• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှထွန်းသစ်စနိုင်ငံများဟာလုပ်အားခတိုးမြှင့်ရေးကိစ္စ ပြဿနာကိုစဉ်းစားနေကြကြောင်း(၀မ်းကြိယွမ်း)ကပြောကြား

(GMT+08:00) 2011-08-26 19:01:48

      ကမ္ဘာ့အလုပ်သမားသမဂ္ဂမှ ထိုင်း၊ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံဆိုင်ရာဦးစီးဌာန

ညွန်ကြားရေးမှူးချုပ်(၀မ်းကြိယွမ်း)က အာရှထွန်းသစ်စနိုင်ငံများဟာ လုပ်အားခတိုးမြှင့်ရေး

ကိစ္စပြဿနာကိုစဉ်းစားနေကြကြောင်းမကြာမီက ပြောကြားပါတယ်။အခု မလေးရှား၊ထိုင်း၊ဗီယက်နမ်၊ကမ္ဘောဒီးယား၊လာအိုနိုင်ငံများဟာသက်ဆိုင်ရာမူဝါဒများနဲ့ပတ်သက်ပြီးကမ္ဘာ့အလုပ်သမားသမဂ္ဂအာရှနဲ့ပစိပိတ်ဒေသဦးစီးဌာနှကို မေးမြန်းနေကြပါတယ်။

ပြီးခဲ့တဲ့၁၀-နှစ်အတွင်း အာရှနိုင်ငံနဲ့ဒေသများစွာတို့ဟာ အနိမ့်ဆုံးလုပ်အားခစနစ်

ကျင့်သုံးခြင်း၊ဒါမှမဟုတ်သီးသန့်လုပ်ငန်းအနိမ့်ဆုံးလုပ်အားခစံချိန်သတ်မှတ်ခြင်းအားဖြင့်

လုပ်အားများရဲ့အနိမ့်ဆုံးဝင်ငွေအားမခံပေးခဲ့ပြီးကမ္ဘာ့အခြားနိုင်ငံများကိုအမီလိုက်နိုင်အောင်

ကြိုးစာနေကြကြောင်းး အမေရိကန် International Herald Tribune  သတင်းစာမှ မကြာမီက

ဖော်ပြပါတယ်။  

ကမ္ဘာ့အလုပ်သမားသမဂ္ဂရဲ့သုတေသနပြုစာရင်းအရ ပြီးခဲ့တဲ့၁၀-နှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံများရဲ့ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုးအနက် ၀င်ငွေရဲ့

အချိုးအစားဟာ ပိုမိုကျဆင်းလာတာကိုတွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်းများမှရရှိသောအမြတ်

အစွန်းများကိုဝန်ထမ်းများအတွက်ဝေခွဲခြင်းမရှိမှုကြောင့်ပါ။ဒါ့အပြင်၊တစ်ချို့နိုင်ငံများရဲ့

အနိမ့်ဆုံးလုပ်အားခတိုးမြှင့်မှုအရှိန်ဟာငွေကြေးဖေါင်းပွမှုတိုးမြှင့်မှုအရှိန်ကိုအမှီမလိုက်နိုင်ခဲ့ပါဘူး။

ဒီလိုအခြေအနေမျိုးသာရေ ရှည်ဖြစ်သွားရင် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်စေမှုအတွက် အကျိုးမရှိကြောင်း မစ္စတာ(၀မ်းကြိယွမ်း)ကပြောကြားပါတယ်။

   အခုအချိန်မှာ နိုင်ငံများစွာတို့ဟာ ဒီပြဿနာကိုစတင် ရိပ်စားမိခဲ့ပါတယ်။(ယင်လတ်-ရှိနာဝါချွာ)က

ဦးဆောင်းတဲ့ ထိုင်း ဗျူသိုင်းပါတီက အထွေထွေရွေးကေါက်ပွဲမှာ အနိမ့်ဆုံးနေ့စားခကို ဘတ်ငွေ၃၀၀အထိတိုးမြှင့်ဖို့စီစဉ်ကြောင်း အကြံပြုခဲ့ပါတယ်။ဒါဟာ ယခုထိုင်းနိုင်ငံရဲ့အနိမ့်ဆုံးနေ့စားခထက် ၄၀ရာခိုင်နှုန်းပိုများလို့ထိုင်းစက်မှုနဲ့ကုန်သွယ်ရေး

လောကရဲ့ကန့်ကွက်မှုကိုခံစားခဲ့ပါတယ်။ထိုင်းစက်မှုနဲ့ကုန်သွယ်ရေးသမဂ္ဂမှထုတ်ပြန်သော

သုတေသနပြုမှုမှာ ဒီမူဝါဒကိုတစ်ကယ်ကျင့်သုံးရင် ၃-လအတွင်း ထိုင်းနိုင်ငံမှာ လုပ်ငန်း ၁-သိန်း ၂-သိန်းလောက်

