• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စင်ကာပူ ဘဏ္ဍာရေး ဘတ်ဂျက်တွင် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး အပေါ် အလေးထား

(GMT+08:00) 2019-03-19 10:52:33

စင်ကာပူ နိုင်ငံ သမ္မတ ဟာလီမတ်က မကြာခင်က အစိုးရ ငွေထုတ်ပေးရေး ဥပဒေ မူကြမ်းကို အတည်ပြုခဲ့ကြောင်း၊ ယင်းသည် ၂၀၁၉ခုနှစ် စင်ကာပူ ဘဏ္ဍာရေး ဘတ်ဂျက် ဥပဒေ တရားဝင် အာဏာတည်ခြင်းကို ဖော်ပြနေကြောင်း တရုတ် စီးပွားရေး နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။

၎င်းဘဏ္ဍာရေး ဘတ်ဂျက် ဥပဒေတွင် လုံခြုံစိတ်ချရသော အိမ်ရာ တည်ထောင်ရေး၊ လူမှုရေး အာမခံမှု၊ ပြည်သူတို့၏ စားဝတ်နေရေးနှင့် သက်သာချောင်ချိရေး၊ နိုင်ငံခြားရေးနှင့် နိုင်ငံတော် ကာကွယ်ရေး တိုးမြှင့်ခြင်းစသည်များ ပါဝင်သည့် အပြင်၊ အစိုးရမှ တင်ပြထားသော လာမည့် ၃နှစ် အတွင်း စင်ကာပူ ဒေါ်လာ ၄့၆ဘီလီယံ ထုတ်ပေးမည့် သက်ဆိုင်ရာ စီးပွားရေး ဆောင်ရွက်ချက်သစ်များ လက်တွေ့ဖော်ဆောင်ရေးလည်း ပါဝင်ကြောင်း၊ ယင်းဆောင်ရွက်ချက်သစ်များကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်း ကုမ္ပဏီများ၏ စွမ်းဆောင်မှု တိုးမြှင့်ရေးကို ကူညီပံ့ပိုးနိုင်ပြီး စင်ကာပူကို အာရှ အပါအဝင် တစ်ကမ္ဘာလုံးတွင် သိပ္ပံနည်းပညာ၊ ဆန်းသစ်တီထွင်ရေး အချက်အချာ ဖြစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဆန်းသစ်တီထွင်ရေးသည် စင်ကာပူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီး တွန်းအားပေးမှု ဖြစ်ကြောင်း၊ စင်ကာပူ အစိုးရသည် စတုတ္ထအကြိမ် စက်မှု လုပ်ငန်း တော်လှန်ရေးမှ ဆောင်ကြဉ်းလာသော အခွင့်ကောင်းများကို အလွန် အလေးထားကြောင်း၊ လာမည့် ၃နှစ် အတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်တိုးမြှင့်ရေးကို တွန်းအားပေးရန် အတွက် စင်ကာပူ အစိုးရသည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး၊ လုပ်ငန်းကုမ္ပဏီ ပြုပြင်ပြောင်းလဲရေးနှင့် တစ်ဦးချင်း ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ် ၃ခုကို အလေးထားဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

   Webradio