• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အကြိုက်လွန် အစားအစာနဲ့ ရောဂါဝေဒနာ (၂)

(GMT+08:00) 2014-03-11 16:16:15

ပေါင်မုန့်ကို အရမ်းကြိုက်ရင်

ပေါင်မုန့် အပါအဝင် ကာဗွန်ဟိုက်ဒရိတ်ဓါတ် အများကြီး ပါတဲ့ အစားစာကို တအား စားချင်တယ် ဆိုတာ စိတ်ဖိစီးမှု ဝေဒနာ ခံစားနေရဖွယ်ရာ ရှိတယ်လို့ အချက်ပြတာပါ။

ပရိုးတင်းဓါတ် များတဲ့ အစားအစာ စားရင် သွေး အကြည်ဓါတ် ထွက်ပေါ်လာမှုကို လျော့နည်းလာစေနိုင်လို့ စိတ်ချမ်းမြေ့မှု ခံစားချက်လည်း လိုက်ပြီးတော့ လျော့ပေါ့ လာနိုင်တယ်။ ဒါပေမယ့် ကာဗွန်ဟိုက်ဒရိတ်ဓါတ်ကတော့ သွေးအကြည်ဓါတ် ထွက်ပေါ်မှု တိုးတလာစေနိုင်ပြီး ပျော်ရွှင်တဲ့ခံစားမှု တိုးလာစေနိုင်ပါတယ်။

 

 

မဆလာမုန့်ကို လွန်ကဲစွာ ကြိုက်ရင်

မဆလာမုန့် အပါအဝင် အရသာ ပြင်းတဲ့ အစားအစာကို စွဲစွဲလမ်းလမ်း စားနေတယ် ဆိုရင်၊ ဇင်ဓါတ် ချို့တဲ့နေတဲ့ ဝေဒနာနဲ့ ပါကင်စွန်ရောဂါကို သတိထားသင့်ပါတယ်။

ဇင့်ဓါတ် ချို့တဲ့ရင် အရသာကို အာရုံ ခံစားနိုင်စွမ်း ပမာဏကလည်း လျော့နည်းတတ်ပါတယ်။ ဇင့်ဓါတ် ချို့တဲ့ခြင်းဟာ ပါကစွန်ရောဂါနဲ့လည်း ဆက်စပ်တယ်။ ဇင့်ဓါတ် ချို့တဲ့ရင် ဆဲလ်ရဲ့ အဆိပ် ဖယ်ရှားစွမ်းအား ကျဆင်းလာစေနိုင်တယ်။ ဆေးလိပ်သောက်တာကလည်း ဇင့်ဓါတ် ချို့တဲ့မှု ဖြစ်စေတတ်တယ်။ အဲဒါဟာ ဆေးလိပ်သောက်သူတွေ အရသာ ပြင်းတဲ့ စားစရာကို ပိုကြိုက်တဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။

 

ရေခဲ လွန်ကဲစွာ ကြိုက်ရင်

ရေခဲကို လွန်ကဲစွာ ကြိုက်တဲ့လူဆိုရင် သွေးအားနည်းခြင်းနဲ့ သံဓါတ် ချို့တဲ့ခြင်းကို သတိထားသင့်တယ်။

အမေရိကန် သိပ္ပံပညာရှင်က၊ ရေခဲကို စွဲစွဲလမ်းလမ်း စားခြင်းဟာ လျှာ ထုံစေဖို့၊ သွေးအားနည်းခြင်းကြောင့် ဖြစ်စေတဲ့ ကိုက်တာ နာတာကို လျော့နည်းစေတဲ့ နည်းလမ်း တစ်မျိုးလို့ဆိုပါတယ်။ သံဓါတ် ချို့တဲ့ခြင်း ဝေဒနာ ခံစားနေသူအဖို့ ရေခဲရဲ့ အရသာဟာ လွန်စွာ ကောင်းမွန်ပါတယ်။ ဒါပေမယ့် အကြောင်းရင်းကိုတော့ ခုချိန်ထိ မသိရသေးဘူး။

   Webradio