ဒေ၀ါလီခံသွားရမယ်လို့သတိပေးဖော်ပြပါတယ်။

   အနိမ့်ဆုံးလုပ်အားခတိုးမြှင့်ခြင်းအပေါ် လူအများရဲ့စိုးရိမ်မှု၂-ခုရှိပါတယ်။တစ်ခုက ငွေကြေးဖေါင်းပွမှုဖြစ်စေဖို့၊နောက်တစ်ခုကတော့ လုပ်အားအသုံးစရိတ်တိုးမြှင့်ခြင်းဟာ လုပ်ငန်းများရဲ့ယှဉ်ပြိုင်စွမ်းအားကိုထိုခိုက်စေဖို့ဘဲဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မစ္စတာ(၀မ်းကြိယွမ်း)က အာရှထွန်းသစ်စနိုင်ငံများရဲ့ငွေကြေး

ဖေါင်းပွမှုကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းဟာ လုပ်အားခတိုးမြှင့်မှုမဟုတ်ဘဲ ရေနံနဲ့

အခြားကုန်ကြမ်းပစ္စည်းများရဲ့ဈေးနှုန်း တိုးမြှင့်ခြင်းဘဲဖြစ်ကြောင်း၊လုပ်အားခကိုအသင့်

အတင့်တိုးမြှင့်ခြင်းဟာ အာရှဒေသများရဲ့နိုင်ငံခြားငွေရင်းအပေါ်စွဲဆောင်နိုင်စွမ်းကိုလျှော့ချ

မှာမဟုတ်ကြောင်းပြောကြားပါတယ်။

   Financial Times သတင်းစာမှမကြာမီက ဆောင်းပါးထုတ်ပြန်ရာမှာ အနောက်

တိုင်းဖွံ့ဖြိုးပြီးနိုင်ငံများက ငွေကြေးအကျပ်အတည်းဖြစ်နေတဲ့အခြေအနေမျိုးမှာ အရှေ့

တောင်အာရှနိုင်ငံများဟာ ကုန်စည်တင်ပို့မှုကိုဦးစားပေးသောစီးပွားရေးပုံစံကိုပြောင်းလဲ

သင့်ပြီး ပြည်တွင်းဝယ်လိုအားကိုတိုးမြှင့်သင့်ကြောင်း၊လုပ်အားခတိုးမြှင့်ခြင်းဟာ တစ်

နိုင်ငံလုံးရဲ့ဝယ်လိုအားတိုးမြှင့်ဖို့၊ပြည်တွင်းစားသုံးမှုနဲ့စီးပွားရေးတိုးမြှင့်ဖို့ သောချက်တစ်ခုဖြစ်ကြောင်း ရေးသားဖော်ပြပါတယ်။

စီးပွားရေးပညာရှင်များရဲ့ အမြင်အရ လက်ရှိပြဿနာတစ်ခုက အနိမ့်ဆုံးလုပ်အားခ

ကိုတိုးမြှင့်ဖို့လိုအပ်သလားဟူသောပြဿနာမဟုတ်ဘဲ လုပ်အားခကိုဘယ်လိုနည်းလမ်းဖြင့်

တိုးမြှင့်ခြင်းဟူသောပြဿနာဖြစ်ပါတယ်လို့ယူဆပါတယ်။ကမ္ဘာ့ဘဏ်အဆင့်မြင့်စီးပွားရေး

ပညာရှင်(ရိုဘာလီနို)က ယခုနှစ်ဖေဖေါ်ဝါရီလက မလေးရှားနိုင်ငံမှာခရီးလှည့်လည်ခဲ့ရာ

မှာ စီးပွားရေးလုပ်ငန်းများရဲ့အမြတ်အစွန်းကို အနိမ့်ဆုံးလုပ်အားခတိုးမြှင့်ဖို့အထောက်

အထားအဖြစ်ထားသင့်ပါကြောင်း အကြံပြုခဲ့ပါတယ်။

   အနိမ့်ဆုံးဝင်ငွေဟာ ၀င်ငွေနည်းပါးသောလုပ်အားနဲ့၎င်းတို့ရဲ့မိသားစုများရဲ့အခြေခံ

နေထိုင်မှုဘ၀ကိုအာမခံသင့်ပါကြောင်း စီးပွားရေးပညာရှင်ကဖော်ပြပါတယ်။ထိုင်း အစိုးရသစ်က လုပ်အားခတိုးမြှင့်ရေးဟာ ထိုင်းနိုင်ငံရဲ့လုပ်အားများရဲ့ နည်းပညာစွမ်းရည်

တိုးမြှင့်ဖို့၊အသုံးစရိတ်နည်းပါးမှုနဲ့ သယံဇါတများကိုလွန်စွာဖေါ်ထုတ်မှုများမှလွတ်မြောက်

စေနိုင်မှာဖြစ်ကြောင်းထိုင်းပညာရှင်ကယူဆပါတယ်ခင်ဗျာ။

 

 

 

   Webradio