• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမှိုက်ထဲကရွှေ

(GMT+08:00) 2012-05-18 18:06:55

(←click here to listen) ကျွန်မအမြင်၊ ကျွန်တော့်အတွေးအစီအစဉ်လေးကို ကလစ်လေး တစ်ချက် နှိပ်ရုံနဲ့ နားဆင်လို့ရပါပြီ။

မေအားမာန်-သောတရှင်များအားလုံး ကျန်းမာချမ်းသာတော်မူကြပါစေလို့ ကျွန်မ မေအားမာန်က ဆုမွန်းကောင်း တောင်း နှုတ်ခွန်းဆက်သလိုက်ရပါတယ်ရှင်။

ဦးခင်မောင်ဝင်း- သောတရှင်များ မင်္ဂလာညချမ်းလေးပါ ခင်ဗျာ၊

မေ-ဒီနေ့ အားမာန်တို့တင်ဆက်ပေးမယ့် အကြောင်းအရာလေးကတော့ အမှိုက်ထဲကရွှေ လို့တောင် တင်စားပြီးပြောလိုက်ချင်ပါတယ်ရှင်၊

ဦး- အမလေး၊ ညွှန်းလှချည်လား အားမာန်ရေ။

မေ-ဟုတ်တယ်လေ၊ ဦးခင်မောင်ဝင်းရဲ့၊ အခုခေတ်ကြီးမှာ နိုင်ငံတိုင်းလိုလိုက အဲဒိ အမှိုက်တွေ အတွက်ကောင်း နိုးရာရာတွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်နေကြပြီပဲ မဟုတ်လားရှင်၊

ဦး- ဟုတ်တယ်ဗျာ၊ အဲဒိ အမှိုက်လို့ ခေါ်တဲ့လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေက လူတွေအတွက်ကောင်း ကျိုးဖြစ်စေသလို၊ ဆိုးကျိုးတွေလည်းဖြစ်စေတယ် မဟုတ်လားဗျာ။

မေ-အဲဒါတော့ အမှန်အကန်ပဲရှင်၊ ဒါဆို ဒီနေ့ လူတွေရဲ့စွန့်ပစ်ပစ္စည်းတွေထဲက ရွှေဖြစ်လာတာရှိ သလို၊ ဆိုးကျိုးဖြစ်စေတဲ့အကြောင်းလေးတွေကို အားမာန်တို့သိထားမြင်ထားသမျှကို ပြောကြပါစို့။

ဦး-ဟုတ်ကဲ့၊ဒါဆို အားမာန်ကို မေးခွန်းတစ်ခွန်းအရင်မေးကြည့်မယ်နော်၊ အဲဒိ စွန့်ပစ်ပစ္စည်းတွေထဲက ရွှေ ဖြစ်တာကများသလား၊ ဆိုးကျိုးဖြစ်တာကများသလား၊ ဘယ်လိုထင်လဲ ပြောပါဦးဗျာ။

မေ- အို ဒါကတော့ ဦးခင်မောင်ဝင်းရယ်၊ အားမာန်တို့ လက်တွေတောင် အတိုအရှည် အမျိုးမျိုးရှိ သေးတာမဟုတ်လား၊ ဒါဆို စည်းကမ်းတကျသုံးမယ်၊လုပ်မယ်ဆိုရင် ရွှေဖြစ်တာများမယ်၊ ဒီလိုမှ မဟုတ်ဘဲ ကိုယ်လုပ်ချင်သလိုလုပ်မယ်ဆိုရင်တော့ ဆိုးကျိုးဖြစ်ဖို့များတယ်လေ၊ ဒါကြောင့် အားမာန် တို့နေတဲ့ ကမ္ဘာ့ရွာကြီးသာယာလှပဖို့ လူတိုင်းလူတိုင်းက ရွှေဖြစ်အောင်ကြိုးစားလို့ ရတာပဲလေ။

ဦး-အင်း၊ဒါလည်းဟုတ်တာပဲဗျာ၊ အခုပီကင်းမှာဆို သန့်ရှင်းရေးဝန်ထမ်းတွေက အမှိုက်သရိုက်တွေ ကိုအမျိုးအစားခွဲပြီးအမှိုက်ပုံးထဲ စွန့်ပစ်ဖို့လိုက်လံနှိုးဆော်နေသလို၊ သူတို့ကိုယ်တိုင်ကလည်း တစ်ချို့ လူတွေခွဲခြားမလွှတ်ပစ်ခဲ့ဘူးဆိုရင် လုပ်ပေးနေကြတယ်။

မေ-ဟုတ်တယ်၊ ပီကင်းကကျယ်ကလည်းကျယ်၊ လူကလည်းများဆိုတော့ အမှိုက်ကလည်း သိတဲ့ အတိုင်းများပြီး သားပေါ့နော်၊ ပီကင်းကို မပြောပါနဲ့ဦး၊ အားမာန်တစ်ယောက်တည်း အကြောင်းကိုပဲ ပြောရမယ်ဆိုရင် အားမာန်နေတဲ့ အိမ်က ပြောရလောက်အောင်လည်းမကျယ်ပါဘူး။ သင့်တင့်ရုံပါ။

ဒါပေမဲ့ တစ်နေ့တစ်နေ့ထွက်လိုက်တဲ့အမှိုက်တွေ၊အားမာန်ရဲ့အခန်းမှာ အမှိုက်ခြင်းတွေအမျိုးအစား တစ်ခါတည်းခွဲထား လိုက်တယ်လေ၊

ဦး- အော၊ဟုတ်လား၊ဘယ်လိုများခွဲထားတာလဲ၊ ပြောပါဦး၊

မေ-အားမာန်က အမှိုက်တွေကိုလွှင့်ပစ်မယ်ဆိုရင် တစ်ရှုးဆိုရင်တစ်ရှုးခြင်းထဲထည့်၊ ပလပ်စတစ်တို့ ကျွတ်ကျွတ်အိတ်တို့ဆိုတစ်ခြင်း၊ ပြီးတော့ မီးဖိုချောင်ကစွန့်ပစ်ပစ္စည်းဖြစ်တဲ့ စားကြွင်းစားကျန်တို့ဆို ရင်တစ်ခြင်းဆိုပြီး သုံးမျိုးလောက်တစ်ခါတည်းခွဲထားလိုက်တယ်လေ၊ဒါဆို ကိုယ်လွှင့်ပစ်မယ်ဆို လည်းအဆင်သင့်လေးပဲလေ၊ ပြီးတော့ သန့်ရှင်းရေးဝန်ထမ်းတွေလည်းအလုပ်သက်သာတာပေါ့။

ဦး- ကောင်းတယ်ဗျာ။

မေ-ပီကင်းမှာဆို အမှိုက်ပုံးတွေကို Recycle(ပြန်လည်အသုံးပြုလို့ရတာ)ရယ်၊ မီးဖိုချောင်ကထွက် တဲ့စားကြွင်းစားကျန် အမှိုက်စတဲ့အဲဒါနဲ့ဆိုင်တာရယ်၊ပြီးတော့ တခြားအမှိုက်ထည့်ဖို့ရယ်ဆိုပြီး အိမ် တွေရဲ့အောက်မှာ၊အနီးမှာ အမှိုက်ပုံးသုံးပုံးတော့ရှိတာပဲမဟုတ်လား။ လူတွေက စည်းကမ်းတကျ  စွန့်ပစ်ဖို့ပဲလိုတယ်လေ။ စည်းကမ်းသာရှိ မယ်ဆိုရင် အားမာန်တို့ ကမ္ဘာလောကကြီးလည်း သန့်ရှင်း သာယာလှပနေမှာနော်။

ဦး- မှန်လိုက်လေဗျာ။ဒါနဲ့ အမှိုက်ထဲကရွှေဖြစ်တဲ့ အကြောင်းလေးကိုသောတရှင်တွေလည်းသိရ အောင်ပြောပါဦး()ရဲ့

မေ-ဟုတ်ကဲ့၊ပြောပါမယ်ရှင်၊ ဒါပေမဲ့အဲဒါမပြောခင် ဦးခင်မောင်ဝင်းရော အိမ်ကောင်းကောင်းတစ် လုံးကို ဈေးပေါပေါနဲ့ မလိုချင်ဘူးလား။

ဦး- အော ဘယ်လိုပြောလိုက်တာပါလိမ့်၊လိုချင်တာပေါ့ဗျာ။

မေ-ဟီး… အားမာန်လည်းလိုချင်လို့လေ၊ အဲဒါဟိုနေ့ကဖတ်လိုက်ရတယ် စတုရန်းကီလိုမီတာ ၂၀၀ ကျော်ရှိပြီး၊အိပ်ခန်း၅ခန်း၊သန့်စင်ခန်း၂ခန်းနဲ့တစ်ဝက်ပါတဲ့အိမ်တစ်လုံးကို အမေရိကန်ဒေါ်လာ တစ် သိန်းပဲတဲ့။

ဦး- ဟင်ဟုတ်လား၊ ဘယ်မှာလဲ၊ ကျွန်တော် တော်တော်လေးစိတ်ဝင်စားတယ်ဗျာ။

မေ-သိတယ်လေ၊ ဦးခင်မောင်ဝင်းလည်းစိတ်ဝင်စားလာမယ်ဆိုတာကိုပေါ့။ အင်းဒါဆို ဦးခင်မောင် ၀င်း အမေရိကန်ကိုသွားဝယ်လိုက်ပါနော်၊ ဟင် အမေရိကန်ကလည်း ပီကင်းလိုပဲ အိမ်ဈေးနှုန်းတွေ ဒီလောက်ကြီးတာ၊ မနောက်ပါနဲ့ အားမာန်ရယ်။

