• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်အပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီဥက္ကဌ(ကျာချင့်လင်း)သည် လာအိုဒုဝန်ကြီးချုပ်နှင့်တွေ့ဆုံ

(GMT+08:00) 2011-08-24 19:36:15

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်အပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီဥက္ကဌ

(ကျာချင့်လင်း)သည် ၂၄-ရက်နေ့က ပီကင်းမြို့တွင် လာအိုဒုဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီး

(ချုန်လုန်-စီစိုလီသ်ျ)နှင့်တွေ့ဆုံရာတွင်တရုတ်ဘက်သည်တရုတ်နှင့်လာအိုဘက်စုံမဟာဗျူဟာ

ပူးပေါင်းဆောင်ရွက်ရေးဆက်ဆံမှုအနှစ်သာရကိုဖြည့်စွက်စေရန် လာအိုဘက်နှင့်

အတူကြိုးပမ်းဆောင်ရွက်လိုပါကြောင်းဖြင့်ပြောကြားပါသည်။

(ကျာချင့်လင်း)က တရုတ်ဘက်သည် လာအိုပါတီနှင့်အစိုးရက တရုတ်ပြည်တစ်ပြည်

မူဝါဒကိုပြတ်သားစွာစွဲကိုင်ကျင့်သုံးရေးကိုချီးကျူးပြီး နှစ်နိုင်ငံနယ်ပယ်အသီးသီးမှပူးပေါင်း

ဆောင်ရွက်မှုတိုးချဲ့လိုပါကြောင်း၊တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်အပင်ခံကွန်ဖရင့်ပြည်လုံး

ဆိုင်ရာကော်မတီနှင့်လာအိုနိုင်ငံတော်တည်ဆောက်ရေးတပ်ပေါင်းစုနှင့်ကူးလူးဖလှယ်မှု

တိုးမြှင့်ရန်၊တရုတ်နှင့်လာအိုဆက်ဆံမှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကျိုးပြုစွမ်းဆောင်

ရန်မျှော်လင့်ကြောင်း ပြောကြားပါသည်။

(သျုန်လွန် စီစိုလီသ်ျ)ကလဲ လာအိုနိုင်ငံသည် လာအိုနှင့်တရုတ်ဘက်စုံမဟာဗျူဟာ

မိတ်ဖက်ဆက်ဆံမှု တဆင့် တိုးတက်စေရန် တရုတ်ဘက်နှင့် အတူကြိုးပမ်းဆောင်ရွက်လို

ကြောင်းပြောကြားပါသည်။

(သျုန်လွန် စီစိုလီသ်ျ)သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး(ယန်းကျယ်ချီ)၏ဖိတ်ကြား

ချက်အရ ယခုလ၂၂-ရက်နေ့မှ၂၆-ရက်နေ့အထိတရုတ်ပြည်သို့ ခရီးလှည့်လည်ခြင်းဖြစ်ပါ

သည်။

   Webradio