• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်းမြို့ရှိနာမည်ကျော်ရုခင်းသာနေရာများ

(GMT+08:00) 2011-10-16 17:50:19

 ၁)ထျန်အန်မင် ရင်ပြင်ကြီး

   ထျန်အန်မင် ရင်ပြင်ကြီးသည် ပီကင်းမြို့လယ်ခေါင်တွင် တည်ရှိပြီး အကျယ်အ၀န်းသည်

စတုရန်းမိတာပေါင်း ၄-သိန်း၎-သောင်းလောက်ရှိကာ ကမ္ဘာတွင် အကြီးဆုံးရင်ပြင်ကြီးဖြစ်

သည်။ထျန်အန်မင်ရင်ပြင်ကြီး၏အနောက်ဘက်တွင် ပြည်သူ့ခန်းမဆောင်၊အရှေ့ဘက်

တွင် တရုတ်တောင်လှန်ရေးပြတိုက်နှင့်တရုတ်သမိုင်းပြတိုက်၊တောင်ပိုင်းတွင် ဥက္ကဌ(မော်

စီတုန်း)အထိမ်းအမှတ်ပြတိုက် အသီးသီးရှိကြပါသည်။

 ၂) (ကုကုန်း)ရှေးဟောင်းနန်းတော်၊

   ကုကုန်းရှေးဟောင်းနန်းတော်သည် ကမ္ဘာ့အကြီးမားဆုံးအပြည့်စုံဆုံး ရှေးဟောင်းအ

ဆောက်အအုံဖြစ်ပြီး လူသားတို့၏အလွန်အဖိုးတန်သည့် ယဉ်ကျေးမှုအမွေအနစ်လည်းဖြစ်

ပါသည်။(မင်)မင်းဆက်နှင့်(ချင်း)မင်းဆက်ခေတ် ဘုရင်(၂၄)ပါးသည် စံနေတော်မူခဲ့ပြီး

သမိုင်းအမွေအနစ်ပစ္စည်း၁-သန်း၅-သောင်းရှိပါသည်။

၃)(ပေဟိုင်)ဥယျာဉ်

   ဟေဟိုင်ဥယျာဉ်သည် ပီကင်းမြို့လယ်ခေါင်တွင်တည်ရှိပြီး (ကုကုန်း)ရှေးဟောင်းနန်း

တော်၏အနောက်မြောက်ဘက်ဒေသမှာတည်ရှိကာ တရုတ်(မင်)မင်းဆက်၊(ချင်း)မင်းဆက်

ဘုရင်များ၏အပန်းဖြေဥယျာဉ်ဖြစ်ပါသည်။

၎)(ငှက်သိုက်)အမျိုးသားအားကစားကွင်းကြီး

(ငှက်သိုက်)အမျိုးသားအားကစားကွင်းသည် ၂၀၀၈-ခုနှစ်ပီကင်းအိုလံပစ်အဓိကအားက

စားကွင်းကြီးဖြစ်ပါသည်။၂၀၀၈-ခုနှစ်သြဂုတ်လ၈-ရက်နေ့က တကမ္ဘာလုံးက အာရုံစိုက်ကြ

သည့်ပီကင်းအိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကိုဒီနေရာမှာကျင်းပခဲ့ပါသည်။

ငှက်သိုက် အမျိုးသားအားကစားကွင်းကို Pritzker Architecture Prizeဆုရှင်(ဟယ်ဇိုကယ်

)၊(ဒယ်မေလုန်)နှင့် တရုတ်ဗီသုကာကြီး(လီရှင့်ကန်း)တို့က ပူးတွဲ ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး၊ငှက်

သိုက်တစ်ခုပုံနယ်တည်ဆောက်ထားခြင်းဖြစ်ပါသည်။

၅)(စီစန်းလင်း)ဂူင်္သချိုင်း

   (စီစန်းလင်း)ဂူင်္သချိုင်းသည် (မင်)မင်းဆက် ဘုရင်၁၃-ပါး၏ဂူင်္သချိုင်းဖြစ်ပါသည်။

(စီစန်းလင်း)ဂူင်္သချိုင်းသည် ပီကင်းမြို့အနောက်မြော်ကပိုင်း(ချန်ဖင်း)မြို့နယ်မှ(ထျန်းရှုတ်)

တောင်တွင်တည်ရှိပြီး အကျယ်အ၀န်း စတုရန်းကီလိုမီတာပေါင်း၁၂၀ကျော်ရှိပါသည်။

ယင်းဂူင်္သချိုင်းကို၁၄၀၉ခုနှစ်မှ ၁၆၄၄ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအထိ အနှစ်

၆၀၀သမိုင်းရှိကာ ကမ္ဘာ့အကြီးဆုံး ဘုရင်ဂူင်္သချိုင်းဖြစ်ပါသည်။

   Webradio