• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေး ဥပဒေ ထုတ်ပြန်၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး သန္နိဋ္ဌာန် ပြသ

(GMT+08:00) 2019-03-16 09:28:15

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပီကင်း၌ ကျင်းပ ပြီးစီးခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံခြားကုန်သည်များ ရင်းနှီးမြှုပ်နှံရေး ဥပဒေကို မဲပေး အတည်ပြုခဲ့ပါသည်။ ယင်းဥပဒေကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင် ကျင့်သုံးမည်ဟု သိရပါသည်။ ဥပဒေတွင်၊ နိုင်ငံခြား ကုန်သည်များ ရင်းနှီးမြှုပ်နှံမှု ဈေးကွက် ဝင်ခွင့်ပြုရေး၊ ဖွံ့ဖြိုးရေး၊ ထိန်းသိမ်းကာကွယ်ရေး၊ စီမံခန့်ခွဲရေး စသည့်အကြောင်းများကို သတ်မှတ်ထားပြီး၊ တရုတ်ပြည်၏ အမျိုးအစားသစ် နိုင်ငံခြား ကုန်သည်များ ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာ ဥပဒေ အခြေခံ မူဘောင်ကို ချမှတ်ထားပါသည်။

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ လိကျမ့်ရှူးက၊ အစည်းအဝေးတွင် စိစစ် အတည်ပြုခဲ့သော နိုင်ငံခြား ကုန်သည်များ ရင်းနှီးမြှုပ်နှံရေး ဥပဒေသည် ခေတ်သစ်တွင် အရည်အချင်း မြင့်မားသော တံခါးဖွင့်ရေး တွန်းအားပေးခြင်း ဆိုင်ရာ အခြေခံ ဥပဒေ တစ်ရပ် ဖြစ်ကြောင်း၊ မိမိတို့သည် ဘက်စုံ အကောင်အထည် ဖေါ်ဆောင်ပြီး အရည်အချင်း မြင့်မားသော တံခါးဖွင့်ရေးဖြင့် စီးပွါးရေး အရည်အချင်း မြင့်မားစွာ တိုးတက်ခြင်းကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio