• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်အစိုးရလုပ်ငန်း အစီရင်ခံစာ နေရာ ၈၃ နေရာ ပြင်ဆင်ပြီး၊ "ပြုပြင်ပြောင်းလဲရေး" ဟူသော ဝေါဟာရ ၁၀၉ ကြိမ် ပေါ်ထွက်

(GMT+08:00) 2019-03-16 09:40:26

ယခုလ ၁၅ ရက်နေ့က ကျင်းပပြီးစီးခဲ့သော ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေးတွင် အစိုးရလုပ်ငန်း အစီရင်ခံစာကို အတည်ပြုပြီး၊ အစီရင်ခံစာမှ တင်ပြထားသော ၂၀၁၉ ခုနှစ် စီးပွါးရေး လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် စီမံကိန်းများ၊ မူဝါဒဦးတည်ချက်များနှင့် အဓိက လုပ်ငန်းတာဝန်များကို သဘောတူ အတည်ပြုလိုက်ပါသည်။ ၁၅ ရက်နေ့ ညနေပိုင်းက အစိုးရလုပ်ငန်း အစီရင်ခံစာ ရေးဆွဲချမှတ်ရေးအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ သုတေသနရုံး ဒုဥက္ကဋ္ဌ ကိုဝေက၊ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များနှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ကော်မတီဝင်များ တင်သွင်းသော အဆိုပြုချက်များကို ထည့်သွင်း စဉ်းစားပြီး အစီရင်ခံစာ နေရာ ၈၃ နေရာကို ပြင်ဆင်ခဲ့ကြောင်း၊ ပြင်ဆင်ပြီး အစီရင်ခံစာတွင် "ပြုပြင်ပြောင်းလဲရေး" ဟူသော ဝေါဟာရ ၁၀၉ ကြိမ် ပေါ်ထွက်ပြီး စံချန်သစ် တင်နိုင်ခဲ့ကြောင်း ပြောကြားပါသည်။

   Webradio