• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အေးသန္တာဆွေ

(GMT+08:00) 2011-09-06 15:05:30

 

ရုပ်ရှင်ကြိုက်တယ်၊ ခွေးလေးတွေဆိုချစ်တယ်၊ အင်တာနက်တက်ရတာကို သဘောကျတယ်။ အားရင်တော့ ပင်လယ်ကမ်းခြေကိုပဲ သွားလည်ချင်နေတတ်တယ်။ အဲဒါကျမအေးသန္တာဆွေပေါ့ရှင်။ ကျွန်မအကြောင်း မိတ်ဆက်ရမယ်ဆိုရင်တော့၊ ကျွန်မဟာ ၂၀၀၆ခုနှစ်က ပီကင်းတက္ကသိုလ်ကနေ မြန်မာစာအဓိကနဲ့ဘွဲ့ရပြီးနောက်မှာ စီအာအိုင်မြန်မာပိုင်းအစီအစဉ်က အသက်အငယ်ဆုံး ၀ိုင်းတော်သားတစ်ယောက် ဖြစ်လာတာပေါ့ရှင်။ အဲဒီအချိန်တုန်းကပြောတာနော်၊ အဲဒီနောက်မှာတော့ တရုတ်နဲ့အာဆီယံအခန်း၊ တေးလက်ဆောင်၊ နေ့စဉ်တေးအစီအစဉ်ထုတ်လွှင့်ခဲ့တယ်လေ။ သိပ်မကြာခင်မှာတော့ သောတရှင်များပျော်ရွှင်စေဖို့အတွက် အစီအစဉ်သစ်တွေကို စီစဉ်ထုတ်လွှင့်ဖို့စီစဉ်နေတာပေါ့ရှင်။ အဲဒီအစီအစဉ်တွေမှာ ၀ိုင်းတော်သားတွေနဲ့အတူတူ ထွေရာလေးပါးတွေပြောတယ်၊ သီချင်းလေးတွေကိုထုတ်လွှင့်ပေးမယ်လေ။ သောတရှင်များ၊ ကြိုက်ကြမှာလားဟင်း။

အော်၊ ပြောရအုံးမယ်။ ကျွန်မမြန်မာပြည်ကို နှစ်ခေါက်တောင်ရောက်ဖူးတယ်သိလား။ မြန်မာပြည်မှာတုန်းကဆိုရင် မြန်မာအစားအစာတွေကို နေ့တိုင်းလိုလိုစားကောင်းကောင်းနဲ့စားလို့ ၀ိတ်တွေလည်းတရိပ်ရိပ်တက်လာလိုက်တာလေ။ ပီကင်းပြန်ရောက်တော့မှ ပြန်ဝိတ်ချရတယ်။ မြန်မာအစားအစာတွေကိုတော့ အားလုံးလိုလိုကိုကြိုက်တယ်။ ဘာတွေအကြိုက်ဆုံးလဲလို့မမေးပေမယ့် ဖြေချင်တယ်နော်။ အကြိုက်ဆုံးကတော့ ထောပသီးဖျော်ရည်ရယ်၊ ရှမ်းပြည်ကလာတဲ့ခရမ်းချင်သီးရယ်၊ အုန်းနို့ခေါက်ဆွဲ မွှေးမွှေးလေးရယ်၊ ရွှေရင်အေး အေးအေးလေးရယ်၊ အင်း ပြောရင်းပြောရင်း သွားရည်တောင်ကျလာပြီနော်။ ပြီးတော့ ကြိုက်တာတွေအများကြီးရှိသေးတယ်။ သွားရည်တွေအများကြီးကျလာမှာစိုးလို့ ဆက်မပြောတော့ဘူးနော်။ သောတရှင်တို့ရေ နောင်အခါအခွင့်သင်ရင်လည်း ကျွန်မအေးသန္တာဆွေဟာ မြန်မာပြည်က လှပသာယာတဲ့ ရှုခင်းလေးတွေကို ကြည့်ရှုခံစားရင်းနဲ့ မြန်မာအစားအစာ အရသာကောင်းကောင်းလေးတွေကိုလည်း စားလိုက်ချင်ပါသေးတယ်နော်။

   Webradio