• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မာလာ

(GMT+08:00) 2011-09-07 15:37:14

ကျမခင်မာလာနီပါ၊ ကျမကိုမာလာလို့ခေါ်ရင်လည်းရပါတယ်နော်၊ ဘာဖြစ်လို့ လည်းဆိုတော့၊ကျမကိုမာလာလို့ခေါ်တာပိုပြီး ရင်းနှီးမှုရှိတယ်လို့ခံစားမိလို့ပါ ရှင်။ဒါ့ကြောင့်၊ကျမကိုစာရေးဆက်သွယ်တဲ့အခါ၊အီးမေးလ်ပေးပို့တဲ့အခါ၊အထူးသဖြင့်၊တယ်လီဖုန်းနဲ့ဆက်သွယ်တဲ့အခါမှာ၊မာလာလို့ခေါ်ပြီးစကားစမြည်ပြော၊
စာလွှာလေးတွေပါးကြတဲ့သောတရှင်များဟာ၊ ကျမကိုရင်းရင်းနှီးနှီးနဲ့ပိုပြီးချစ် ခင်တဲ့သူ၊သံယောဇဉ်ပိုရှိတဲ့သူလို့၊ မှတ်ယူလိုက်မယ်နော်၊ ဟဲဟဲ၊ မာလာက
လျှောက်ပြောတာပါ၊ဘယ်လိုပဲခေါ်ခေါ်၊ သောတရှင်တွေအားလုံးကမာလာ့ကို ချစ်တယ်လို့သိပါတယ်နော်။
မာလာ့အကြောင်းမိတ်ဆက်ရရင်တော့၊ကူမင်းမြို့ရဲ့၊သာယာလှပတဲ့ဆောင်ဦးကာလရက်လေးတစ်ရက်မှာ၊မာလာ့ကိုမွေးတာလေ၊ကူမင်းမြို့ဟာပန်းမန်အလှ    နတ်မြို့တော်ဆိုတာလူတိုင်းသိပါတယ်နော်၊မာလာက အဲ့ဒီ့ရောင်စုံပန်းမာလာ တွေလောက်မလှပေမဲ့၊ ကူမင်းမြို့ရဲ့ပန်းမန်တွေကတော့၊ မာလာ့လောက်လှ    တယ်သိလား။
မာလာထမ်းဆောင်နေတဲ့ တာဝန်အကြောင်းပြောရမယ်ဆိုရင်၊ စီအာအိုင်မှာ အလုပ်လုပ်နေတဲ့နှစ်များအတွင်းမှာ၊ မာလာကနေ့စဉ်နေ့တိုင်းသတင်းတွေကို ဘာသာပြန်ပြီးအသံလွှင့်တင်ဆက်တယ်၊ပြီးတော့၊ တရုတ်ပြည်အကြောင်းသိ ကောင်းစရာအခန်း၊တရုတ်တိုင်းရင်းသားလူမျိုးစုအခန်း၊ တရုတ်ယဉ်ကျေးမှု ခရီးစဉ်ကဏ္ဍ၊တရုတ်နဲ့အာဆီယံအခန်းစတဲ့အစီအစဉ်တွေကို တာဝန်ယူနေခဲ့ တာပေါ့၊အခုဆိုရင်တော့၊အစီအစဉ်သစ်လေးဖြစ်တဲ့ ကမ္ဘာမဝေးမင်းအနားမှာ နေအစီအစဉ်ကို၊စတင်လုပ်ဆောင်နေပါတယ်၊အဲဒီအစီအစဉ်ကို၊မာလာကဘာ ဖြစ်လို့၊ ကမ္ဘာမဝေးမင်းအနားမှာနေလို့ အမည်ပေးထားသလဲဆိုတော့၊ကမ္ဘာ့ နိုင်ငံတွေဟာ၊မြန်မာသောတရှင်များနဲ့ဘယ်လောက်ပဲဝေးကွာပါစေ၊ကမ္ဘာပေါ်မှာဖြစ်ပွားနေတဲ့အရေးကြီးကိစ္စတွေ၊ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာကောင်းတာ မှန်သမျှတွေကို၊သောတရှင်အနား၊ချက်ချင်းဆိုသလို၊ကြားမြင်နိုင်အောင်သယ်ဆောင်ပေးဘို့၊အစွမ်းကုန်ကြိုးစားချင်လို့ပဲပေါ့၊ဒါ့ကြောင့်ဘယ်အကြောင်းအရာ၊
ဘာကိစ္စပဲဖြစ်ဖြစ်၊သောတရှင်တွေနားကို၊အချိန်မှီရောက်လာတော့မှာနော်။

   Webradio