• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မာနင်း၊ မခင်အေး။

(GMT+08:00) 2011-09-06 17:07:48

 

 

ကျွန်မကိုသိလားဟင်၊ ကျွန်မဟာ သောတရှင်များအတွက် သီချင်းကောင်းကောင်းလေးတွေ ရွေးချယ်တင်ဆက် ပေးနေတဲ့သူပေါ့၊ ကဲ မှန်းလို့ရပြီလား၊ အင်း ဟုတ်တယ်လေ၊ ကျွန်မနာမည် ခင်အေးပေါ့၊ ကျွန်မ တရုတ်နာမည်က မာနင်းလို့ခေါ်တယ်၊ ကျွန်မက ပီကင်းသူစစ်စစ်လေ၊ ပီကင်းသူပီကင်းသားတွေဟာ စိတ်ထားပွင့်လင်းရိုးသားတယ်၊ သူများ အပေါ်ကူညီတတ်တယ်၊ ကျွန်မလည်း ဒီလိုပါပဲရှင်။

 

ကျွန်မရဲ့အလုပ်အကိုင်အကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင်၊ ကျွန်မဟာ ဘ၀ဆိုတဲ့လမ်းမကြီးပေါ် မှာ မြန်မာ စာ၊ မြန်မာဘာသာနဲ့ ခလုတ်တိုက်မိတယ်လေ၊ ဇာတ်လမ်း တွေ ရုပ်ရှင်တွေထဲကလိုပေါ့၊ မင်းသားနဲ့ မင်းသမီးလမ်းမှာ ခလုတ်တိုက်မိလို့၊ ဇာတ်လမ်းပါ သွားသလိုပဲ၊ ကျွန်မလည်း မြန်မာဘာသာနဲ့ ခလုတ်တိုက် ပြီးနောက်ပိုင်းမှာ စီအာအိုင် မြန်မာဘာသာဌာနရယ်၊ မြန်မာသံရုံးရယ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့တွေရယ်၊ မြန်မာလူမျိုးတွေရယ်၊ မြန်မာ သတင်း၊ မြန်မာသီချင်း၊ အို မြန်မာနဲ့ပတ်သက်တာမှန်သမျှနဲ့ ရေစက်ပါသွား တော့တာပါပဲရှင်၊ အခုကျွန်မစီအာအိုင်မြန်မာဘာ သာဌာနမှာ အလုပ်ဝင်တာငါးနှစ်ကျော်သွားပြီလေ၊ အလုပ်ဝင်တဲ့ကာလတလျှောက်မှာ ကျွန်မဟာ သတင်းတွေကို ဘာသာပြန်တယ်၊ ကျွန်မသူငယ်ချင်းလုပ်ဖေါ်ကိုင် ဖက်ခင်နုယဉ်နဲ့အတူ တနင်္ဂနွေနေ့တိုင်း တေးဂီတအခန်းကို သောတရှင်များအတွက် တင်ဆက်တယ်၊ နောက်ပိုင်းမှာလည်း သောတရှင်များ အတွက် ကောင်းနိုးရာရာအစီအစဉ် လေးတွေကို တင်ဆက်ပေးဖို့ ကြိုးစားသွားမယ်နော်။

 

ကျွန်လေခုထက်ထိ မြန်မာနိုင်ငံကို တစ်ခါမှ မရောက်ဖူးသေးဘူး၊ ဒါကြောင့် မြန်မာနိုင်ငံကို ပညာတော်သင် သွားဖို့ လျှောက်ထားလိုက်တယ်၊ အင်း ပညာတောင်သင်အဖြစ် မြန်မာနိုင်ငံကို သွားရမယ်ဆိုရင်၊ သူတို့ ကျွန်မရှေ့မှာ ပြောပြောနေကြတဲ့ ရွှေတိဂုံဘုရားတို့၊ မန္တလေးတို့၊ ပုဂံတို့၊ ချောင်းသာတို့၊ မုန့်ဟင်းခါးတို့၊ အုန်းနို့ခေါက်ဆွဲတို့၊ ရွှေရင် အေးတို့၊ ကောက်ညှင်းပေါင်းတို့ အားလုံးကိုမြည်းစမ်းမယ်လို့ အခုထဲက အားခဲထား တယ်သိလား။

 

   Webradio