• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စားဝတ်နေရေး အမှားနဲ့အမှန် ( ၃)

(GMT+08:00) 2014-07-30 13:24:25

အသံတိုးတိုး စာဖတ် (×)

အသံကျယ်ကျယ် စာဖတ်ရင် ဦးနှောက်အတွင်း အောက်ဆီဂျင်ဓါတ် ပေးဝေမှုကို တိုးလာ စေနိုင်ပြီး ဦးနှောက်ရဲ့ အပြင်သားကို ပိုမို သွက်လက် ရှင်သန် လာစေကာ မေ့လျော့တတ်ခြင်း၊ စာလုံးပေါင်းတာ မှားတတ်ခြင်း၊ တိကျမှန်ကန်စွာ စကားမပြောတတ်ခြင်း စတဲ့ ဝေဒနာတွေကို လျော့နည်းလာစေနိုင်တယ်။ နေ့တိုင်း ဆယ်မိနစ်ကျော်ကြာ အသံကျယ်ကျယ် စာဖတ်ရင် မှတ်ဥာဏ် အားကောင်းလာစေ နိုင်ပြီး အိုမင်းမှုဖြစ်စဉ် ကိုနှေးကွေးလာစေနိုင်တဲ့အပြင် အဆုတ်ရဲ့အသက်ရှူ ပမာဏလည်း တိုးလာ စေနိုင်ကာ  စိတ်အင်အားပြည့်ဖြိုးလာစေနိုင်တယ်။

ရေမွှေးကို ခုတင်နားမှာထား ()

    အနံ့နဲ့ အရသာ  အာရုံဟာ လူတွေရဲ့ မှတ်ဥာဏ်ကို ပိုမို ခိုင်မြဲ လာစေနိုင်ပြီး ပျော်ရွှင်မှုကို ဆောင်ကြဉ်း လာစေနိုင်ကာ ဦးနှောက်ညောင်းမှုကှို ပြေစေနိုင်တယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ ရေမွှေးနဲ့ သစ်သီး အပါအဝင် အနံ့ကောင်းတဲ့ပစ္စည်းတွေကို ခုတင်နားမှာ ဒါမှမဟုတ်ရင် ရုံး စားပွဲပေါ်မှာ တင်ထားတာဟာ အကျင့်ကောင်းပဲ ဖြစ်ပါတယ်။

   Webradio