သုံးမည်ဖြစ်သည်။

   အခွန်အကောက်များကိုတစ်စတစ်စဖျက်သိမ်းခြင်းသည် တရုတ်နှင့်အာဆီယံစီးပွားရေး

လုပ်ငန်းများအတွက်ပိုမိုအချောမောအဆင့်ပြေစေသည့်ဖွံ့ဖြိုးရေးစင်မြင့်တစ်ခုကိုဖန်တီးပေး

နိုင်မည်ဖြစ်သည်။

   Webradio