• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သက်ကြီးရွယ်အို ထိန်းသိမ်းရေး ဥပေဒေမူကြမ်းပြန်လည် ပြင်ဆင်ခြင်းအကြောင်း

(GMT+08:00) 2012-08-02 15:43:35

                       

 (←click here to listen)

မေအားမာန်-ချစ်ရတဲ့သောတရှင်များအားလုံး ကျန်းမာတော်မူကြပါစေလို့ ကျွန်မမေအားမာန်က ဆုတောင်းပတ္ထနာပြု လိုက်ပါတယ်ရှင်။

ဦးခင်မောင်ဝင်း- မင်္ဂလာညချမ်းလေးပါခင်ဗျာ၊ ကျွန်တော်ခင်မောင်ဝင်းပါ။

မေ-ဒီနေ့ တင်ဆက်ပေးချင်တဲ့ အကြောင်းလေးကတော့ တရုတ်ပြည်မှာ သက်ကြီးရွယ်အို ထိန်းသိမ်းရေး ဥပဒေမူကြမ်း ကိုပြန်လည်ပြင်ဆင် ပေးလိုက်တဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်ရှင်။

ဦး- အင်း အင်မတန်  မင်္ဂလာရှိတဲ့အကြောင်းလေးပေါ့ဗျာ။

မေ-ဟုတ်တယ်နော်၊ ဦးခင်မောင်ဝင်း ဘာလို့ဆိုတော့ လူဆိုတာ တစ်နေ့ထက်တစ်နေ့ ငယ်သွား တယ်ရယ်လို့ ရှိတာမှ မဟုတ်တာ၊ တစ်နေ့ပြီးတစ်နေ့ အသက်က ကြီး ကြီးသွားတာပဲ ဆိုတော့ လူ တိုင်းအတွက် အတော့်ကို အကျိုးရှိမယ့် ဥပဒေပဲနော်။

ဦး- ဟုတ်တယ်ဗျာ။ ကျွန်တော်ဆိုလည်း အသက်က တော်တော်ရနေပြီမို့ ဒီဥပဒေပြင်ဆင်မှုကို ကြား လိုက်ရတော့ ၀မ်းသာမိတာပေါ့ဗျာ။

မေ-အို..ဦးခင်မောင်ဝင်းကလည်း ဦးခင်မောင်ဝင်းရဲ့ အသက်ကဖြင့် ပြောရလောက်အောင်ကြီးသေး တာလည်းမဟုတ်ဘဲနဲ့။ အားမာန်ထင်တယ် သိလား ဦးခင်မောင်ဝင်းကို အခုမှ စတွေ့ဖူးတဲ့ သူတွေ က ပင်စင်ယူပြီးတဲ့ လူလို့တောင် ထင်မှာမဟုတ်ဘူး။

ဦး- ဟား..ဟား.. ဒါဆို ကျွန်တော်က နုနေတယ်လို့ ပြောချင်တာလားဗျာ။ ()ရေ နောက်ထပ်တော့ တစ်ချောင်းငင် ထပ်မထည့်လိုက်နဲ့တော့ဗျာ။ တော်ကြာ ကျွန်တော် လက်ပလိုဆီဆေးရုံကို သွားနေ ရဦးမယ်ဗျ။

မေ- ဟာ ဦးခင်မောင်ဝင်းကလည်း အားမာန်က အဲသဘောနဲ့ပြောတာမဟုတ်ရပါဘူးနော်။ အားမာန် ကို အ၀ိစိတော့ မပို့လိုက်ပါနဲ့ရှင်။ကြောက်တတ်တယ်ရှင့်။

ဦး-ဟုတ်ပါပြီဗျာ၊ အခုသက်ကြီးရွယ်အိုတွေအတွက် ပြင်ဆင်လိုက်တဲ့ ဥပဒေမူကြမ်းက ဘာကို အဓိပြင်လိုက်တာလဲဆိုတာကိုပြောပါဦး။