မေ-အော ဦးခင်မောင်ဝင်းရယ် အားမာန်က လူကြီးကိုနောက်ပါ့မလားရှင်၊ တကယ်ပြောတာပါ။ အကြောင်းစုံမသိသေးတော့ ဦးခင်မောင်ဝင်းက အားမာန်ပြောတာကို မယုံဘူးပေါ့၊ အားမာန် ရေရေလည်လည်ရှင်းပြပါမယ်၊ဒီလိုလေ အမေရိကန်လူမျိုး ဖိလစ်ဆိုတဲ့ လူတစ်ယောက်ဟာ လွန်ခဲ့ တဲ့ (၁၀)နှစ်လောက်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကစွန့်ပစ်ထားတဲ့ အိမ်ဆောက်ပစ္စည်း အကြွင်းအကျန်တွေ၊စွန့်ပစ်အမှိုက်တွေကို စုပြီးဆင်းရဲတဲ့သူတွေအတွက်ဆိုပြီး ဈေးသက်သာတဲ့ အိမ်ကိုဆောက်လုပ်ပေးခဲ့တယ်တဲ့၊ အဲဒိလို အိမ်ကို သာမန်အလုပ်သမားလေးတစ်ယောက်က ၀ယ်ခဲ့တာပါတဲ့ရှင်၊

ဦး- အော၊ အခုမှပဲ ရေလည်သွားတော့တယ်ဗျာ၊ ပီကင်းမှာ အဲလိုရှိရင်လည်း ကောင်းမယ်ဗျာ။

မေ- ဟုတ်တယ်နော်၊ နေဦး၊ အားမာန်ပြောတာ မပြီးသေးဘူး၊ လူတွေမသုံးတော့တဲ့ ပစ္စည်းတွေနဲ့ ဆောက်တာဆိုတော့ စွန့်ထားတာတွေကလည်း အမျိုးစုံ၊ဆိုက်စုံပေါ့။ ဒါဆို အိမ်ပုံစံတွေကလည်း မတူဘူးလေ၊ပြီးတော့ စောစောက အားမာန်ပြောတဲ့ထဲမှာ သန့်စင်ခန်း ၂ ခန်းနဲ့တစ်ဝက်ဆိုတာ သတိထားမိလိုက်မှာပါနော်၊ အဲဒါက စွန့်ပစ်ပစ္စည်းတွေရသလောက်နဲ့ သုံးထားရတာမို့ အဲလို တစ် ၀က်တစ်ပျက်ဖြစ်နေတယ်လို့ အားမာန်တော့ထင်တယ်ရှင်၊

ဦး- အင်း ကျွန်တော်လည်း သတိထားမိလိုက်တယ်၊ မေးတောင်မေးဦးမလို့လေ၊ ()က အပြောစော သွားလို့။

မေ-ပြီးတော့ အမှိုက်ဆိုတာက ပတ်ဝန်းကျင်ကိုထိခိုက်စေသလို၊လူ့ကျန်းမာရေးကိုလည်း ထိခိုက်စေ နိုင်တဲ့အမျိုးမဟုတ်လား၊ ဒါကြောင့် အမှိုက်ဆိုရင် သေချာလွှင့်ပစ်ရမှာ ဖြစ်သလို၊သေချာအသုံးချ တတ်ဖို့လည်းလိုတယ်လေ။ များသောအားဖြင့်အမှိုက်ဆိုတာ သတ်မှတ်ထားတဲ့နေရာမှာမြှုပ်ရမယ်၊ ပြီးတော့လိုအပ်တဲ့အပူချိန်မှာမြေသြဇာပြန်ဖြစ်စေရမယ်၊တစ်ချို့ကိုဆို မီးရှို့ဖျက်ဆီးရမယ်လို့ နိုင်ငံ တိုင်းလိုလိုကသတ်မှတ်ချက်တွေရှိတတ်တယ်မဟုတ်လား။

ဦး- ဟုတ်တယ်၊တရုတ်ပြည်မှာတော့ အမှိုက်တွေကိုမြှုပ်ပစ်တာနဲ့မြေသြဇာဖြစ်အောင်လုပ်တဲ့ နည်း ၂ နည်းကိုပဲ သုံးပါတယ်။မီးရှို့ဖျက်ဆီးဖို့ဆိုတာက ကုန်ကျစရိတ်သိပ်ကြီးတယ်လေ၊ ဒါဆိုမြို့ကြီးတွေ၊

စီးပွားရေးထွန်းကားတဲ့နေရာတွေလောက်မှာပဲ လုပ်လေ့ရှိကြပါတယ်၊

မေ- ဟုတ်ကဲ့ပါ၊ ဒါကြောင့် အားမာန်တို့ကစပြီး ကမ္ဘာ့ရွာကြီးမှာ နေထိုင်သူများအားလုံး အမှိုက်ထဲက ရွှေဖြစ်အောင်လုပ်နိုင်ကြာပါစေလို့ ဆုတောင်းရင်း အချိန်ကလည်းပြည့်သွားပြီမို့ ဒီတစ်ပတ်အစီ အစဉ်လေးကို ဒီမျှနဲ့ရပ်နားခွင့်ပြုပါရှင်၊စောင့်မျှော်နားဆင်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါ

တယ်။

   Webradio