• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းဒုဝန်ကြီးချုပ်ဟောင်းပီနီသည် တရုတ်ပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်နှစ်ပတ်လည်အစည်းအဝေးကို မြင့်မားစွာဝေဖန်သုံးသပ်

(GMT+08:00) 2019-03-17 10:16:26

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေးကို မတ်လ ၁၅ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း၊ ထိုင်း-တရုတ် ယဉ်ကျေးမှု တိုးမြှင့်ရေးကော်မတီဥက္ကဋ္ဌ ပီနီ သည် ယခုနှစ်အစည်းအဝေးမှ အများအာရုံစူးစိုက်သော အကြောင်းအရာအချို့နှင့်ပတ်သက်၍ စီအာအိုင်သတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံခဲ့သည်။ ၄င်းက အစည်အဝေးကို မြင့်မားစွာ ဝေဖန်သုံးသပ်ခဲ့သည်ဟု သိရသည်။

ပီိနီက မိမိအနေနှင့် Belt & Road ကို အာရုံစူးစိုက်ဆုံးဖြစ်ပြီး ယခုနှစ်၏ အစိုးရလုပ်ငန်း အစီရင်ခံစာတွင် Belt & Road ကို အကြိမ်ပေါင်းများစွာ ပြောကြားခဲ့သကဲ့သို့ သတင်းစာရှင်းလင်းပွဲများမှာလည်း Belt & Road သည် နိုင်ငံခြားမီဒီယာများ အာရုံစူးစိုက် ဆုံးသော အကြောင်းအရာတစ်ခုဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် Belt & Road တစ်လျှောက် ရှိနိုင်ငံဖြစ်သည့်အတွက် မိမိသည် ယင်းအကြောင်းအရာကို ပိုမိုအာရုံစိုက်ကြောင်း ပြောကြားသည်။

ပီနီက Belt & Road ကမ်းလှမ်းချက်သည် တစ်ကမ္ဘာလုံး နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက် ရေးအောင်မြင်မှုကို အတူ မျှဝေခံစားစေသော မြင့်မြတ်သည့် ကမ်းလှမ်းချက်ဖြစ်ပြီး နိုင်ငံအသီးသီး နယ်ပယ်အများအပြားတွင် အပြန်အလှန်ဆက်သွယ်စေကြောင်း ပြောကြားသည်။

   Webradio