မေ- ဟုတ်ကဲ့၊ပြောပါမယ်ရှင်။ သားတွေသမီးတွေက အချိန်အားရင်၊ အရမ်းအလုပ်ရှုပ်နေရင်လည်း အားအောင်လုပ်ပြီး ကိုယ့်ရဲ့မိဘတွေကို ပြန်ပြီးကြည့်ရှုစောင့်ရှောက်ဖို့ကို အဓိကထားပြင်ဆင်လိုက် တာပါ။

ဦး- အင်း၊ ကျွန်တော်လည်း သတိရမိတာလေး တစ်ခုကိုပြောချင်သေးတယ်။ ဘာလဲ ဆိုတော့ ဟိုးအရင် ၈၀- ခုနှစ်ပိုင်းတုန်းတည်းက မယ်တစ်ရွာမောင်တစ်မြို့ အလုပ်လုပ်နေရတဲ့ အစိုးရ ၀န်ထမ်းတွေ အားလုံးကို နိုင်ငံတော်က တစ်နှစ်အတွက် ခွင့်ရက် တစ်လပေးလေ့ရှိတယ်။ အနေဝေး နေတဲ့ဇနီးမောင်နှံတွေအတွက်ပေါ့။

မေ- အော ဒါဆို၊ မိန်းမက တစ်လ၊ ယောကျာ်းက တစ်လ ရတာလားရှင်။

ဦး- အော်၊ ဒီလိုတော့ ဘယ်ရပါ့မလဲဗျာ။ အဲသလိုသာ တစ်ဖက်စီတစ်လ ရတာဆိုရင် တစ်နှစ်လုံးမှာ သူတို့အလုပ်လုပ်ရတဲ့ အချိန်က ဆယ်လပဲ ရှိတော့မပေါ့။

မေ- ဟိဟိ အားမာန်က နောက်တာပါ။ အင်း ဒါဆို လူလွတ်တွေအတွက်ဆိုရင်ကောရှင်။

ဦး- အင်း သူတို့အတွက်လည်းပေးပါတယ်။ သူတို့ကတော့ ရက်နည်းနည်း နည်းတယ်။ ရက် ၂၀ ပဲ ရတယ်။ နောက်ပြီး အိမ်ထောင်သည်တွေရဲ့ မိဘတွေက နယ်မှာဆိုရင်လည်း သူတို့အတွက် လေး နှစ်တစ်ကြိမ် ခွင့်ရက် ၂၀ ပေးတယ်။ မိဘတွေကို ပြန်ပြီး ကြည့်၊ အတူတူနေခွင့်ရအောင်ပေါ့။

မေ- အော ဒါဆို အားမာန်တို့ စီအာအိုင်ဌာနရဲ့ ၀န်ထမ်းတွေရတဲ့ ခွင့်ရက်လေးတွေ အကြောင်းကို လည်းပြောပြပေးပါဦး။

ဦး- စီအာအိုင် က ဒု-၀န်ကြီးအဆင့်ရှိတဲ့ ဌာနကြီးဖြစ်လို့ နယ်က လာပြီး အလုပ်လုပ်တဲ့ ၀န်ထမ်းတွေ ကိုဆိုရင် တစ်နှစ်အတွက် ခွင့်ရက် ၂၀ ရမယ်။ ပြီးတော့ လမ်းခရီးမှာ ကြန့်ကြာနေတတ်တာရယ်၊ စနေ၊တနင်္ဂနွေရယ် ပေါင်းလိုက်ရင် တစ်လလောက်တော့ ဖြစ်သွားတာပေါ့။

