• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျောက်တည်ရောဂါ ဖြစ်စေနိုင်တဲ့ အကျင့်ဆိုးများ-၁

(GMT+08:00) 2013-03-12 12:20:21

 

ရေသောက်တာ နည်းလွန်းအားကြီးဆိုရင် ကျောက်တည်ရောဂါ ဖြစ်စေနိုင်ဖွယ်ရာ အန္တရာယ် တိုးလာစေနိုင်တယ်။ ရေသောက်တာ နည်းရင်၊ ဆီးထဲက အက်ဆစ် ပမာဏ တိုးလာတတ်တယ်၊ ကယ်လ်ဆီယံဓါတ် အနည်ထိုင်မှုလည်း ဖြစ်စေတတ်တယ်၊ အချိန် ကြာတော့ ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်နိုင်မယ်။ နေ့စဉ် ဆီးပမာဏ မီလီမီတာ ၂၀၀၀ လောက် သွားအောင် ရေများများသောက်ပါလို့ ဆရာဝန်တွေက တိုက်တွန်းပါတယ်။

နံနက်စာ မစားတာဟာ ကျောက်တည်ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ နံနက်စာ မစားရင်၊ ဗိုက်ထဲမှာ အစားအစာ မရှိတဲ့အချိန် ကြာလွန်းအားကြီး ဆိုရင်၊ သည်းခြေရည် သိုလှောင်တဲ့အချိန် ကြာလွန်းတာမို့ ကိုလက်စထရော အနည်ထိုင်တတ်တယ်။ အဲဒါဟာ သည်းခြေ ကျောက်တည်ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၄၀ ကျော် အဝလွန်သူ အမျိုးသမီးက နံနက်စာ မစားရင် ကျောက်ကပ် ကျောက်တည်ရောဂါ ဖြစ်နှုန်းဟာ ရိုးရိုးသာမန်လူထက် ငါးဆ ပိုမြင့်တယ်လို့ သိရပါတယ်။

   Webradio