• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Roadသည် စီမံကိန်းကြီး ဖြစ်ရုံသာမကဘဲ အိပ်မက်များကို အကောင် အထည်ဖော်ပေးနိုင်ဟု အင်ဒို ဆိုင်ရာ တရုတ် သံအမတ်ကြီးဆို

(GMT+08:00) 2019-03-20 11:16:39

အင်ဒိုနီးရှား နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ရှောချမ်းက ယခုလ ၁၉ရက်နေ့က ဂျကာတာမြို့တော်တွင် ကျင်းပသော "တရုတ်နှင့် အင်ဒိုနီးရှားကို Belt and Road ဆက်စပ်ပေးခြင်း" နှီးနှောဖလှယ်ပွဲ၌ မိန့်ခွန်းပြောကြားရာတွင် Belt and Roadသည် နိုင်ငံ အသီးသီး အတွက် စီမံကိန်းကြီးကို ရေးဆွဲချမှတ်ပေးရုံသာမကဘဲ သာမန် မိသားစုနှင့် ပါဝင်ဆောင်ရွက်သူများ၏ အိပ်မက်များကို အကောင် အထည်ဖော်ပေးနိုင် ကြောင်းလည်း ပြောကြားခဲ့သည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ရှောချမ်းက လွန်ခဲ့သည့် ၅နှစ်ကျော် အတွင်း Belt and Roadသည် အင်ဒိုနီးရှား အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ကြဉ်းလာသည့် အပြင်၊ အခွင့်ကောင်း၊ တိုးတက်မှု၊ မျှော်လင့်ချက်နှင့် အိပ်မက်များကိုလည်း ဆောင်ကြဉ်း လာကြောင်း၊ Belt and Roadသည် ယနေ့ခေတ်တွင် အကြီးမားကျယ်ပြန့်ဆုံး ပူးပေါင်းဆောင်ရွက်ရေး ကြံဆချက် ဖြစ်ပြီး အကြီးမြတ်ဆုံး ပြည်သူ့ စားဝတ်နေရေး လုပ်ငန်း အစီအစဉ်လည်း ဖြစ်ကြောင်း ပြောကြားသည်။

   Webradio