မေ- အင်းဒါဆို အားမာန်တို့ဌာနကလူတော်တော်များများက နယ်ကများတယ် မဟုတ်လား။

ဦး- ဟုတ်တယ်၊ ကြိုင်ကြိုင်နဲ့ဇင်မာနွယ်ပဲ ပီကင်းကပါ။

မေ- အော် အဲလိုခွင့်ရက်က အလုပ်သမားတိုင်းရကြတာပေါ့နော်။

ဦး- အဲလိုလည်း မဟုတ်ဘူးဗျ၊ အဲဒိသတ်မှတ်ချက်က ၁၉၈၁ ခုနှစ်က စထုတ်တာဆိုပေမဲ့ ဌာနတော် တော်များများက မလိုက်နာကြဘူး။ ပြီးတော့ အစိုးရအမှုထမ်းဆိုတာကလည်း လူနည်းစုပါပဲ။ အဲဒါ ကြောင့် ခွင့်ရက်ရှည်ရပြီး မိဘတွေကို ပြန်ပြီးကြည့်ရှုစောင့်ရှောက်ဖို့ အခွင့်အရေးက ပိုနည်းနည်း လာတယ်။

မေ- အော ဒါဆို ဦးခင်မောင်ဝင်းပြောချင်တာကို ပုဂ္ဂလိပိုင်ဝန်ထမ်းတွေက အဲဒိလို အခွင့်အရေးမျိုး မရကြဘူးပေါ့နော်။

ဦး- ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အစိုးရ၀န်ထမ်းဆိုပေမဲ့လည်း ခွင့်ရက်ရှည်အတွက်တော့ လစာမဖြတ်ပေမဲ့ အဲလိုအလုပ်မဆင်းတဲ့ရက်တွေဆို ဆုကြေးငွေကိုတော့ဖြတ်တယ်ဗျ။ ဒါကြောင့် ဆုကြေးတော့ဘယ်သူမှ အဖြတ်မခံချင်ကြဘူးလေ။

မေ- အောအဲဒိစံနစ်ကို အစိုးရဌာနတိုင်းကကျင့်သုံးလေ့ကော ရှိလားရှင်။

ဦး- အင်း အဲလိုတော့ ဌာနတိုင်းကမကျင့်သုံးလို့သာ အခုလို ခွင့်ရက်ရှည်ယူပြီး မသွားချင်တာဘဲ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်လေ။ နောက်ပြီးတော့ တချို့ကလည်းကိုယ်ခွင့်ယူရင် ကိုယ့်အစား တခြားသူက အလုပ်တွေပိုသွားမှာစိုးလို့ မပြန်တာလည်းရှိမယ်လို့တော့ ထင်ပါတယ်။

မေ-အင်း နောက်တစ်ခုဖြစ်နိုင်တာက ကိုယ်ပြန်သွားရင် ကိုယ့်နေရာမှာ တခြားသူကို အစားထိုး လိုက်မှာစိုးလို့မပြန်တာလည်း ရှိနိုင်တယ်နော်။

ဦး-ဟုတ်တယ်၊ ရှိပါတယ်။အခုလို အစိုးရကဥပဒေမူကြမ်းပြင်လိုက်တာကလည်း နယ်ကလာလုပ်တဲ့ အလုပ်သမား တွေကို အခွင့်အရေးပေး၊လေးစားလို့ ဒီလိုလုပ်လိုက်တာပဲ ဖြစ်မယ်ဗျာ။

မေ- ဟုတ်ပါတယ်၊ အတော့်ကို လေးစားစရာကောင်းပြီး အလုပ်သမားတွေအတွက် သတင်းကောင်း လေးပေါ့နော်။ ဟုတ်ကဲ့ ဦးခင်မောင်ဝင်းရေ ပြောရတာလည်း အားမရဘူးရှင် ပြောကောင်းတုန်း အချိန်က စေ့စေ့သွားလို့ ဒီတစ်ပတ်တော့ ဒီနေရာမှာပဲ ရပ်လိုက်ရဦးတော့မယ်ရှင်။ နားဆင်အားပေး ကြတဲ့ သောတရှင်များအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်။ ပျော်ရွှင်သာယာတဲ့ ဘ၀ခရီး လမ်းကိုချောမောစွာ လျှောက်လှမ်းနိုင်ကြပါစေရှင်။

 

   Webradio