• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စိတ်ဖိစီးမှုဝေဒနာခံစားနေသော အမျိုးသမီးတွေ ကော်ဖီသောက်သင့်

(GMT+08:00) 2011-10-17 10:53:13

 

 

  နေ့စဉ်ကော်ဖီသောက်နေသည့်အမျိုးသမီးသည် ကော်ဖီမသောက်သော အမျိုးသမီးထက် စိတ်ဖိစီးမှုဝေဒနာ ခံစားနိုင်ဖွယ်ရာ နည်းသည်ဟု နောက်ဆုံးရ သုတေသနရလဒ်အရ သိရပါသည်။ သက်ဆိုင်ရာလေ့လာသူပညာရှင်များက ဆယ်နှစ် အချိန်ယူပြီး အမျိုးသမီး ငါးသောင်းကျော်တို့ရဲ့ ကျန်းမာရေးအခြေအနေကို လိုက်လံစုံစမ်း ခဲ့ပြီးနောက် ယင်းကဲ့သို့ဖေါ်ပြခြင်းပင်ဖြစ်ပါသည်။ ကော်ဖီမသောက်သူ သို့မဟုတ် ကော်ဖီ အသောက်နည်းသောအမျိုးသမီးများနှင့် နှိုင်းစာကြည်လျှင် နေ့စဉ် ကော်ဖီအနည်းဆုံး လေးခွက်သောက်သုံးသောအမျိုးသမီးဟာ စိတ်ဖိစီးမှုဝေဒနာ ခံစားနိုင်ဖွယ်ရာအန္တရာယ် အနည်းဆုံး ၂၀-ရာခိုင်နှုန်း လျော့နည်းနိုင်မည်ဟု ပညာရှင်များက လေ့လာတွေ့ရှိလိုက်ပါသည်။ အထက်ပါ သုတေသနပြုမှုကိုဦးစီးပြုလုပ်သော ဟားဗာတ်တက္ကသိုလ် ကူးစက်ရောဂါနှင့် အာဟာရပညာ ပါမောက္ခ အယ်ဘာတာ အယ်ရှ်လီယိုက ကော်ဖီထဲမှာပါရှိသည့် ကော်ဖီအင်ဓါတ်သည် လူခန္ဓာကိုယ်မှ အာရုံကြောဓါတ်ကူးပစ္စည်းများ ပိုမို သွက်လက် လာစေနိုင်ခြင်းဖြင့် စိတ်ဖိစီးမှု လျောပါးစေနိုင်သည်ဟု ပြောကြားပါသည်။

   Webradio