• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟော့ဒေါခ်

(GMT+08:00) 2012-03-28 13:49:50

 

    ဟိုရှေးရှေးတုန်းက အမေရိကန် နယူးယောက်မြို့ အားကစားကွင်းမှာ ဘိတ်စ်ဘော ဝါသနာအိုးတွေဟာ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင် ချမ်းနေကြပါတယ်။ စတီးဖင် ဆိုတဲ့ ဈေးသည် တစ်ယောက်က ပြောင်းဖူးပေါက်ပေါက်ကို ရောင်းနေတယ်။ ဒါပေမယ့် ရာသီဥတုက အေးနေလို့ လူတွေက ပြောင်းဖူးပေါက်ပေါက်ကို မုန့်ပဲသရေစအဖြစ် စားဖို့ စိတ်မပါဘူး ဖြစ်နေတယ်။ ဒီတော့ စတီးဖင်က ဝက်အူချောင်းတွေကို ဝယ်လာတယ်။ ဝက်အူချောင်းတွေကို အပူပေးပြီးတော့ ပေါင်မှုန့်ကြားထဲ ညှပ်လိုက်ပါတယ်။ အဲဒီလို ပူပူနွေးနွေး စားစရာမျိုးကို ပရိသတ်တွေက သိပ်စိတ်ဝင်စားတာပေါ့။ ဒုတိယနေ့ ရောက်တော့၊ ဒေသခံ နံနက်သတင်းစာထဲမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကာတွန်း ပန်းချီကား တစ်ကားကို ရေးဆွဲလာပါတယ်။ ပေါင်မှုန့်ပြားပြားလေးက ခွေးတစ်ကောင်ကို ကြားညှပ်ထားတာ ဖြစ်ပြီး အဲဒီခွေးလေးက ပူလွန်းအားကြီးလို့ လျှာတောင်ထွက်လာပြီလေ။ ဒီတော့ ဟော့နေတဲ့ခွေး ဒေါခ် ကာတွန်းဟာ ဟော့ လာနေပါတယ်၊ ပြီးတော့ ဟော့ဒေါ့ခ် အခေါ်အဝေါ်ကလည်း လိုက်ပြီးတော့ နာမည်ကြီးလာပါတယ်။

   Webradio