• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စားဝတ်နေရေး အမှားနဲ့အမှန် ( ၂ )

(GMT+08:00) 2014-07-16 12:21:14

 

ဖိနပ်မစီးဘဲ ကြမ်းပြင်ပေါ် လမ်းလျှောက် (×)

လူငယ် တော်တော်များများဟာ ဖိနပ်မပါခြေဗလာနဲ့ ကြမ်းပြင်ပေါ်မှာ လမ်းလျှောက်လေ့ ရှိတယ်။ အဲဒါဟာ ကျန်းမာရေးအတွက် ဆိုးကျိုး ဖြစ်စေတတ်တယ်။ ခြေထောက်ဟာ လူရဲ့ ဒုတိယ နှလုံး ဖြစ်တယ်လို့ ဆိုစမှတ် ပြုနေကြတယ်။ ခြေထောက် နွေးထွေးအောင် အအေးမမိအောင် ပြုမူနေထိုင်ဖို့ လွန်စွာ အရေးကြီးတယ်။ နံနက် စောစော အိပ်ရာထတဲ့အခါ ခြေထောက်ဟာ ပြင်ပက အပူချိန်နဲ့လိုက် လျောညီထွေမဖြစ်သေးတဲ့အတွက် ကြမ်းပြင်ပေါ်ဖိနပ်မပါဘဲလျှောက်ရင် အအေးမိတတ်တယ်၊ ဗိုက်အောင့်၊ ဝမ်းလျှော တတ်တယ်။ အချိန်ကြာလာတဲ့အခါ အစာအိမ်နဲ့ အူ ကျန်းမာရေးကို ထိခိုက်တတ်တယ်။ဒါကြောင့်မို့လို့ အကောင်းဆုံးကတော့ကြမ်းပြင်ပေါ်မှာ ပျော့တဲ့ ဂွင်းထိုးဖိနပ်(သို့)ညှပ်ဖိနပ် တစ်ရံကို စီးထားသင့်ပါတယ်။

 

အသံတိုးတိုး စာဖတ် (×)

အသံကျယ်ကျယ် စာဖတ်ရင် ဦးနှောက်အတွင်း အောက်ဆီဂျင်ဓါတ် ပေးဝေမှုကို တိုးလာ စေနိုင်ပြီး ဦးနှောက်ရဲ့ အပြင်သားကို ပိုမို သွက်လက် ရှင်သန် လာစေကာ မေ့လျော့တတ်ခြင်း၊ စာလုံးပေါင်းတာ မှားတတ်ခြင်း၊ တိကျမှန်ကန်စွာ စကားမပြောတတ်ခြင်း စတဲ့ ဝေဒနာတွေကို လျော့နည်းလာစေနိုင်တယ်။ နေ့တိုင်း ဆယ်မိနစ်ကျော်ကြာ အသံကျယ်ကျယ် စာဖတ်ရင် မှတ်ဥာဏ် အားကောင်းလာစေ နိုင်ပြီး အိုမင်းမှုဖြစ်စဉ် ကိုနှေးကွေးလာစေနိုင်တဲ့အပြင် အဆုတ်ရဲ့အသက်ရှူ ပမာဏလည်း တိုးလာ စေနိုင်ကာ  စိတ်အင်အားပြည့်ဖြိုးလာစေနိုင်တယ်။

   Webradio